Hot News

Music သံတွေကြား မြူးတူးကခုန်နေတဲ့ DJ Soda ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးများကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

ပုရိသတွေကြားမှာ အရမ်းကို နာမည်ကြီးတဲ့ အမျိုးသမီး DJ တစ်ယောက်ရှိပါတယ်။DJ ဆိုတာနဲ့ ပုရိသ တော်တော် များများ ပြေးမြင်မိကြတဲ့ သူလေးကတော့ DJ Soda ပါ။သူမရဲ့ Cute နဲ့ Sexy ပေါင်းထားတဲ့ အလှ၊တက်ကြွ လန်းဆန်းတဲ့ ပုံစံနဲ့ သူမရဲ့ အမိုက်စား DJ လက်ရာသံလေးတွေကြောင့် နာမည်ကြီးနေတာပါ။

DJ Soda ကိုတော့  (၁ ၉၈၈)ခုနှစ်မှာ တောင်ကိုရီးယား၊ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာပါ။သူမရဲ့ ပြင်ပရုပ်ရည်ကြောင့် တော်တော် များများက သူမကို (၂၀) ကျော်လောက်လို့ သာ ထင်ရပေမယ့် တကယ်တော့ သူမရဲ့ အသက်က (၃၀) ကျော်ပါပြီ။

DJ Soda ဟာ  ဆိုးလ်၊တိုကျို၊ လန်ဒန်နဲ့နယူးယော့ခ်၊ဘန်ကောက်၊ကွာလာလမ်ပူ၊စင်ကာပူ အစရှိတဲ့ နိုင်ငံတွေ အပြင် ပြည်ပနိုင်ငံတော်တော်များများရဲ့ Music ပွဲတွေ မှာ ပါဝင် ဖျော်ဖြေပေးနေသူတစ်ယောက်ပါ။မြန်မာနိုင်ငံကိုလည်း လာ ရောက်ခဲ့ဖူးပါတယ်။နာမည်အရင်းကတော့ Hwang So Hee ပါ။

DJ Soda ကတော့ အမေရိကန် ဖလော်ရီဒါမှာ ကျင်းပပြုလုပ်တဲ့ 2017 MLB All-Star Week Festivities မှာ ပါဝင် ရင်းနဲ့ နာမည်ကြီးလာခဲ့သူပါ။ သူမက အဲ့ဒီပွဲမှာတော့ ကိုရီးယားနိုင်ငံ ကိုယ်စားပြု အဖြစ်နဲ့ ပါဝင် ပေးခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာတော့ ပြည်ပ Music ပွဲတွေ တိုင်းမှာ သူမကို တွေ့လာရတာပါ။DJ Soda ဟာ Great Britain ရဲ့ နာမည်ကြီး BBC Radio show မှာ ပါဝင် ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး ကိုရီးယား အနုပညာရှင်ပါ။

လူလေးတင်မကပဲ စိတ်ထားလေးပါ လှတဲ့ သူမဟာ (၂၀၁၆) တုန်းက အမျိုးသမီးတွေ ရာသီလာရင် သုံးတဲ့ Tampon ပစ္စည်းတွေ ၀ယ်ဖို့ မတတ်နိုင်တဲ့ မိန်း ကလေးတွေ ကို ကူညီပေးတဲ့ ဖျော်ဖြေပွဲတစ်ခုကို သူမရဲ့ ရသမျှ ၀င်ငွေ တွေ အကုန်လုံး လှူဒါန်း  ပေးခဲ့ ဖူးပါတယ်။

Source : Koreaboo

Unicode Font :






Source : Koreaboo

Comment here