Celebrity

တစ်သက်မှာ တစ်ခါတော့ အလှဆုံးဖြစ်ချင်တယ်ဆိုတဲ့ စံရတီမိုးမြင့်

Zawgyi Font:


Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)


Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)



Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)

Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)


Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)


 

Zawgyi Font:

ဝဖြိုးဖြိုးခန္ဓာကိုယ်လေးနဲ့ အသံချိုချိုလေးကြောင့် ပရိသတ်များ ချစ်ခင်ပြီး အားပေးရတဲ့ ပြည်သူချစ်အနုပညာရှင်မလေးဖြစ်တဲ့ စံရတီမိုးမြင့်က အလွန်သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးလေး ဖြစ်ပါတယ်။ စံရတီမိုးမြင့်က ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်လေးကို ကိုယ်အလေးချိန်ချလိုက်ပြီး အခုဆိုရင် ကျစ်လစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ အရင်ကထက် ပိုလှလာတာကို တွေ့ရပါတယ်။

ကြေငြာလေးများကို လက်ခံရိုက်ကူးဖြစ်နေတဲ့ စံရတီမိုးမြင့်က လတ်တလောမှာတော့ မြန်မာထိုင်မသိမ်းလေးနဲ့ ကျက်သရေရှိစွာ လှနေတဲ့ ပုံစံလေးနဲ့ ဓာတ်ပုံရိုက်ကူးရေး ပြုလုပ်ခဲ့ပါတယ်။ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးက စမတ်ကျလှပစေတဲ့ မြန်မာဝတ်စုံလေးနဲ့ အလွန်လိုက်ဖက်လှပြီး အရမ်းကို လှပနေခဲ့ပါတယ်။ အဆင်တန်ဆာလေးများကလည်း မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်တာကြောင့် ပြီးပြည့်စုံစွာ လှနေခဲ့ပါတယ်။

စံရတီမိုးမြင့်က မိန်းမတွေက တစ်သက်မှာ တစ်ခါတော့ အလှဆုံးဖြစ်ချင်ကြတဲ့ သူတွေချည်းဆိုသလို သူမလည်း အပါအဝင်ပါပဲဆိုပြီး ကျက်သရေရှိတဲ့ ပုံလေးများကို ပြန်လည်မျှဝေခဲ့ပါတယ်။

“မိန်းမတွေဟာတစ်သက်မှာတစ်ခါတော့အလှဆုံးဖြစ်ချင်ကြတဲ့လူတွေချည်းပါပဲ.. ကိုယ်လဲအပါအဝင်ပေါ့.. ချစ်တဲ့သူကလဲ ကိုယ့်ချစ်သူကိုဒီလိုအချိန်မှာအလှဆုံးမြင်ချင်ကြတာလဲသဘာဝပါ.. အလှဆုံးလေးတွေဖြစ် ဖို့အဆင်သင့်ဖြစ်ကြပြီလား.. 💫” ဆိုပြီး ရေးသားခဲ့ပါတယ်။

ပရိသတ်အားလုံးကလည်း သူမရဲ့ ကျက်သရေရှိတဲ့ အလှတရားများကို ချီးမွမ်းခဲ့ကြပါတယ်။ ဇီးကွက်ပရိသတ်ကြီးရော .. စံရတီမိုးမြင့်ရဲ့ပုံလေးတွေကို သဘောကျတယ်ဆိုရင် Like & Share ခဲ့နော်။

Source : San Yati Moe Myint Facebook

Comment here