Celebrity

သိမ်မွေ့ငြိမ့်ညောင်းတဲ့ အလှတရားများနဲ့ ကျက်သရေရှိစွာ လှပနေတဲ့ စံရတီမိုးမြင့်

Zawgyi Font:


Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)


Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)


Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)


Photo : Aung Zaw (lovespace) Nyi Nyi Hla Baw (Love Space)


 

Unicode Font:

ပြည်သူချစ်အနုပညာရှင်မလေးဖြစ်တဲ့ စံရတီမိုးမြင့်က ဝဖြိုးဖြိုးခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ခဲ့ပြီး ချစ်စဖွယ်ကောင်းတဲ့ သရုပ်ဆောင်ပုံလေးများကြောင့် ပရိသတ်များက ချစ်ခင်ခဲ့ကြပါတယ်။ စံရတီမိုးမြင့်က ခန္ဓာကိုယ်ထိန်းသိမ်းရေးများနဲ့ ကျန်းမာရေးများကို လိုက်စားဖြစ်တာကြောင့် အခုဆိုရင် ကျစ်လစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ အရင်ကထက် ပိုလှလာတာကို တွေ့ရပါတယ်။

ကြေငြာလေးများကို လက်ခံရိုက်ကူးဖြစ်နေတဲ့ စံရတီမိုးမြင့်က လတ်တလောမှာတော့ မြန်မာထိုင်မသိမ်းလေးနဲ့ ကျက်သရေရှိစွာ လှနေတဲ့ ပုံစံလေးနဲ့ ဓာတ်ပုံရိုက်ကူးရေး ပြုလုပ်ခဲ့ပါတယ်။ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးက စမတ်ကျလှပစေတဲ့ မြန်မာဝတ်စုံလေးနဲ့ အလွန်လိုက်ဖက်လှပြီး အရမ်းကို လှပနေခဲ့ပါတယ်။

စံရတီမိုးမြင့်ကလည်း သူမရဲ့အလှပုံရိပ်လေးများကို သဘောကျတာကြောင့် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ပရိသတ်အားလုံးက သူမရဲ့ ကျက်သရေရှိတဲ့ အလှတရားများကို ချီးမွမ်းခဲ့ကြပါတယ်။

စံရတီမိုးမြင့်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများကို ရိုက်ကူးတာနည်းပေမယ့် ရုပ်ရှင်ဇာတ်ကားများစွာနဲ့ သီချင်း MTV များမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က လတ်တလောမှာတော့ ကြေငြာများကို ရိုက်ကူးနေပြီး ပွဲအခမ်းအနားများကို တက်ရောက်ဖြစ်နေခဲ့ပါတယ်။ ချစ်စဖွယ်ကောင်းတဲ့ စကားပြောပုံလေးနဲ့ အပြုအမူလေးများကြောင့် စံရတီမိုးမြင့်ဟာ ပရိသတ်ချစ်တဲ့ အနုပညာရှင်မလေး ဖြစ်ခဲ့ပါတယ်။

Source : San Yati Moe Myint Facebook

Comment here