Knowledge

လေယာဉ်ပျံနဲ့ ပတ်သက်ပြီး ခရီးသည်တွေ မှားယွင်းစွာ ထင်မှတ်ထားတဲ့ အယူအဆများကို ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

အခုခေတ်မှာ ခရီးသွားအတော်များများဟာ ကုန်းလမ်းခရီးထက် ဝေဟင်ခရီးကို ပိုမိုအားပြုလာရပြီဖြစ်ပါတယ်။ လေ ယာဉ်နဲ့ခရီးသွားတာဟာ ကားနဲ့ခရီးသွားတာထက် ပိုမိုအန္တရာယ်ကင်းတယ်လို့လည်း အချက်အလက်တွေက ဆိုနေပါ တယ်။ ဒါပေမဲ့ တချို့ခရီးသွားတွေဆီမှာ လေယာဉ်ပျံနဲ့ပတ်သက်ပြီး မှားယွင်းနေတဲ့ အယူအဆတွေ ရှိနေပါသေး တယ်။ ဘာတွေလည်းဆိုတော့….

(၁) ပြတင်းပေါက်မှာ အပေါက်ဖြစ်တာနဲ့ လေယာဉ်ပေါ်ကလူတွေအားလုံး စုပ်ယူခံရမယ်

ဟောလိဝုဒ်အက်ရှင်ကားတွေထဲမှာ လေယာဉ်ပြတင်းပေါက်ကို ကျည်ဆံမှန်တာကနေ လေယာဉ်ထဲကလူတွေအကုန် လေထဲလွှင့်ထွက်ကုန်တာ တွေ့ဖူးမှာပါ။ တကယ်က လေယာဉ်ပြတင်းပေါက်တွေမှာ နဂိုကတည်းက အပေါက်ပါပြီး သားပါ။ အဲဒီအပေါက်လေးတွေက လေယာဉ်အတွင်းက လေထုဖိအားကို အပြင်နှင့်ညှိပေးဖို့ ထားတာဖြစ်ပြီး ရုပ်ရှင်တွေထဲကလို လုံးဝဖြစ်မှာမဟုတ်ပါဘူး။

(၂) မိုဘိုင်းလ်ဖုန်းတွေသုံးခြင်းက လေယာဉ်ကို ပျက်ကျစေမယ်

လေယာဉ် တက်ချိန်၊ ဆင်းချိန်တွေမှာ မိုဘိုင်းလ်ဖုန်းတွေကို ပိတ်ထားဖို့ လေယာဉ်ဝန်ထမ်းတွေ သတိပေးတာကို ကြား ဖူးကြမှာပါ။ မိုဘိုင်းလ်ဖုန်းတွေကထုတ်လွှတ်တဲ့ ရေဒီယိုလှိုင်းတွေက လေယာဉ်ရဲ့စနစ်ကို အနှောင့်အယှက်ဖြစ်နိုင်ပေ မဲ့ အရမ်းကြီး ဆိုးဆိုးရွားရွားမဟုတ်ပါဘူး။ တကယ်က လေယာဉ်တက်ချိန်၊ ဆင်းချိန်တွေမှာ စီးနှင်းသူတွေရဲ့ အာရုံကို ဝန်ထမ်းတွေနဲ့ လေယာဉ်ဆီမှာသာ ရှိနေအောင်လို့သာ ဖုန်းပိတ်ခိုင်းထားတာပါ။ အရေးကြုံလို့ မတော်တဆမှု တခုခု ဖြစ်ခဲ့ရင် ဖုန်းသုံးနေတာနဲ့ပဲ ညွှန်ကြားချက်တွေကို မသိလိုက်ရတာ မဖြစ်အောင်လို့ပါ။

(၃) လေယာဉ်အိမ်သာက အညစ်အကြေးတွေကို ပျံသန်းနေတုန်း စွန့်ပစ်တယ်

လေယာဉ်အိမ်သာထဲက အညစ်အကြေးတွေကို ပျံသန်းနေတုန်း စွန့်ပစ်တယ်လို့ တချို့ကထင်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူတွေများ လေယာဉ်က အညစ်အကြေးတွေ လာစင်တယ်လို့ ပြောတာကြားဖူးပါသလဲ။ တကယ်က လေယာဉ် အိမ်သာက အညစ်အကြေးတွေကို သိမ်းတဲ့နေရာသီးသန့်ရှိပြီး လေဆိပ်တွေမှာ သန့်ရှင်းရေးလုပ်ကြတာပါ။

(၄) လေယာဉ်ထဲက လေတွေက ရောဂါပိုးတွေကို ပျံ့နှံ့လွယ်စေတယ်

လေယာဉ်စီးရင်း ဖျားနေတဲ့သူပါလာလို့ အဖျားကူးသွားတယ်ဆိုတဲ့ စကားတွေကို မယုံပါနဲ့။ တကယ်က လေယာဉ်တွေ ဟာ အတွင်းပိုင်းကလေကို (၃)မိနစ်တခါ လဲလှယ်သန့်စင်ပေးတဲ့ စနစ်တွေ တပ်ဆင်ထားသလို၊ ဆေးရုံတွေမှာ သီးသန့်သုံးတဲ့ လေသန့်စင်တဲ့ စနစ်နဲ့ လေကို ပြန်လည်သန့်စင် စစ်ထုတ်ပေးတာကြောင့် ဘက်တီးရီးယား (၉၅) ရာခိုင်နှုန်းလောက်ကို စစ်ထုတ်ပေးနိုင်ပါတယ်။

(၅) လေယာဉ်မှူးတွေမှာ လေထီးရှိတယ်

လေယာဉ်လိုင်းတွေမှာ ခရီးသည်အားလုံးအတွက် လေထီးမရှိပါဘူး။ ဒါပေမဲ့ ခရီးသည်တွေကတော့ လေယာဉ်မှူး တွေဆီမှာ လေထီးရှိတယ်လို့ ထင်ကြပါတယ်။ မမှန်ပါဘူး။ လေယာဉ်မှူးတွေရော၊ လေယာဉ်ဝန်ထမ်းတွေကော ဘယ်သူ့ကိုမှ လေထီးမပေးထားပါဘူး။ တကယ်က လေယာဉ်မှူးတွေဟာ လေယာဉ်တခုခုဖြစ်ရင် မြေပြင်ပေါ်ကို ဘေး မသီ ရန်မခ ဆင်းသက်နိုင်ဖို့အတွက်ပဲ အားစိုက်ထားကြတာပါ။

(၆) Auto Pilot နဲ့ လေယာဉ်မောင်းလို့ရတယ်

ဒါကလည်း ရုပ်ရှင်တွေထဲက အကြောင်းတွေကို အမှန်ထင်ကြတာပါ။ တကယ်က Auto Pilot ဆိုတာ လေယာဉ်ရဲ့ GPS လို system တွေကို လေယာဉ်မှူးတွေ ကိုယ်စား ထိန်းကျောင်းပေးတာမျိုးပါပဲ။ Auto Pilot ကို on ထားရင် တောင် လေယာဉ်မှူး (၂)ယောက် အနက် (၁)ယောက် လေယာဉ်ကို အချိန်ပြည့်ထိန်းချုပ်ပျံသန်းနေတာပါ။

(၇) လေယာဉ်ပျံသန်းနေတုန်း မိုးကြိုးပစ်ခံရရင် လေယာဉ်ပျက်ကျမယ်

အမှန်တကယ်တော့ ရာသီဥတုဆိုးရွားနေတဲ့အခါ လေယာဉ်တိုင်းနီးပါး ပျံသန်းနေရင်း မိုးကြိုးပစ်ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ လေယာဉ်တွေရဲ့ အပြင်ကိုယ်ထည်မှာ မိုးကြိုးကလာတဲ့ လျှပ်စီးကို လေယာဉ်အပြင်မှာပဲ စီးဆင်းစေအောင် ပြုလုပ် ထားပြီးသားပါ။ လေယာဉ်စီးနေတဲ့သူတွေ မိုးကြိုးထိမှန်းတောင် မသိလိုက်စေရပါဘူး။

(၈) သင်ထားခဲ့တဲ့ အမှိုက်တွေကို လေယာဉ် မောင်/မယ်တွေက သိမ်းပေးတယ်

တကယ်က လေယာဉ်အားလုံးက တနေ့ကို တကြိမ်သာ သန့်ရှင်းရေး သေချာလုပ်ကြတာပါ။ သင်စီးမယ့် ထိုင်ခုံမှာ အမှိုက် ကင်းစင်နေတာ အရှေ့က ထိုင်သွားတဲ့သူရဲ့ စည်းကမ်းရှိမှုကြောင့်ဖြစ်ရတာ ပိုများပါတယ်။ သင်ကိုယ်တိုင်လည်း သန့် ရှင်းတာကြိုက်ရင် တပါးသူလည်း သန့်ရှင်းတာကြိုက်မယ်ဆိုတာ သတိပြုပါ။ ‘Leave it better than you found it’

၉) အောက်စီဂျင်မျက်နှာဖုံးတွေက အသုံးမဝင်ပါဘူး

မှားပါတယ်။ လေယာဉ်က အမြင့်ပေ (၃)သောင်းအထက်မှာ ပျံသန်းနေတုန်း အကြောင်းတခုခုကြောင့် လေယာဉ်အ တွင်းက လေဖိအားလျော့ကျသွားရင် အသက်ရှူဖို့ အောက်ဆီဂျင် လိုမှာပါ။ အောက်စီဂျင် ကောင်းကောင်းရနိုင်မဲ့ ပေ (၁)သောင်းအထိ လေယာဉ်နိမ့်ဆင်းမသွားခင် သတိမေ့မသွားချင်ဘူးဆိုရင် အောက်စီဂျင်မျက်နှာဖုံးက လေကိုရှူမှ ဖြစ်မှာပါ။

(၁၀) အင်ဂျင်ပျက်တာနဲ့ လေယာဉ်ပျက်ကျမယ်

လေယာဉ်အင်ဂျင်တွေက အဓိကအားဖြင့် လေယာဉ်ကို မြေပြင်ကနေ ဝေဟင်ကိုတက်တဲ့အချိန်မှာ အဓိကသုံးရတာ ပါ။ သတ်မှတ်အမြင့်ပေကိုရောက်သွားရင် အရှိန်အတွက်ကလွဲရင် အင်ဂျင်က လေထဲပျံနေဖို့ အလုပ်လုပ်စရာမလိုပါ ဘူး။ လေယာဉ်ဟာ Glider လိုပဲ လေဟုန်စီးနေတာမလို့ အင်ဂျင်ပျက်သွားရင်တောင် လေယာဉ်မှူးတွေက လေယာဉ် ကိုဆင်းသက်နိုင်ပါသေးတယ်။ ဆင်းသက်ရမဲ့နေရာကသာ အပျက်အစီးကို ဖြစ်ပေါ်စေတာပါ။

(၁၁) အရေးပေါ်တံခါးကို လေယာဉ်ပျံနေတုန်း ဖွင့်နိုင်တယ်

တကယ်လို့ သင်ဟာ Superman တို့ Hulk တို့လို Superhuman Strength ရှိနေရင်တော့ ဒီအချက်ကဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ သာမန်လူတယောက်အတွက်ကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ပျံသန်းနေတဲ့ လေယာဉ်ရဲ့ အတွင်းနဲ့အပြင် လေဖိအားမတူညီတာကြောင့် အရေးပေါ်တံခါးက အားအရမ်းသုံးပြီးမှ ဖွင့်ရမှာကြောင့် ပါ။ (တခါတလေ စတော်ဘယ်ရီယိုဘူးကို ဖွင့်မရတဲ့ သဘောတရားနဲ့ အတူတူပါပဲ)

Source : Insider

Photo : Anugrah Lohiya

Unicode Font :
























Source : Insider

Photo : Anugrah Lohiya

Comment here