Celebrity

ကောလဟာလထွက်နေသလို ချစ်သူက မင်းသားထဲကမဟုတ်ဘူးလို့ ငြင်းလိုက်တဲ့ အိချောပိုအကြောင်း…..

Zawgyi Font :

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ အိချောပိုကတော့ ရုပ်ရှင်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေတဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှာမှုတွေကို မနားတမ်းပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အလျောက် အိချောပိုကတော့ ကောလဟာလတွေ ဝေဖန်မှုတွေနဲ့ လည်း ကြုံတွေ့နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo : Ei Chaw Po fb
Photo : Ei Chaw Po fb
Photo : Ei Chaw Po fb

သူမကတော့ ဒီကနေ့မှာ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ ကောလဟာလတစ်ခုကို ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပါတယ်။ အိချောပိုက အနုပညာလောကထဲက တစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး  ဖေစ်ဘုတ်ပေါ်မှာ အခုလိုတင်ပေးထားတာဖြစ်ပါတယ်။

အိချောပိုကတော့ သူမရဲ့ ချစ်သူက မင်းသားထဲကလည်း မဟုတ်သလို မော်ဒယ်လည်း မဟုတ်ဘူးလို့ ပရိသတ်တွေကို ဖြေရှင်းလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိချောပိုကတော့ သူမရဲ့ အချစ်ရေး အဆင်တပြေရှိနေတဲ့အကြောင်းကို ပြောထားပါသေးတယ်။ အိချောပိုရဲ့ အချစ်ရေးကို စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source : Ei Chaw Po fb

Photo : Ei Chaw Po fb

Unicode Font :




Source : Ei Chaw Po fb

Photo : Ei Chaw Po fb

 

Comment here