Celebrity

ေမြးေန႕မွာ ကိုယ္တုိင္ကိုယ္က် ေခၽြးထြက္ေအာင္ အလွဴအတန္းေတြ ျပဳလုပ္ခ့ဲတဲ့ ေဖြးစိန္ေလး

Zawgyi Font:

ယေန႕ ၾသဂုတ္လ (၉) ရက္ေန႕က ျပည္သူခ်စ္ ေဖြးစိန္ေလးရဲ႕ အသက္ (၃၁) ႏွစ္ျပည့္ ေမြးေန႕ေလးျဖစ္ၿပီး ေမြးေန႕မွာ အလိုခ်င္ဆံုး ရိုးရွင္းတဲ့ စိတ္ခ်မ္းသာမႈေတြ ရခဲ့တာေၾကာင့္ ေဖြးစိန္ေလးတစ္ေယာက္ ၾကည္ႏူးေပ်ာ္ရႊင္ခဲ့ပါတယ္။ ရိုးရွင္းတဲ့ သူမရဲ႕ေမြးေန႕ေလးကလည္း ျမင္သူတိုင္းကို ၾကည္ႏူးေစခဲ့ၿပီး အလွဴအတန္းရက္ေရာမႈမ်ားေၾကာင့္လည္း ပရိသတ္မ်ားက လြန္စြာခ်ီးက်ဴးခဲ့ပါတယ္။

Photo : Amazing Grace

Photo : Amazing Grace

ေဖြးစိန္ေလးက ေခၽြးတဒီးဒီးက်တဲ့အထိ သူမကိုယ္တုိင္ ျပင္ဆင္လွဴဒါန္းခဲ့ၿပီး သူမရဲ႕ရိုးရွင္းတဲ့ အလွဴေလးအတြက္ ေက်နပ္ပီတိျဖစ္ခဲ့ပါတယ္။

“My Simple Birthday ❣”ဆုိၿပီး ယေန႕ရဲ႕ ေမြးေန႕အမွတ္တရပံုေလးမ်ားကို သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ တင္ခဲ့ပါတယ္။

Photo : Amazing Grace

Photo : Amazing Grace

Photo : Amazing Grace

ေဖြးစိန္ေလးက အေဖနဲ႕ အေမ ခ်က္ေပးခဲ့တဲ့ သီစံုပဲကုလားဟင္းနဲ႕ လူ (၅၀၀) စာအတြက္ လွဴခဲ့ၿပီး “သူစိမ္းအိမ္” အႏုပညာရွင္မ်ားကလည္း မနက္အေစာၾကီးထဲက ျပင္ဆင္ကူညီေပးခဲ့ၾကပါတယ္။ ဒါ့အျပင္ ေဖြးေဖြးက “စာအိတ္ေလးေတြထဲမွာ ၁ေသာင္းစီထဲ့ၿပီး အိတ္ ၁၀၀ ေဝျဖစ္ပါတယ္ မာမီကြတ္ခိုးကိုးရာမဲ့ ကိုယ္ဝန္ေဆာင္မ်ား ေစာင့္ေရွာက္ေရးကို ၁၁သိန္း ျမန္မာႏိုင္ငံရုပ္ရွင္အစည္းအရံုး စက္မႈအလႊာအတြက္ ဆန္၊ဆီ ၊ဆား လႉရန္ ၂၀သိန္းဆီ ေမြးေန႔အမွတ္တရေလး လႉျဖစ္ခဲ့ပါတယ္ ေဖြး ဒီေန႔လႉျဖစ္တာေလးေတြလည္း အားလံုး သာဓုေခၚႏိုင္ၾကပါေစရွင္…. 😍😍😍” ဆုိၿပီး သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာေလးမွာ ပရိသတ္မ်ားလည္း သာဓုေခၚႏိုင္ေအာင္ ေရးသားခဲ့ပါတယ္။

Photo : Amazing Grace

Photo : Amazing Grace

Photo : Amazing Grace

စိတ္ခ်မ္းသာစရာေကာင္းၿပီး ျမင္သူတိုင္း ၾကည္ႏူးစရာေကာင္းတဲ့ ေဖြးေဖြးရဲ႕ေမြးေန႕ေလးကို သေဘာက်ႏွစ္သက္တယ္ဆုိရင္ Like & Share ခဲ့ေနာ္။

Photo : Amazing Grace

Photo : Amazing Grace

Source : Phway Phway Facebook

 

Unicode Font:
ယနေ့ သြဂုတ်လ (၉) ရက်နေ့က ပြည်သူချစ် ဖွေးစိန်လေးရဲ့ အသက် (၃၁) နှစ်ပြည့် မွေးနေ့လေးဖြစ်ပြီး မွေးနေ့မှာ အလိုချင်ဆုံး ရိုးရှင်းတဲ့ စိတ်ချမ်းသာမှုတွေ ရခဲ့တာကြောင့် ဖွေးစိန်လေးတစ်ယောက် ကြည်နူးပျော်ရွှင်ခဲ့ပါတယ်။ ရိုးရှင်းတဲ့ သူမရဲ့မွေးနေ့လေးကလည်း မြင်သူတိုင်းကို ကြည်နူးစေခဲ့ပြီး အလှူအတန်းရက်ရောမှုများကြောင့်လည်း ပရိသတ်များက လွန်စွာချီးကျူးခဲ့ပါတယ်။

ဖွေးစိန်လေးက ချွေးတဒီးဒီးကျတဲ့အထိ သူမကိုယ်တိုင် ပြင်ဆင်လှူဒါန်းခဲ့ပြီး သူမရဲ့ရိုးရှင်းတဲ့ အလှူလေးအတွက် ကျေနပ်ပီတိဖြစ်ခဲ့ပါတယ်။

“My Simple Birthday ❣”ဆိုပြီး ယနေ့ရဲ့ မွေးနေ့အမှတ်တရပုံလေးများကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

ဖွေးစိန်လေးက အဖေနဲ့ အမေ ချက်ပေးခဲ့တဲ့ သီစုံပဲကုလားဟင်းနဲ့ လူ (၅၀၀) စာအတွက် လှူခဲ့ပြီး “သူစိမ်းအိမ်” အနုပညာရှင်များကလည်း မနက်အစောကြီးထဲက ပြင်ဆင်ကူညီပေးခဲ့ကြပါတယ်။ ဒါ့အပြင် ဖွေးဖွေးက “စာအိတ်လေးတွေထဲမှာ ၁သောင်းစီထဲ့ပြီး အိတ် ၁၀၀ ဝေဖြစ်ပါတယ် မာမီကွတ်ခိုးကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ရေးကို ၁၁သိန်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စက်မှုအလွှာအတွက် ဆန်၊ဆီ ၊ဆား လှူရန် ၂၀သိန်းဆီ မွေးနေ့အမှတ်တရလေး လှူဖြစ်ခဲ့ပါတယ် ဖွေး ဒီနေ့လှူဖြစ်တာလေးတွေလည်း အားလုံး သာဓုခေါ်နိုင်ကြပါစေရှင်…. 😍😍😍” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာလေးမှာ ပရိသတ်များလည်း သာဓုခေါ်နိုင်အောင် ရေးသားခဲ့ပါတယ်။

စိတ်ချမ်းသာစရာကောင်းပြီး မြင်သူတိုင်း ကြည်နူးစရာကောင်းတဲ့ ဖွေးဖွေးရဲ့မွေးနေ့လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like & Share ခဲ့နော်။

Source : Phway Phway Facebook

Comment here