Knowledge

ဆရာဇင်ယော်နီရဲ့တနေ့တာဟောစာတမ်း (12.8.2019)

Zawgyi ဖြင့်ဖတ်ရန်

























Unicode ဖြင့်ဖတ်ရန်

မတ်လ ၂၁ မှ ဧပြီ ၂၀ အတွင်းမွေးဖွားသော မိဿရာသီဖွားများ

အထင်လွဲ စွပ်စွဲခံရတာတို့၊ သူတစ်ပါးရဲ့ ပူပင်သောကကို ကူညီဖြေရှင်းရတာတို့ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် လက်ကိုင်ပုဝါပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို ငွေ ၂ ဂဏန်း လှူဒါန်းပါလေ …။

ဧပြီ ၂၁ မှ မေ ၂၀ အတွင်းမွေးဖွားသော ပြိဿရာသီဖွားများ

စိတ်နှစ်ခွ ဖြစ်စရာတွေ၊ စိတ်တိုင်းမကျစရာတွေ များတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ကုလားထိုင်ပေါ်မှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို ဆေးဝါး လှူဒါန်းပါလေ …။

မေ ၂၁ မှ ဇွန် ၂၀ အတွင်းမွေးဖွားသော မေထုန်ရာသီဖွားများ

ပင်ပန်းရကျိုးမနပ်သော၊ သူတစ်ပါးအတွက် အချိန်ကုန်ရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ရုပ်မြင်သံကြားပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို လက်ဖက် လှူဒါန်းပါလေ …။

ဇွန် ၂၁ မှ ဇူလိုင် ၂၀ အတွင်းမွေးဖွားသော ကြဋ်ရာသီဖွားများ

ငွေတွေ၊ ပစ္စည်းတွေ မကုန်သင့်ဘဲကုန်၊ မထွက်သင့်ဘဲထွက်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဂေါ်ဖီထုပ်ပေါ်မှာ ကောက်ယူပါ။ ၃ ဂဏန်း၊ ၁ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို မုန့်ဟင်းခါး လှူဒါန်းပါလေ …။

ဇူလိုင် ၂၁ မှ သြဂုတ် ၂၀ အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများ

မဲပေါက်သလို၊ ဆုရသလို ဝမ်းသာစရာကြီးများ ပေါ်ပေါက်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဆပ်ပြာခဲပေါ်မှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို သွားတိုက်ဆေး လှူဒါန်းပါလေ …။

သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသော ကန်ရာသီဖွားများ

အခက်အခဲ အနှောင့်အယှက်များပြီး အောင်မြင်မှု ကြီးမားတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ရေပုံပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၆ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို အဝတ်အထည် လှူဒါန်းပါလေ …။

စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသော တူရာသီဖွားများ

အကြွေးတောင်းခြင်း၊ ငွေချေးခြင်းနှင့် ရတနာပစ္စည်းများ ပြုလုပ်သင့်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မျက်နှာသုတ်ပုဝါပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို ဖိနပ် လှူဒါန်းပါလေ …။

အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂ အတွင်းမွေးဖွားသော ဗြိစ ္ဆာရာသီဖွားများ

သတင်းကောင်း၊ ဧည့်သည်ကောင်းများ ရောက်လာတတ်သော၊ ရပ်ဝေးကိစ္စ ဝမ်းသာရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အိပ်ရာပေါ်မှာ ကောက်ယူပါ။ ၆ ဂဏန်း၊ ၄ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို ထီး လှူဒါန်းပါလေ …။

နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၀ အတွင်းမွေးဖွားသော ဓနုရာသီဖွားများ

မထင်မှတ်တဲ့ အခွင့်အရေးကောင်းတွေ၊ အလုပ်အကြံဉာဏ်ကောင်းတွေ ရရှိတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် သင့်ရဲ့စားပွဲပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၄ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မြတ်စွာဘုရားမှာ အုန်းယိုလှူပါလေ …။

ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသော မကာရရာသီဖွားများ

မိခင်၊ အဒေါ်၊ ဆရာမ စသော အမျိုးသမီးများထံမှ အကူအညီကောင်း ရရှိတတ်သောနေ့ ဖြစ်ပါတယ်။ ငွေကံကောင်းသောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပြက္ခဒိန်အဖုံးမှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မြတ်စွာဘုရားမှာ ကျောက်ကျောလှူပါလေ …။

ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသော ကုမ်ရာသီဖွားများ

ထူးခြားသောအောင်မြင်မှုကြီးများ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ အလုပ်တွေ တိုးချဲ့ရတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အသီးအနှံတွေကို နိမိတ်ကောက်ယူပါ။ ၃ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မြတ်စွာဘုရားမှာ ဆီးယိုလှူပါလေ …။

ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသော မိန်ရာသီဖွားများ

လူကြီးသူမများက အထင်လွဲတတ်သောနေ့ ဖြစ်ပါတယ်။ စကားများ ဖြေရှင်းရတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မိမိရဲ့ဖိနပ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၁ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မြတ်စွာဘုရားမှာ ရွှေကြည်လှူပါလေ …။

Comment here