Celebrity

ေမြးေန႕မွာ အရမ္းကို ေပ်ာ္ရႊင္ေနခဲ့တဲ့ ေရႊကစ္

Zawgyi Font:

ၾသဂုတ္လ (၈) ရက္ေန႕က ျပည္သူခ်စ္ ေရႊကစ္ေလးရဲ႕ေမြးေန႕ပြဲေလးျဖစ္ၿပီး မိတ္ေဆြမ်ားက ေမြးေန႕ surprise ေလးလုပ္ေပးခဲ့ၾကတာေၾကာင့္ ေရႊကစ္တစ္ေယာက္ အေတာ္ေလးေပ်ာ္ရႊင္ေနခဲ့ပါတယ္။ သူမရဲ႕ေမြးေန႕ကို Private ပြဲေလးအျဖစ္သာ က်င္းပခဲ့ၿပီး အႏုပညာရွင္မ်ားနဲ႕ သူငယ္ခ်င္းမ်ားသာ တက္ေရာက္ခဲ့ၾကေပမယ့္ ေရႊကစ္တစ္ေယာက္ ေပ်ာ္ရႊင္ေနတာကို ျမင္ေတြ႕ရပါတယ္။

Photo : Li John Photography

ေရႊကစ္က “ဒီနွစ္ေမြးေန့ ခရီးသြားရမွာမို့ဘာမွ မလုပ္ေတာ့ဘူးစဥ္းစားထားတာ” ဆုိၿပီး မိတ္ေဆြသူငယ္ခ်င္းမ်ားရဲ႕ surprise ေလးေၾကာင့္ ေပ်ာ္ရႊင္ခဲ့ရပါတယ္။ ေနာက္ၿပီး ေရႊကစ္က သူမရဲ႕ Fan ေလးမ်ားကိုလည္း အတူတကြ ေမြးေန႕မလုပ္ျဖစ္တဲ့အတြက္ ၀မ္းမနည္းၾကပါနဲ႕လုိ႕ ဆိုပါတယ္။

Photo : Li John Photography

Photo : Li John Photography

ေရႊကစ္က “ဒီႏွစ္ေမြးေန႔က တိမ္ေတြေပၚကပန္း ဇာတ္ကား႐ိုက္ကူးေရးနဲ႔ ခရီးေရာက္ေနမွာဆိုေတာ့ ဘာမွ မလုပ္ျဖစ္လို႔ KFC ေလးေတြ ဝမ္းမနည္းၾကပါနဲ႔လို႔ ျပန္လာတာနဲ႔ ေမြးေန႔အတြက္ေကာ ေပါင္းၿပီးအလြမ္းသယ္ျကမယ္ေနာ္ 😘😘😘” လို႕ သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

Photo : Li John Photography

Photo : Li John Photography

လက္ရွိမွာက ေရႊကစ္က “ဝတ္လဲေတာ္ေရႊပုဆိုးတန္းထိုးလို႕ၾကိဳမယ္” ဇာတ္ကားႀကီး မ႐ိုက္ခင္ ျဖံဳဘူးရြာဓေလ့မ်ားကို ကြင္းဆင္းေလ့လာဖို႕အတြက္ ေရာက္ရွိကာ အနားယူအပန္းေျဖေနခဲ့ပါတယ္။ ဇာတ္ကားရဲ႕ဇာတ္ေကာင္အေနနဲ႕ လုိက္ဖက္ညီေနဖုိ႕အတြက္ ပုဂံျပည္မွာ ၾကိဳတင္ျပင္ဆင္ေနသလို ပုဂံျပည္ေရာက္ေနရျခင္းအတြက္လည္း သူမအေနနဲ႕ အနားယူအပန္းေျဖမႈကိုပါ ရရွိေစခဲ့ပါတယ္။ ေမြးေန႕အတြက္ ရန္ကုန္ကို ျပန္ဆင္းလာတာျဖစ္ေပမယ့္ ခရီးျပန္ထြက္ရမွာ ျဖစ္ပါတယ္။ ယခုႏွစ္မွာလည္း ေရႊကစ္ ပါ၀င္ထားတဲ့ ရံုတင္ဇာတ္ကားမ်ားစြာ ရွိထားၿပီး လူၾကိဳက္မ်ားခဲ့ပါတယ္။

Photo : Li John Photography

Happy Birthday ပါ .. ေရႊကစ္ေရ …။

 

Source :  Wutt Hmone Shwe Yi Facebook

 

Unicode Font:

သြဂုတ်လ (၈) ရက်နေ့က ပြည်သူချစ် ရွှေကစ်လေးရဲ့မွေးနေ့ပွဲလေးဖြစ်ပြီး မိတ်ဆွေများက မွေးနေ့ surprise လေးလုပ်ပေးခဲ့ကြတာကြောင့် ရွှေကစ်တစ်ယောက် အတော်လေးပျော်ရွှင်နေခဲ့ပါတယ်။ သူမရဲ့မွေးနေ့ကို Private ပွဲလေးအဖြစ်သာ ကျင်းပခဲ့ပြီး အနုပညာရှင်များနဲ့ သူငယ်ချင်းများသာ တက်ရောက်ခဲ့ကြပေမယ့် ရွှေကစ်တစ်ယောက် ပျော်ရွှင်နေတာကို မြင်တွေ့ရပါတယ်။

ရွှေကစ်က “ဒီနှစ်မွေးနေ့ ခရီးသွားရမှာမို့ဘာမှ မလုပ်တော့ဘူးစဉ်းစားထားတာ” ဆိုပြီး မိတ်ဆွေသူငယ်ချင်းများရဲ့ surprise လေးကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ပြီး ရွှေကစ်က သူမရဲ့ Fan လေးများကိုလည်း အတူတကွ မွေးနေ့မလုပ်ဖြစ်တဲ့အတွက် ဝမ်းမနည်းကြပါနဲ့လို့ ဆိုပါတယ်။

ရွှေကစ်က “ဒီနှစ်မွေးနေ့က တိမ်တွေပေါ်ကပန်း ဇာတ်ကားရိုက်ကူးရေးနဲ့ ခရီးရောက်နေမှာဆိုတော့ ဘာမှ မလုပ်ဖြစ်လို့ KFC လေးတွေ ဝမ်းမနည်းကြပါနဲ့လို့ ပြန်လာတာနဲ့ မွေးနေ့အတွက်ကော ပေါင်းပြီးအလွမ်းသယ်ကြမယ်နော် 😘😘😘” လို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လက်ရှိမှာက ရွှေကစ်က “ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်” ဇာတ်ကားကြီး မရိုက်ခင် ဖြုံဘူးရွာဓလေ့များကို ကွင်းဆင်းလေ့လာဖို့အတွက် ရောက်ရှိကာ အနားယူအပန်းဖြေနေခဲ့ပါတယ်။ ဇာတ်ကားရဲ့ဇာတ်ကောင်အနေနဲ့ လိုက်ဖက်ညီနေဖို့အတွက် ပုဂံပြည်မှာ ကြိုတင်ပြင်ဆင်နေသလို ပုဂံပြည်ရောက်နေရခြင်းအတွက်လည်း သူမအနေနဲ့ အနားယူအပန်းဖြေမှုကိုပါ ရရှိစေခဲ့ပါတယ်။ မွေးနေ့အတွက် ရန်ကုန်ကို ပြန်ဆင်းလာတာဖြစ်ပေမယ့် ခရီးပြန်ထွက်ရမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာလည်း ရွှေကစ် ပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားများစွာ ရှိထားပြီး လူကြိုက်များခဲ့ပါတယ်။

Happy Birthday ပါ .. ရွှေကစ်ရေ …။

Source :  Wutt Hmone Shwe Yi Facebook

Comment here