Celebrity

သိပ်မက်ချင်တဲ့ အိပ်မက်ထဲကအတိုင်း အပြင်မှာ လက်တွေ့ခံစားခွင့်ရလို့ အတိုင်းမသိပျော်ရွှင်နေတဲ့ ပိုင်တံခွန်

Zawgyi Font:


Photo : Htet Paing Ye


Photo : Htet Paing Ye

Photo : Htet Paing Ye



Photo : Htet Paing Ye

Photo : Htet Paing Ye

Photo : Htet Paing Ye

Photo : Htet Paing Ye

Photo : Htet Paing Ye

Photo : Htet Paing Ye


 


 

Unicode Font:

ပိုင်တံခွန်က နှုတ်ခမ်းနီမလေးတွေ ကြွေရတဲ့ ရုပ်ရည်လေးနဲ့ မြင့်မားတဲ့ ဒေါင်လေးကိုပါ ပိုင်ဆိုင်ထားတဲ့အပြင် ဆံပင်ရှည်လေးကိုပါ သိမ်သိမ်မွေ့မွေ့ထားတာကြောင့် မိန်းကလေးတွေအကြွေဆုံး မော်ဒယ်လ်ချောလေး ဖြစ်လာခဲ့ပါတယ်။ မြန်မာမိန်းကလေးများရဲ့ အားပေးကြမ်းမှုကို ရရှိထားတဲ့ ပိုင်တံခွန်က အခုဆိုရင် ထိုင်းသူချောလေးများရဲ့ ဝက်ဝက်ကွဲအားပေးမှုများကိုပါ ရရှိနေခဲ့ပါတယ်။

ပိုင်တံခွန်ရဲ့ အကြောင်းကို ဇူလိုင် (၃) ရက်နေ့က ထိုင်း Channel တစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရပြီးနောက် ထိုင်းပရိသတ်များကြား အတော်လေး ရေပန်းစားနေခဲ့တဲ့ မြန်မာမော်ဒယ်လ်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို Fan meeting အတွက် ရောက်ရှိနေခဲ့ပြီး ထိုင်းသူလေးများက အုတ်အုတ်ကျွတ် လာရောက်အားပေးပါတယ်။

ပိုင်တံခွန်က သိပ်မက်ချင်တဲ့ အိပ်မက်ထဲကအတိုင်း အပြင်မှာ လက်တွေ့ခံစားခွင့်ရလို့ အတော်လေးပျော်ရွှင်နေခဲ့ပါတယ်။

ပိုင်တံခွန်က “ကျနော် သိပ်မက်ချင်တဲ့ အိပ်မက်ထဲမှာ အိပ်မက်ထပ်မက်နေသလိုပါပဲ ပရိတ်သတ်ကြီးရယ်” ဆိုပြီး Fan meeting မှာ ထိုင်းပရိသတ်များက ဝက်ဝက်ကွဲလာရောက်အားပေးခဲ့ကြတာကြောင့် ပျော်ရွှင်ဝမ်းသာနေခဲ့ပါတယ်။

ပိုင်တံခွန်က ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ Fan meeting လုပ်ဖြစ်နေတဲ့အပြင် ထိုင်းကြေငြာလေးများကိုပါ လက်ခံရိုက်ကူးပေးနေတာကြောင့် ထိုင်းမှာကြာနေခဲ့ပါတယ်။ မြန်မာပရိသတ်များကိုလည်း လွမ်းနေပါပြီလို့ သတိရကြောင်းလေးလည်း ပြောလာခဲ့ပါတယ်။

Source : Paing Takhon Facebook

Comment here