Celebrity

ေရခ်ိဳးဇလံုထဲမွာ တက္တူးေတြ အျပည့္နဲ႕ ခႏၶာကိုယ္ကို ေရစိမ္ေနတဲ့ ပိုင္တံခြန္

Zawgyi Font:

ႏႈတ္ခမ္းနီမေလးမ်ားရဲ႕အေတာ္ေလး ၀န္းရံမႈကို ရရွိထားတဲ့ ပိုင္တံခြန္က စူပါေမာ္ဒယ္လ္တစ္ဦးအျဖစ္ ေအာင္ျမင္စြာ ရပ္တည္လာခဲ့ပါတယ္။ ခန္႕ျငားတဲ့ရုပ္သြင္နဲ႕ ျမင့္မားၿပီး ေျဖာင့္စင္းတဲ့ အရပ္အေမာင္းပံုသ႑ာန္ေၾကာင့္ လူေခ်ာတစ္ဦးအျဖစ္ အေတာ္ေလးေၾကြၾကၿပီး စကားလည္း ၾကြယ္လြန္းျပန္တဲ့ သူ႕ကို ပိုပိုၿပီးအခ်စ္ပိုၾကရပါတယ္။ အခုအခ်ိန္မွာေတာ့ ပိုင္တံခြန္က ထုိင္းႏိုင္ငံအထိေတာင္ ေက်ာ္ၾကားတဲ့ ေမာ္ဒယ္လ္တစ္ဦး ျဖစ္လာခဲ့ပါတယ္။

Photo : Paing Takhon

လက္ရွိမွာေတာ့ ပိုင္တံခြန္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို Fan meeting အတြက္ ေရာက္ရွိေနခဲ့ၿပီး ထိုင္းသူေလးမ်ားက အုတ္အုတ္ကၽြတ္ လာေရာက္အားေပးပါတယ္။ ပိုင္တံခြန္က ထိုင္းႏိုင္ငံရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ားမွာ Fan meeting လုပ္ျဖစ္ေနတဲ့အျပင္ ထုိင္းေၾကျငာေလးမ်ားကိုပါ လက္ခံရိုက္ကူးေပးေနတာေၾကာင့္ ထုိင္းမွာၾကာေနခဲ့ပါတယ္။

Photo : Paing Takhon

ပိုင္တံခြန္က ျပည္ပႏိုင္ငံမ်ားအထိပါ ေအာင္ျမင္လာတာေၾကာင့္ သူ႕ရဲ႕လႈပ္ရွားေလးမႈမ်ားကို ေစာင့္ၾကည့္ေနၾကတဲ့ ပရိသတ္ေပါင္းမ်ားစြာ ရွိလာခဲ့ပါတယ္။ ႏႈတ္ခမ္းနီမေလးမ်ား ရင္ခုန္သြားရတာကေတာ့ ေရခ်ိဳးေနတဲ့ ပိုင္တံခြန္ရဲ႕ ပံုေလးပဲ ျဖစ္ပါတယ္။ ဆံပင္ေလးမ်ားကို စုခ်ည္ထားၿပီး တက္တူးထိုးထားတဲ့ အေပၚယံအ၀တ္ဗလာပံုေလးကို ျမင္ေတြ႕ရတာေၾကာင့္ မိန္းမေခ်ာေလးမ်ား ရွက္ေသြးျဖာေနခဲ့ၾကပါတယ္။

Photo : Paing Takhon

ပိုင္တံခြန္ရဲ႕ အေၾကာင္းကို ဇူလိုင္ (၃) ရက္ေန႕က ထိုင္း Channel တစ္ခုမွာ ေဖာ္ျပျခင္းခံခဲ့ရၿပီးေနာက္ ထုိင္းပရိသတ္မ်ားၾကား အေတာ္ေလး ေရပန္းစားေနခဲ့တဲ့ ျမန္မာေမာ္ဒယ္လ္တစ္ဦးလည္း ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ထုိင္းႏိုင္ငံရဲ႕ေၾကျငာမ်ားကို ရိုက္ကူးလာရၿပီျဖစ္ပါတယ္။

Photo : Paing Takhon

Source : Paing Takhon Facebook

 

Unicode Font:
နှုတ်ခမ်းနီမလေးများရဲ့အတော်လေး ဝန်းရံမှုကို ရရှိထားတဲ့ ပိုင်တံခွန်က စူပါမော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်လာခဲ့ပါတယ်။ ခန့်ငြားတဲ့ရုပ်သွင်နဲ့ မြင့်မားပြီး ဖြောင့်စင်းတဲ့ အရပ်အမောင်းပုံသဏ္ဍာန်ကြောင့် လူချောတစ်ဦးအဖြစ် အတော်လေးကြွေကြပြီး စကားလည်း ကြွယ်လွန်းပြန်တဲ့ သူ့ကို ပိုပိုပြီးအချစ်ပိုကြရပါတယ်။ အခုအချိန်မှာတော့ ပိုင်တံခွန်က ထိုင်းနိုင်ငံအထိတောင် ကျော်ကြားတဲ့ မော်ဒယ်လ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ပိုင်တံခွန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို Fan meeting အတွက် ရောက်ရှိနေခဲ့ပြီး ထိုင်းသူလေးများက အုတ်အုတ်ကျွတ် လာရောက်အားပေးပါတယ်။ ပိုင်တံခွန်က ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ Fan meeting လုပ်ဖြစ်နေတဲ့အပြင် ထိုင်းကြေငြာလေးများကိုပါ လက်ခံရိုက်ကူးပေးနေတာကြောင့် ထိုင်းမှာကြာနေခဲ့ပါတယ်။

ပိုင်တံခွန်က ပြည်ပနိုင်ငံများအထိပါ အောင်မြင်လာတာကြောင့် သူ့ရဲ့လှုပ်ရှားလေးမှုများကို စောင့်ကြည့်နေကြတဲ့ ပရိသတ်ပေါင်းများစွာ ရှိလာခဲ့ပါတယ်။ နှုတ်ခမ်းနီမလေးများ ရင်ခုန်သွားရတာကတော့ ရေချိုးနေတဲ့ ပိုင်တံခွန်ရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ဆံပင်လေးများကို စုချည်ထားပြီး တက်တူးထိုးထားတဲ့ အပေါ်ယံအဝတ်ဗလာပုံလေးကို မြင်တွေ့ရတာကြောင့် မိန်းမချောလေးများ ရှက်သွေးဖြာနေခဲ့ကြပါတယ်။

ပိုင်တံခွန်ရဲ့ အကြောင်းကို ဇူလိုင် (၃) ရက်နေ့က ထိုင်း Channel တစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရပြီးနောက် ထိုင်းပရိသတ်များကြား အတော်လေး ရေပန်းစားနေခဲ့တဲ့ မြန်မာမော်ဒယ်လ်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံရဲ့ကြေငြာများကို ရိုက်ကူးလာရပြီဖြစ်ပါတယ်။

Source : Paing Takhon Facebook

Comment here