Knowledge

မိသားစုထဲက အလတ်တွေနဲ့ ပတ်သက်လို့ သင်မသိသေးတဲ့အချက်များကို လေ့လာဖော်ပေးလိုက်ပါတယ်…..

Zawgyi Font :

မိသားစုထဲမှာ အလတ်တွေဟာ မှီခိုမှုကင်းတဲ့အပြင် စွန့်လွှတ်စွန့်စားလိုစိတ်ရှိပါတယ်။ သူတို့တွေဟာ အကြီးဆုံးတွေ၊ အငယ်ဆုံးတွေထက် လူမှုဝန်းကျင်နဲ့ လိုက်လျောညီစွာ ဆက်ဆံနိုင်စွမ်းရှိကြပါတယ်။ အလတ်တစ်ယောက်ဖြစ်ရခြင်းမှာ ကောင်းတဲ့ အချက်တွေ အများကြီးရှိနိုင်ပါတယ်။

သူတို့တွေဟာ ဗဟုသုတကြွယ်ပါတယ်။ ငယ်ငယ်ထဲက တခြားသူတွေကို ကြည့်ပြီး လေ့လာသင့်ယူတတ်ကြပါတယ်။ မိဘတွေက အကြီးမှ အကြီး၊ အငယ်မှ အငယ်ဆိုပြီး သည်းသည်းလှုပ်နေချိန်မှာ အလတ်တွေကတော့ လွတ်လပ်စွာကြီးပြင်းလာရပြီး ကိစ္စအ၀၀ကို သူတို့အစွမ်းအစနဲ့ပဲ ဖြေရှင်းရတာ များပါတယ်။

သူတို့တွေဟာ ဗဟုသုတကြွယ်ပါတယ်။ ငယ်ငယ်ထဲက တခြားသူတွေကို ကြည့်ပြီး လေ့လာသင့်ယူတတ်ကြပါတယ်။ မိဘတွေက အကြီးမှ အကြီး၊ အငယ်မှ အငယ်ဆိုပြီး သည်းသည်းလှုပ်နေချိန်မှာ အလတ်တွေကတော့ လွတ်လပ်စွာကြီးပြင်းလာရပြီး ကိစ္စအ၀၀ကို သူတို့အစွမ်းအစနဲ့ပဲ ဖြေရှင်းရတာ များပါတယ်။

အချို့က အလတ်တွေဟာ သူတို့ရဲ့ မိဘတွေဆီက အကြီးဆုံးတွေ၊ အငယ်ဆုံးတွေလို ဂရုစိုက်မှုအပြည့်အ၀မရဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း အလတ်ဆိုပြီး မိသားစုထဲမှာ လပ်နေလို့ ၀မ်းနည်းနေသူတွေ မဟုတ်ကြပါဘူး။ အကြီးဆုံး၊ အငယ်ဆုံးတွေထက် ကိုယ့်အားကိုယ်ကိုးတတ်တာကြောင့် မိသားစုထဲမှာ ပိုမိုရင့်ကျက်မြန်သူတွေလည်း ဖြစ်နေတတ်ပါတယ်။

ဒါ့အပြင် မိသားစုထဲမှာ အလတ်တွေဟာ ငြိမ်းချမ်းရေးလိုလားသူတွေလည်း ဖြစ်ပါတယ်။ မွေးကတည်းက အနည်းဆုံးအပေါ်အောက် တစ်ယောက်စီ ရှိပြီးဖြစ်လို့ အရာရာကို ဘယ်လိုမျှဝေသင့်တယ်ဆိုတာကိုလည်း နားလည်သူတွေပါ။ ဆိုလိုတာက အလတ်တွေဟာ အကောင်းဆုံး စေ့စပ်ညှိုနှိုင်းရေးသမားတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ လူကဲခတ်လည်း ကျွမ်းကျင်ကြပါတယ်။

ဒါကြောင့်လည်း လုပ်ငန်းခွင်ထဲမှာ အောင်မြင်တဲ့သူတွေအဖြစ် တွေ့ရနိုင်တာဖြစ်ပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ကင်မ်ကဒါးရှီးယန်း၊ ဘီလ်ဂိတ်နဲ့ ဂျနီဖာလိုပက်ဇ်တို့ဟာ မိသားစုထဲမှာ အလတ်တွေ ဖြစ်ကြပါတယ်။ အခုလို အမှီအခိုကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး လူမှုဆက်ဆံရေးလည်းကောင်းကာ လုပ်ငန်းခွင်ထဲမှာလည်း အောင်မြင်ဖို့အလားအလာများလှတဲ့ အလတ်တွေရဲ့ အကြောင်းကိုတော့ Insider ကနေတဆင့် ကောက်နှုတ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Source : Insider

Photo : Phovoir

Unicode Font :







Source : Insider

Photo : Phovoir

Comment here