Knowledge

ပုံမှန်(၈) နာရီ အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်မှာ တွေ့ကြုံခံစားလာရမယ့် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

လေ့လာချက်တစ်ခုမှာဆိုထားတာက ပုံမှန်တစ်နေ့(၈) နာရီအိပ်စက်ခြင်းဟာ အပန်းဖြေရုံသက်သက်တင်မဟုတ်ပဲ လူ့ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ကြောင်း Brightside အရ သိရပါတယ်။ အိပ်ရေးပျက်တဲ့အခါ လူရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။

လူတစ်ယောက်ဟာ အိပ်ရေးမ၀တဲ့အခါ မှတ်ဥာဏ်စွမ်းအင်တွေ ချို့ယွင်းလာပြီး မှတ်သားမှုအားနည်းလာပါတယ်။ သိပ္ပံပညာရှင်တွေ တွေ့ရှိလာတဲ့အချက်က လူတွေဟာ အိပ်နေစဉ်မှာ သတင်းအချက်အလက်အသစ်တွေကို အစီအစဉ်တကျလုပ်ဆောင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ညဘက်မှာ ကောင်းကောင်းအနားယူပြီးတဲ့အခါ မနက်ကျရင် ပိုနေလို့ထိုင်လို့ ကောင်းပြီး အသစ်အသစ်တွေကို ပိုမိုမှတ်မိလွယ်ပါတယ်။

တစ်ညလုံးအလုံလောက်အနားယူထားတာကြောင့် စိတ်စုစည်းမှုနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေဟာလည်း အမြင့်ဆုံးအဆင့်ကို ရောက်နေမှာဖြစ်ပါတယ်။။ အတွေးတွေရှင်းနေသလို ဆုံးဖြတ်ချက်တွေကိုလည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာပါ။

အိပ်ရေးဝခြင်းနဲ့ ပတ်သက်လို့ နောက်ထပ်ကောင်းတဲ့အချက်တစ်ခုက ခန္ဓာကိုယ်အလေးချိန်ကိုလည်း အလွယ်တကူ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ လူတွေဟာ အိပ်နေစဉ်မှာ လက်ပ်တင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်ပါတယ်။ အဲ့ဒီဟော်မုန်းက လူဟာ ဗိုက်ပြည့်နေပြီလား ဆာနေသေးလားဆိုတာ ခန္ဓာကိုယ်ကို ပြောပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ လုံလောက်တဲ့ အနားယူမှုသာ မရဘူးဆိုရင် ခန္ဓာကိုယ်နရီဇယားဟာ ဟန်ချက်ပျက်သွားမှာဖြစ်ပြီး အစားအသောက်တွေကို ပိုမိုခုံမင်လာတတ်ပါတယ်။

သိပ္ပံပညာအရဆိုရင် လူဟာ အိပ်ရေးဝတဲ့အခါ စိတ်ဖိစီးမှုကို လျော့ကျစေရုံတင်မကပဲ သွေးဖိအားတိုးတာနဲ့ ကိုလက်စထရောတက်တာကိုလည်း ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ အိပ်ရေးပျက်တာများရင်တော့ နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာအများအပြားကို တွေ့ရနိုင်ပါတယ်။ တစ်နေ့(၈) နာရီ လုံလောက်အောင် အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွက်တော့ ကောင်းကျိုးအများအပြားကို ရစေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် လုံလုံလောက်လောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြင့် တော်တန်ရုံ အာဂန္တုရောဂါတွေ မ၀င်ရောက်နိုင်ပဲ ကိုယ်ခံအားကောင်းတာ၊ မျက်နှာနဲ့ အသားအရည်ကောင်းတာစတဲ့ အကျိုးကျေးဇူးတွေအပြင် ဆီးချိုဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

Source : Brightside

Photo : Dean Drobot

Unicode Font :






Source : Brightside

Photo : Dean Drobot

 

Comment here