Hot News

Disney+ အတွက် သရုပ်ဆောင်အသစ်တွေနဲ့ reboot အဖြစ်ပြန်ရိုက်ကူးမယ့် ရုပ်ရှင်များကို ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

Disney ဆိုရင် အရင်တုန်းကတော့ ကလေးတွေအတွက် ကာတွန်းကားတွေကို ဦးစားပေးထုတ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပေမယ့်လို့ အခုအချိန်မှာတော့ ဒီလို ကာတွန်းတွေအပြင် live-action တွေ၊ ရုပ်ရှင်ကားတွေ၊ ရုပ်သံလိုင်းတွေအထိ နယ်ချဲ့လာရုံတင်မကသေးဘဲ Star Wars တို့၊ Marvel တို့လို မျိုးတွေအထိပါ ဝယ်ယူခဲ့ပြီး ရုပ်ရှင်နဲ့စီးရီးအသစ်တွေကို ထုတ်လုပ်နေခဲ့ပါတော့တယ်။

Photo : IMDb IG

အခုဆိုရင်လည်း Disney ကနေပြီး streaming platform တစ်ခုဖြစ်တဲ့ Disney+ ကို ပရိတ်သတ်တွေဆီ အရောက်ပို့တော့မယ်ဆိုပြီး ကြောငြာခဲ့ပါတယ်။ ဒီရဲ့ Disney+ အတွက် သီးသန့်ရိုက်ကူးမယ့် Marvel က Loki ရဲ့ ရုပ်သံစီးရီးအပါအဝင် တခြားသော Disney ပိုင် ရုပ်ရှင်၊စီးရီးတွေ၊ကာတွန်းကားတွေလည်းရှိလို့နေပါတယ်။ ဆိုလိုတာ Disney+ မှာပဲ တရားဝင်ကြည့်လို့ရမှာဖြစ်ပြီး ဘယ်မှာမှ မလွှင့်တဲ့ဟာမျိုးတွေပေါ့။

သြဂုတ်လ ၇ ရက်နေု့တုန်းကတော့ Ashley Carter ဆိုတဲ့ Twitter account ကနေပြီး Disney+ မှာ ပါဝင်မယ့် ရုပ်ရှင်အကြောင်းနဲ့ပတ်သက်ပြီး tweet လုပ်ထားခဲ့ပါတယ်။ အဲဒါကတော့ Disney ရဲ့ CEO Bob Iger ကနေပြီး Home Alone, Night at the Museum နဲ့ Diary of a Wimpy Kid သုံးကားကို reboot အနေနဲ့ပြန်ရိုက်မယ်ဆိုပြီး ပြောခဲ့တယ်ဆိုတဲ့အကြောင်းပါ။

Photo : IMDb IG

90’s kid တွေရဲ့ အကြိုက်ဆုံးဖြစ်တဲ့ရတဲ့ Home Alone နဲ့ Night at the Museum ရယ်၊ ကျွန်တော်တို့ ဆယ်ကျော်သက်မရောက်တရောက်တုန်းက ကြည့်ခဲ့ရတဲ့ Diary of a Wimpy Kid ရယ်ဟာ သူ့ဟာနဲ့သူတော့ နာမည်ကြီးနေခဲ့ကြတဲ့ ရုပ်ရှင်ကားတွေပါ။

Home Alone ဟာဆိုရင် franchise ကြီးဖြစ်သွားခဲ့ပြီး 1 နဲ့ 2 မှာတော့ Macaulay Culkin က သရုပ်ဆောင်ခဲ့ပြီး 3 မှာဆိုရင်တော့ Alex D. Linz နဲ့ 4: Taking Back the House မှာဆိုရင်တော့ Mike Weinberg, ထွက်ခဲ့သမျှ နောက်ဆုံး Home Alone: The Holiday Heist မှာတော့ Christian Martyn က အဓိကဇာတ်ကောင်နေရာကနေပြီး ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။

အီဂျစ်က အင်းကွက်တွေပါတဲ့ ရွှေပြားကြီးကြောင့် ညရောက်တဲ့အခါတိုင်း ပြတိုက်ထဲက အရုပ်တွေအသက်ဝင်လာတာကို ဇာတ်အိမ်တည်ရိုက်ကူးထားခဲ့တဲ့ Ben Stiller ရဲ့ The Night at the Museum ဟာလည်း ဇာတ်လမ်းတွဲ ၃ ကားထွက်ခဲ့ပြီး Diary of a Wimpy Kid ဟာဆိုရင်လည်း ကျောင်းမှာ ကျိန်စာသင့်တယ်လို့ ပြောစမှတ်တွင်နေခဲ့တဲ့ cheese ဇာတ်လမ်းကို အကြောင်းပြုကာ ဇာတ်လမ်းဆက် ၃ ကားအထိ ထွက်ခဲ့ပါတယ်။

Photo : IMDb IG

ရုပ်ရှင်တစ်ကားကို reboot ပြန်ရိုက်ဖို့ဆိုတာ တကယ့်ကို တာဝန်ကြီးတဲ့လုပ်ရပ်တစ်ခုပါ။ အထူးသဖြင့် ပရိတ်သတ်အခိုင်အမာရှိပြီးသား ရုပ်ရှင်တွေမှာပါ။ လက်တလော reboot ရိုက်ပြီး ဂွမ်းခဲ့တဲ့ Men in Black: International ကို ပဲကြည့်။ ဒါကြောင့် အခု reboot ပြန်ရိုက်မယ်ဆိုတော့လည်း ဘယ်လိုတွေ ဖြစ်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Source : IMDb IG

Photo : IMDb IG

Unicode Font :








Source : IMDb IG

Photo : IMDb IG

 

 

Comment here