Celebrity

ဘုရားမှာ ရိုက်တဲ့ပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုအပေါ် ပိုးမမှီသာ ပြန်ဖြေရှင်းလိုက်ပါတယ်….

Zawgyi Font :

ပိုးမမှီသာကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ ဆေးကျောင်းသူ မော်ဒယ်မင်းသမီးချောလေးပါ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့  “သိဂါင်္ရသီချင်းတစ်ပုဒ်” ဆိုတဲ့ သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်တွေကြား လူသိများလာခဲ့သူလေးပါ။ ပိုးမမှီသာကတော့ သူမရဲ့ အကောင့်မှာ သြဂုတ်လ (၈)ရက်နေ့က ပုံအသစ်တွေ တင်လိုက်ပါတယ်။ စစ်ကိုင်းက မင်းကွန်းမြသိန်းတန်ဘုရားမှာ ရိုက်ထားတဲ့ ပုံလေးတွေပါ။

Photo : Poe Mamhe Thar fb
Photo : Poe Mamhe Thar fb
Photo : Poe Mamhe Thar fb
Photo : Poe Mamhe Thar fb

ပုံလေးတွေကတော့ အဲ့ဒီဘုရားကို ရောက်တဲ့ သူတိုင်းလိုလို ရိုက်နေကြ Pose လေးတွေပါ။ ပိုးမမှီသာကတော့ ခရမ်း ရောင်မြန်မာဝတ်စုံလေးကို ၀တ်ပြီး ရိုက်ထားတာပါ။ကြာပန်းလေးကို ကိုင်ပြီး Pose အမျိုးမျိုး ပေးရိုက်ထားတာပါ။ ပုံလေးတွေကိုတော့ (၁၂)နှစ်အရွယ် ကလေးမလေးက ရိုက်ပေးထားတာပါ။

“Mingun
Sagaing , Myanmar

ဒီပုံတွေအကုန်လုံးကို မင်းကွန်း မြသိန်းတန်ဘုရား က ၁၂ နှစ်အရွယ်ညီမလေးကဘဲ ရိုက်ပေးတာပါ သူလေးက pose ပါသင်ပေးသေးတာ……………….” ဆိုပြီး ဝေမျှ ထားတာပါ။သူမတင်ထားတဲ့ ပုံတွေထဲမှာတော့ ကြာ ပန်းတွေကို ပေါင်ပေါ်မှာ တင်ထားတဲ့ ပုံလည်း ပါနေခဲ့ပါတယ်။အဲ့ဒီပုံနဲ့ ပတ်သက်ပြီး ဒါဟာ မသင့်တော်ဘူး ဆိုပြီး ဝေဖန် ထောက် ပြခဲ့ပါတယ်။

Photo : Poe Mamhe Thar fb
Photo : Poe Mamhe Thar fb
Photo : Poe Mamhe Thar fb
Photo : Poe Mamhe Thar fb

“photo တွေကလှပါတယ် ဒါပေမဲ့ ဘာသာရေးရှု့ထောင့်ကကြည့်ရင် မသင့်တော်ပါဘူး။ အဲ့ပန်းတွေ ဘုရားမကပ်ခဲ့ဖို့ပဲ မျှော်လင့်တယ်….” ” ဘုရားကပ်မယ့် ပန်းလေ မတ်မတ်ရယ် ငရဲမရပါစေနဲ့ မျှော်လင့်တယ်………….” ဆိုပြီး သူမရဲ့ ပုံနဲ့ ပတ်သက်ပြီး ထောက်ပြဝေဖန် မှုတွေ အပေါ် ပိုးမမှီသာက “ဓာတ်ပုံရိုက်ဖို့သတ်သတ်တစ်စီးဝယ်ထားတာပါ ပြောပြပေးတာကျေးဇူးတင်ပါတယ် ဒီပန်းတော့ဘုရားမကပ်ခဲ့ပါဘူး…………….” ဆိုပြီး သူမဟာ ဒီပန်းတွေက ဓါတ်ပုံရိုက်ဖို့ တမင်ဝယ်ထားတဲ့ ပန်းတွေ မို့ ဘုရားကို အဲ့ဒီပန်းတွေ မကပ်ခဲ့ပါဘူးလို့ ပြန်ရှင်းပြခဲ့ပါတယ်။ပိုးမမှီသာ ကတော့ လက်တလောမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူ ပိတောက်ကတဲ့ ဂီတ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေပါတယ်။

Source : Poe Mamhe Thar fb

Photo : Poe Mamhe Thar fb

Unicode Font :



“Mingun

Sagaing , Myanmar



Source : Poe Mamhe Thar fb

Photo : Poe Mamhe Thar fb

Comment here