Health

အားနည်းနေရင် အားပြန်ပြည့်အောင် ဘာတွေစားသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

ခန္ဓာကိုယ့်အားနည်းနေရင် ရောဂါအလွယ်တကူဖြစ်တတ်သလို ခဏခဏလည်း နေမကောင်း ဖြစ်တတ်ပါတယ်။ ဘာဖြစ်လို့ အားနည်းရတာလဲဆိုတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ လုံလောက် အောင်မစားလို့၊ အိပ်ရေးမ၀လို့၊ ရေသောက်နည်းလို့၊ အစားပုံမှန်မစားလို့ ၊ စိတ်ဖိစီးမှုများလို့ စတာတွေ ကြောင့်ဖြစ်တယ်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်အားရှိအောင် အာဟာရရှိတဲ့ အစားအစာတွေကို စားပေးပါ။ အားနည်းနေရင်တော့ အားပြန်ပြည့်အောင် ဒါတွေကို စားသင့်ပါတယ်။

(၁) ငှက်ပျောသီး

Photo : shutterstock

ငှက်ပျောသီးမှာ sucrose, fructose နဲ့ glucose တို့ပါဝင်တာကြောင့် သင့်ကို အားဖြစ်စေပါတယ်။ ဒါအပြင် ငှက်ပျောသီးမှာ အားဖြစ်စေမယ့် အချိုဓာတ်နဲ့ potassium တို့ပါဝင်ပါသေးတယ်။ ငှက်ပျော်သီးက အမျှင်ဓာတ်ပါတာကြောင့် သင့်ရဲ့သွေးထဲက glucose level ကိုထိန်းပေးထားပါသေးတယ်။

  • အားနည်းတိုင်း ငှက်ပျောသီး တစ်လုံးကနေ နှစ်လုံးစားပေးပါ။ ငှက်ပျော်သီးကို ဒီအတိုင်းမစားချင်ရင် ဖျော်ရည် နဲ့ smoothie လုပ်သောက်လည်းရပါတယ်။
  • နေ့တိုင်း တစ်ရက်ကို နှစ်ကြိမ် ငှက်ပျောသီး အမှည့်ကို ပျားရည်(စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ရောစားမယ်ဆိုရင် အားရှိစေတာကြောင့် သင့်ကို အားနည်းခြင်းကနေ ကာကွယ်ပေးတယ်။

(၂) နွားနို့

Photo : shutterstock

        နွားနို့ကတော့ အားပြန်ပြည့်စေတဲ့နေရာမှာ အကောင်းဆုံးပါ။ နွားနို့မှာ ဗီတာမင် ဘီ နဲ့ calcium အများဆုံးပါဝင်တာကြောင့် နွားနို့ကို သောက်ပေးသင့်ပါတယ်။

  • အားနည်းနေပြီးဆိုတာနဲ့ နွားနို့ပူလေးတစ်ခွက် ထဲမှာ ပျား (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ကိုထည့်ပြီးသောက်ပေးပါ။

(၃) သရက်သီး

Photo : shutterstock

သရက်သီးကိုစားပေးရမယ်ဆိုလို့ မယုံဘူးမဖြစ်ပါနဲ့။ သရက်သီးမှာက  vitamins ရယ်၊ သတ္တုဓာတ်ရယ် နဲ့ antioxidants တို့ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကျန်မားရေးနဲ့ညီညွတ်ပါတယ်။ ဒါအပြင် အမျှင်ဓာတ် ၊ potassium ၊ magnesium နဲ့ copper တို့လည်းပါဝင်ပါသေးတယ်။

  • သရက်သီးဖျော်ရည်သောက်ပေးခြင်းက အားကိုပြန်ပြည့်စေတာမို့ အားနည်းတဲ့အခါတိုင်းသောက်ပေးပါ။

(၄) ကြက်ဥ

Photo : shutterstock

ကြက်ဥစားပေးခြင်းကတော့ အကောင်းဆုံးပါပဲ။ ကြက်ဥမှာ အာဟာရပြည့်ဝတဲ့ protein ၊ iron ၊ vitamin A ၊ folic acid ၊ riboflavin နဲ့ pantothenic acid တို့ပါဝင်တာကြောင့် ကြက်ဥဟာ အကောင်းဆုံးပါ။ ကလေးငယ်တေံကို ကျွေးပေးသင့်ပါတယ်။

  • နေ့တိုင်းကြက်ဥ တစ်လုံးစားပေးပါ။ ကြက်ဥကို မကျက်တကျက်ကြော်တာတို့၊ ကြက်ဥပြုတ်တို့ ၊ omelet လုပ်တာတို့ဖြင့်လည်းလုပ်စားလို့ရပါတယ်။

Source : Healthlife

Photo : Google

Unicode Font :














Source : Healthlife

Photo : Google

 

 

 

Comment here