Knowledge

အိမ်သာထဲက လေမှုတ်လက်အခြောက်ခံစက်တွေရဲ့ အန္တရာယ်အကြောင်းကို လေ့လာတွေ့ရှိထားပါတယ်…..

Zawgyi Font :

စာဖတ်သူအနေနဲ့ အများသုံးအိမ်သာတွေမှာ လက်ဆေးကြောပြီးတဲ့အခါ လေပူမှုတ်ပေးတဲ့ စက်တွေမှာ လက်ကို အခြောက်ခံလိုက်ရုံနဲ့ လက်တွေသန့်ရှင်းစင်ကြယ်သွားပြီလို့ မှတ်ယူနေတယ်ဆိုရင်တော့ နည်းနည်းလေးလွဲနေပြီလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သိပ္ပံပညာရှင်တွေက လက်အခြောက်ခံစက်တွေဟာ အသစ်စက်စက် ဆေးကြောထားတဲ့ လက်တွေပေါ်ကို ဘက်တီးရီးယားပိုးမွှားတွေ ထုတ်လွှတ်ပေးနိုင်တယ်လို့ သုံးသပ်ထားတာကို brightside သတင်းအရ သိရပါတယ်။

လက်အခြောက်ခံစက်တွေဟာ ပိုးမွှားအမျိုးအစားပေါင်းများစွာကို ပြန့်နှံ့စေနိုင်ပါတယ်။ ဒီအကြောင်းကို ကော်နက်တီးကတ်နဲ့ ကွင်းနီးပက်တက္ကသိုလ်တို့မှ သုတေသနပညာရှင်တွေဟာ အိမ်သာခန်းထဲမှာ သုတေသနခန်းသုံး ဖန်ခွက်ပြားအလွတ်တွေကို ထည့်ပြီး သုတေသနပြုခဲ့ပါတယ်။ ဒီအခါ တွေ့ကြရတာက တကယ်လို့ လက်အခြောက်ခံစက်ကိုသာ ပိတ်ထားရင် ဘက်တီးရီးယားအစုအဝေးအနည်းငယ်သာ တွေ့ရပြီး ဖွင့်ထားခဲ့ရင်တော့ ဘက်တီးရီးယားအစုအဝေးပေါင်း မြောက်မြားစွာကို တွေ့ခဲ့ရတာပါ။

ဒီဘက်တီးရီးယားတွေဟာ အိမ်သာရဲ့ လေထုထဲကနေ ဖန်ခွက်ပြားတွေကို ပြန့်ပွားရောက်ရှိလာတာဖြစ်ပြီး လက်အခြောက်ခံစက်ဖွင့်တဲ့အခါမှာတော့ အထဲက လေရဲ့ အရှိန်နဲ့ ဘက်တီးရီးယားတွေဟာ ပိုပြီး ပြန့်ပွားကုန်တာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ နောက်ထပ်ပြောတာတစ်ခုကတော့ အိမ်သာကို ရေဆွဲချတော့မယ်ဆိုရင် အိမ်သာဖုံးကို ပိတ်ပြီးမှ ရေဆွဲချပါလို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ရေတစ်ခါဆွဲချတိုင်း မစင်နဲ့ ဆီးဘက်တီးရီးယားတွေဟာ အခန်းတွင်းကို  ပြန့်နှံ့ကုန်လို့ ဖြစ်ပါတယ်။ တကယ်လို့ အိမ်သာဖုံးကိုသာ မပိတ်ဘူးဆိုရင်တော့ ဘက်တီးရီးယားပိုးတွေဟာ သင့်ရဲ့ အင်္ကျီ၊ လက်ကိုင်အိတ်စတာတွေမှာ ကပ်ညှိပါလာနိုင်ပါတယ်။

တကယ်လို့ လေအခြောက်ခံစက်ကို အသုံးပြုတဲ့အခါ လက်မှာ ဘက်တီးရီးယားတွေ ပိုမိုကပ်ညှိနိုင်တာကိုတော့ သိပြီးဖြစ်ပေမယ့် ဒီဘက်တီးရီးယားတွေဟာ ကိုယ်ခံအားကောင်းမွန်သူတွေကိုတော့ အန္တရာယ်မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကိုယ်ခံအားနည်းနေတဲ့သူတွေ၊ အရမ်းပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ပြီး အခုမှ နလန်ပြန်ထလာတဲ့လူတွေမှာတော့ ဒီဘက်တီးရီးယားတွေရဲ့ အန္တရာယ်ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အများသုံးအိမ်သာတွေ သွားတဲ့အခါ လက်အခြောက်ခံစက်တွေကို သုံးမယ့်အစား တတ်နိုင်ရင် တစ်ရှူးစက္ကူတွေပဲ အသုံးပြုပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : Brightside

Photo : Supanee Prajunthong

Unicode Font :






Source : Brightside

Photo : Supanee Prajunthong

Comment here