Sports



Photo Crd- Sky Sport


Photo Crd- Sky Sport


Unicode


 

“ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာ အကြီးကျယ်အခမ်းနားဆုံး လို့ ဆိုနိုင်တာကြောင့် ဒီပွဲကို ကစားချင်နေပါပြီ ” အယ်လီဆင်
လီဗာပူး တို့ဟာ ယမန်နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း နောက်ဆုံး ဗိုလ် လုပွဲကြီးကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ် အသင်းကို ၃-၁ ဂိုးနဲ့ အရေး နိမ့်ခဲ့ရလို့ ဆုဖလားနဲ့ဝေးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီလို အခြေအနေမျိုးကိုနောက်ထပ် အဖြစ်မခံ လိုတဲ့ လီဗာပူး အသင်းဟာအဆိုပါ ပွဲစဉ်မှာ အမှားများခဲ့တဲ့ ဂိုးသမား ကာရီယက်စ် ရဲ့ နေရာအတွက်လည်း ရိုးမား ဂိုးသမား အယ်လီဆင်ကို ပေါင် ၆၅သန်း အထိပေးချေ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ အခုလာမယ့်ပွဲစဉ်ဟာ ဒီဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အတွက် ကစာသမား ဘဝမှာ အကြီးကျယ် အခမ်းနားဆုံး ပွဲတပွဲဖြစ်လာဖို့ ရှိနေတာကြောင့် ပွဲကစားမယ့်ရက်ကို မစောင့်နိုင်တော့ ဘူး လို့ သူကဆိုပါတယ်။ လီဗာပူး ဝက်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူးမှာ အယ်လီဆင်က – – -” အဲ့ဒီပွဲအတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ပရီးမီးယားလိဂ်ပွဲတွေ ပြီး စတုန်းကဆိုရင် ဖိုင်နယ် အတွက် ပြင်ဆင်ချိန် ရက် ၂၀လောက် ရထားခဲ့တာဖြစ်ပါတယ်။ဒီပွဲဟာ ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာအကြီးကျယ်အခမ်းနားဆုံးလို့ ဆိုနိုင်တာကြောင့် ဒီပွဲကို ကစားချင်နေပါပြီ ” လို့ပြော ခဲ့တာဖြစ်ပါတယ်။လီဗာပူး အသင်းဟာ သူတို့ရဲ့ ပြသနာ အများဆုံး နေရာဖြစ်တဲ့ ဂိုးသမား နေရာအတွက် အယ်လီဆင် ကို ခေါ်ယူခဲ့တာဟာ တကယ်အလုပ်ဖြစ်ခဲ့တယ်ဆိုတာကို အချက် အလက်မှတ်တမ်းတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။သူ့ကြောင့် လီဗာပူး အသင်းဟာ ဒီသီ ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်း ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး clean_sheet ၂၁ ပွဲအထိ ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့တာ ကြောင့်လည်း ရွှေလက်အိတ် ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Comment here