Celebrity
Photo by Aung Kyaw Tun
Photo by Aung Kyaw Tun
Photo by Aung Kyaw Tun
Photo by Aung Kyaw Tun
Photo by Aung Kyaw Tun
Source Moe Hay Ko
Unicode
မိဖုဘုရားဖြစ်ချင်လား ဘုရင်မဖြစ်ချင်လား စဉ်းစားကြည့်နေမိတယ်ဆိုတဲ့ မိုးဟေကို
မိုးဟေကိုက သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ လုပ်ကိုင်နေတဲ့ မင်းသမီး တစ်ဦးဖြစ်ပါတယ်။ စီးပွားရေးကို ဦးစားပေးလုပ်ကိုင်တာဖြစ်ပြီး အနုပညာပိုင်းမှာ နည်းသွားတာတွေ့ရပါတယ်။ သရုပ်ဆောင် မိုးဟေကို ဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင် နိုင်သူတစ်လဲဖြစ်ပါတယ်။ သူမက အသက်သုံးဆယ်ကျော်ဆိုတော့ တည်ငြိမ်တဲ့ အလှတရားတွေပိုင်ဆိုင်တဲ့ အရွယ်ရောက်နေပါပြီ။ သူမရဲ့ ချောမောပြီး တည်ငြိမ်တဲ့အလှတွေကြောင့် ပရိသတ်တွေက သဘောကျအားပေးခြင်းခံရသူဖြစ်ပြီး သူဝါသနာပါတဲ့ အနုပညာအလုပ်ကို စိတ်နှစ်ပြီးလုပ်ကိုင်လေ့ ရှိတာကြောင့်လဲ အနုပညာလောကမှာ မိုး ဆိုတဲ့ အမည်လေး တွင်နေပါတယ်။ သူမဟာ မကြာမီရက်ပိုင်းက သရုပ်ဆောင် အောင်ရဲလင်းနဲ့အတူ MTV ရိုက်ကွင်းတစ်ခုမှာလဲတွေ့ရပါတယ်။ သူမက ဇာတ်ကားတွေ ရိုက်တာသိပ်မတွေ့ ရပေမယ့် ဖိတ်ကြားခံရတဲ့ ပွဲအခမ်းအနားတွေကို တတ်ရောက်လေ့ရှိတာကို တွေ့ရပါတယ်။ ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးမယ့် “သူနဲ့ကျွန်တော်”ရုပ်ရှင်ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နေတိုးနဲ့အတူ မိုးဟေကို က ဘယ်လိုပုံစံနဲ့ လိုက်ဖက်စွာ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာ ပရိသတ်ကြီး ဆက်လက်စောင့်မျှော် ကြည့်ရူအားပေး ကြပါအုံးနော်။ လှပတဲ့ ကိုယ်ခန္ဒာအချိုးအစားနဲ့ ချောမောလှတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မိုးဟေကိုက နိုင်ငံကျော်မင်းသား မင်းသမီးတွေ တက်ရောက်ခဲ့တဲ့ L’Oreal Paris Red Carpet ပွဲမှာ Best of Beauty (Glamour)ဆုကို ရရှိခဲ့သူလဲဖြစ် ပါတယ်နော်။ အခုတစ်ခါမှာလဲ မိုးကို KER Residence & KER Rendezvous ဖွင့်ပွဲမှာ နိုင်ငံကျော်မင်းသား နေတိုးနဲ့အတူတက် ရောက်ခဲ့ပြီး လူအများကြားထင်နေအောင် မိုးရဲ့အလှတွေက ပေါ်လွင်ခဲ့ပါတယ်နော်။ ပရိသတ်တွေ ချစ်တဲ့ မိုးကတော့ Eliza ရဲ့ 2nd Year Anniversary Reward Sales Event လေးကိုတက်ရောက်ဖြစ်ပြီး မိုးရဲ့ အသားအရည် ထိန်းသိမ်းတဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးဖြစ်ခဲ့တယ်။ မိုးဟေကိုကတော့ သူမရဲ့ခံစားချက်တွေကို ယခုလိုဆိုထားပါတယ် “မိန်းကလေးတိုင်း ရဲ့ စိတ်ကူးအိပ်မက်က ကိုယ်ကိုကိုယ် မိဖုရားတပါးလို့ စိတ်ကူးခဏခဏ ယဉ်ကြည့်ဖူးမှာပါ💯 တချို့ဆို မိဖုရားဆိုတာထက် ကိုယ့်ဘဝမှာ ကိုယ်သာလျှင် ဘုရင်မတပါးလို့ သတ်မှတ်ထားသူ တွေလည်းရှိကြတယ်နော်😊 မိုးလည်း မိဖုရားဖြစ်ချင်လား ၊ ဘုရင်မဖြစ်ချင်လား စဉ်းစားကြည့်နေ မိတယ်” ဆိုပြီး မိုးရဲ့ အကောင့်မှာ ဖော်ပြထားပါတယ်။ မိုးဟေကိုတစ်ယောက် ဒီဇိုင်းနာ ကောင်းမြတ်စံ ဖန်တီးထားတဲ့ ထိုင်မသိမ်းဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here