Celebrity

ရိုးရွင္းၿပီး က်က္သေရရွိတဲ့ အလွတရားမ်ားနဲ႕ စာနယ္ဇင္းမိတ္ဆက္ပြဲေလးကို တက္ေရာက္ခဲ့တဲ့ ၀ါဆိုမိုးဦး

Zawgyi Font:

ခႏၶာကိုယ္ေတာင့္တင္းလွပၿပီး အေရွ႕ေတာင္ အာရွဆန္တဲ့ မ်က္ႏွာမ်ိဳးကို ပိုင္ဆိုင္ထားတဲ့ ၀ါဆိုမိုးဦးကို ရုပ္ရွင္ဇာတ္ကားမ်ားစြာမွာ ပါ၀င္သရုပ္ေဆာင္ရင္း သူမရဲ႕ဟန္ပန္အျပဳအမူေလးမ်ားက ပရိသတ္မ်ားကို အားေပးခ်စ္ခင္ေစခဲ့ပါတယ္။ အႏုပညာအလုပ္မ်ားကို ဆက္လက္လုပ္ကိုင္ျဖစ္ေနတဲ့ ၀ါဆိုမိုးဦးဟာ photo shooting မ်ားကိုလည္း ရံဖန္ရံခါ ျပဳလုပ္ေနရတာ ျဖစ္ပါတယ္။

Photo :  Warso Moe Oo

၀ါဆိုမိုးဦးက သူမ ပါ၀င္သရုပ္ေဆာင္ထားတဲ့ “ၾကီးျမတ္ေသာ ျမန္မာ” 3D ဇာတ္ကားၾကီး စာနယ္ဇင္းမိတ္ဆက္ပြဲေလးကို က်က္သေရရွိတဲ့ ျမန္မာအမ်ိဳးသမီးတစ္ဦးအသြင္နဲ႕ တက္ေရာက္ခဲ့ပါတယ္။ ၀ါဆိုမိုးဦးက ရိုးရွင္းတဲ့ အျပင္အဆင္ေလးနဲ႕ အျဖဴေရာင္ ဇာအကၤ်ီေလးကို ၀တ္ဆင္ခဲ့တာေၾကာင့္ ထင္ေပၚလွပေနခဲ့ပါတယ္။

Photo :  Warso Moe Oo

၀ါဆုိမိုးဦးက ““ျကီးျမတ္ေသာ ျမန္မာ “3D႐ုပ္ရွင္ဇာတ္ကားႀကီး စာနယ္ဇင္းမိတ္ဆက္ပဲြေန႔ေလးကပါ ❤️👏🏻” ဆုိၿပီး စာနယ္ဇင္းမိတ္ဆက္ပြဲေလးကို တက္ေရာက္ျဖစ္ခဲ့တဲ့ ပံုေလးမ်ားကို လူမႈကြန္ယက္ေပၚမွာ ေ၀မွ်ခဲ့ပါတယ္။ ေပါ့ပါးတဲ့ ဖက္ရွင္ေလးနဲ႕သာ အျမင္မ်ားတဲ့ ၀ါဆိုမိုးဦးကို အခုလို ပံုေလးနဲ႕ ျမင္ေတြ႕ရလို႕  ပရိသတ္မ်ား အံ့ၾသခဲ့ၾကၿပီး လူေတာင္မွားသြားတယ္လို႕ ဆုိၾကပါတယ္။

Photo :  Warso Moe Oo

Photo :  Warso Moe Oo

“ၾကီးျမတ္ေသာ ျမန္မာ” 3D ဇာတ္ကားၾကီးကို Forever Group & EBS တို႔က စီစဥ္ရိုက္ကူးတာျဖစ္ၿပီး ႏိုင္းႏိုင္း၊ ရဲေအာင္၊ ထိုက္စံေမာ့စ္၊ ၀ါဆိုမိုးဦး၊ ဂ်ဴးဂ်ဴးေကနဲ႕ အျခားေသာ အႏုပညာရွင္မ်ားစြာက ပါ၀င္သရုပ္ေဆာင္ခဲ့ၾကၿပီး ပရိသတ္မ်ားရဲ႕ အားအေပးဆံုး ဇာတ္ကားၾကီး ျဖစ္ခဲ့ပါတယ္။

Photo :  Warso Moe Oo

Source :  Warso Moe Oo Facebook

 

Unicode Font:

ခန္ဓာကိုယ်တောင့်တင်းလှပပြီး အရှေ့တောင် အာရှဆန်တဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားတဲ့ ဝါဆိုမိုးဦးကို ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း သူမရဲ့ဟန်ပန်အပြုအမူလေးများက ပရိသတ်များကို အားပေးချစ်ခင်စေခဲ့ပါတယ်။ အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်ဖြစ်နေတဲ့ ဝါဆိုမိုးဦးဟာ photo shooting များကိုလည်း ရံဖန်ရံခါ ပြုလုပ်နေရတာ ဖြစ်ပါတယ်။

ဝါဆိုမိုးဦးက သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “ကြီးမြတ်သော မြန်မာ” 3D ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲလေးကို ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦးအသွင်နဲ့ တက်ရောက်ခဲ့ပါတယ်။ ဝါဆိုမိုးဦးက ရိုးရှင်းတဲ့ အပြင်အဆင်လေးနဲ့ အဖြူရောင် ဇာအင်္ကျီလေးကို ဝတ်ဆင်ခဲ့တာကြောင့် ထင်ပေါ်လှပနေခဲ့ပါတယ်။

ဝါဆိုမိုးဦးက ““ကြီးမြတ်သော မြန်မာ “3Dရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲနေ့လေးကပါ ❤️👏🏻” ဆိုပြီး စာနယ်ဇင်းမိတ်ဆက်ပွဲလေးကို တက်ရောက်ဖြစ်ခဲ့တဲ့ ပုံလေးများကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှခဲ့ပါတယ်။ ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့သာ အမြင်များတဲ့ ဝါဆိုမိုးဦးကို အခုလို ပုံလေးနဲ့ မြင်တွေ့ရလို့  ပရိသတ်များ အံ့သြခဲ့ကြပြီး လူတောင်မှားသွားတယ်လို့ ဆိုကြပါတယ်။

“ကြီးမြတ်သော မြန်မာ” 3D ဇာတ်ကားကြီးကို Forever Group & EBS တို့က စီစဉ်ရိုက်ကူးတာဖြစ်ပြီး နိုင်းနိုင်း၊ ရဲအောင်၊ ထိုက်စံမော့စ်၊ ဝါဆိုမိုးဦး၊ ဂျူးဂျူးကေနဲ့ အခြားသော အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်များရဲ့ အားအပေးဆုံး ဇာတ်ကားကြီး ဖြစ်ခဲ့ပါတယ်။

Source :  Warso Moe Oo Facebook

Comment here