Celebrity

အသက် (၁) နှစ်ပြည့်သွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam

Zawgyi Font:


Photo : Aye Zaw Moe

Photo : Aye Zaw Moe


Photo : Aye Zaw Moe

Photo : Aye Zaw Moe

Photo : Aye Zaw Moe


Photo : Aye Zaw Moe

Photo : Aye Zaw Moe

Photo : Aye Zaw Moe

Photo : Aye Zaw Moe

Photo : Aye Zaw Moe


 

Unicode Font:

ယွန်းဝတီလွင်မိုးရဲ့ သားလေး လွင်ထက် (ခေါ်) Liam လေးက သြဂုတ်လ (၆) ရက်နေ့မှာ အသက် (၁) နှစ်ပြည့်သွားခဲ့တာဖြစ်ပြီး မွေးနေ့အလှူပွဲလေးကို ရန်ကုန်မြို့ ကမ္ဘာအေး တိပိဋက မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

Liam လေးရဲ့ ဖေဖေ ထက်ဦးလှိုင်နဲ့ မေမေ ယွန်းဝတီလွင်မိုးတို့က သြစတေးလျမှာ ပညာသင်ကြားဖို့အတွက် ပြန်သွားခဲ့တာကြောင့် မွေးနေ့ပွဲလေးကို နှစ်ဖက်သော ဖိုးဖိုးဖွားဖွားများနဲ့ ပြုလုပ်ကျင်းပခဲ့ပါတယ်။ သားလေးရဲ့မွေးနေ့ပွဲကို မိတ်ဆွေများနဲ့ အနုပညာရှင်အသိုင်းအဝိုင်းက မိတ်ဆွေများက လာရောက်ခဲ့ကြပါတယ်။

အဖိုးဖြစ်သူ လွင်မိုးကတော့ ချစ်စရာကောင်းတဲ့ မြေးလေးကို ချစ်မဝဖြစ်နေပြီး မွေးနေ့ပွဲလေးမှာ အနားက မခွာဖြစ်ခဲ့ပါတယ်။ သားလေး Liam က တနေ့တခြား ချစ်ဖို့ကောင်းလာပြီး တုတ်တုတ်ခဲခဲလေးနဲ့ အပြုအမူမျိုးစုံလေးကို လုပ်ပြတတ်တာကြောင့် ပရိသတ်များကပါ ချစ်ခင်ခဲ့ကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. သားလေး Liam အတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ပါဦးနော်။

Comment here