Celebrity

အေးချမ်းတဲ့ ရာသီဥတုမှာ ချစ်သူနဲ့ ကျိုက်ထီးရိုးဘုရားဖူး ရောက်ရှိနေတဲ့ ဘေဘီမောင်

Zawgyi Font:


Photo : Thar Gan

Photo : Thar Gan


Photo : Thar Gan

Photo : Thar Gan


Photo : Thar Gan

Photo : Thar Gan


Photo : Thar Gan

Photo : Thar Gan


 

Unicode Font:

လက်ရှိမှာ ဘေဘီမောင်က ချစ်သူ သားဂန်းနဲ့ ကျိုက်ထီးရိုးဘုရားဖူးရောက်ရှိနေခဲ့ပြီး အေးချမ်းတဲ့ ရာသီမှာ အေးအေးချမ်းချမ်းလေး ဘုရားဖူးထွက်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး မိုးကောင်းတဲ့ ရာသီမှာ ကျိုက်ထီးရိုးဘုရား ရောက်ရှိနေကြတဲ့ သူမတို့အတွဲလေးကို ပရိသတ်များက အံ့အားသင့်ခဲ့ကြပါတယ်။

ဘေဘီမောင်က “အေးချမ်းသောနေရာလေးသို့ အေးအေးချမ်းချမ်းရောက်သွားလို့ အေးချမ်းတဲ့မြန်မာဝတ်စုံလေးဝတ်ထားပြီး အရမ်းအေးနေပါတယ်လို့☺️😍” ဆိုပြီး ရိုးယဉ်တဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိလှတဲ့ ပုံလေးများနဲ့ ကျိုက်ထီးရိုးဘုရားက လှပတဲ့ ရှုခင်းများကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

ဘေဘီမောင်က အရင်ကထက် ပိုပြီးတည်ငြိမ်လာခဲ့သလို ဘုရားသွားကျောင်းတက်၊ အလှူအတန်းအလုပ်များကို အနုပညာအလုပ်များထက် ပိုမိုလုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ဘေဘီမောင်ဟာ ပရိသတ်များစွာက အားပေးချင်ခင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများ၊ ပွဲအခမ်းအနားများနဲ့ ဓာတ်ပုံရိုက်ရေးများကို ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။

ဂရုတစိုက် ချစ်တတ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့အချစ်ရေးကတော့ ပျော်ရွှင်သာယာနေတာဖြစ်ပြီး စီးပွားရေးအနေနဲ့ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Source : Baby Maung Facebook

Comment here