EventHot News


Photo: iMyanmarHouse.com


မန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် United Fortune Co., Ltd. တို့ပူးပေါင်းကျင်းပသော ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ Laya Resort အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ (၃) နှင့် (၄) ရက်နေ့များတွင် ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ရှိ ကန်သာယာစင်တာ ၊ Wyndham Hotel တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။

Photo: iMyanmarHouse.com


Photo: iMyanmarHouse.com


Photo: iMyanmarHouse.com



Source: iMyanmarHouse.com and United Fortune Co., Ltd Laya Resort အရောင်းပြပွဲ

Unicode

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် နာမည်ကြီး Wyndham ဟိုတယ် ပိုင်ဆိုင်နိုင်မည့် Laya Resort အရောင်းပြပွဲ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အို်င်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် United Fortune Co., Ltd. တို့ပူးပေါင်းကျင်းပသော ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ Laya Resort အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ (၃) နှင့် (၄) ရက်နေ့များတွင် ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ရှိ ကန်သာယာစင်တာ ၊ Wyndham Hotel တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲတွင်
United Fortune Company Limited မှ Managing Director မခင်စန္ဒာဝင်း ၊ စွယ်စုံ Media Group ၏ Social Influencer and Director ဒေါက်တာနုမြတ်သိင်္ဂီဦး ၊ iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပွဲအခမ်းအနားကြီးကို အောင်မြင်စွာ အစပြုခဲ့သည်။

Laya Resort သည် ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်ဖြစ်ပြီး ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် တည်ရှိသည်။ အဆိုပါ Resort တွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အိမ်ငှားရမရ စိတ်ပူရန်မလိုခြင်း ၊ ပြန်ရောင်းလျှင် စျေးလျော့မှာ စိတ်ပူရန်မလိုခြင်း ၊ အခွန်အခများပေးရမည်ကို စိတ်ပူရန်မလိုခြင်း ၊ ရင်းနှီးမြှပ်နှံမှု အစမှ အဆုံး အသေးစိတ် စီမံခန့်ခွဲရန်မလိုသည့်အပြင် ကျပ်ငွေ တစ်လ သိန်း (၅၀) ပေးသွင်းရုံ ဖြင့်ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သည်။

အကျိုးအမြတ်ခွဲဝေရာတွင်လည်း ပထမ (၅) နှစ်အတွင်းတွင် အငှားအာမခံဝင်ငွေ (၇%) ရရှိမည်ဖြစ်ပြီး ဒုတိယ (၁၀) နှစ်အတွင်းတွင် ဟိုတယ် အသားတင်အမြတ် ခွဲဝေမှု ၁၀ % အထိရရှိမည်ဖြစ်သည်။ အချိန်ကာလအားဖြင့် ၁ဝနှစ်မှ ၁၂ နှစ်အတွင်း အရင်းကြေနိုင်မည်ဖြစ်သည်။ လစဉ်ပြန်လည် ငှားရမ်းမှုအနေဖြင့် ကျပ်ငွေ ၂၂ သိန်းအထိ ရရှိနိုင်မည်ဖြစ်သည်။

“ ဒီအရောင်းပြပွဲမှာတော့ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာရှိတဲ့ Laya Resort ကအခန်းတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာဆိုရင် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာအဆင့်မှီ ဟိုတယ်လုပ်ငန်းစုကြီးတွေမှာ ပါဝင်ရင်းနှီးမြှုပ်နှံလို့ ရနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ နာမည်ကြီး ဟိုတယ်ကို ပိုင်ဆိုင်နိုင်မည့် အထူးအခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ် ။ အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားရင် ဒီ Laya Resort မှာ ပါဝင်ရင်းနှီးမြှုပ်နှံထားပါ။ အငြိမ်းစားယူနိုင်မည့် လစဉ်ဝင်ငွေကို ပြန်လည်ရရှိနိုင်မှာပဲ ဖြစ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

Comment here