Celebrity

အကြည့်တချက်ကြောင့် ပုရိသအပေါင်း ကြွေကျသွားစေတဲ့ ပန်းရောင်ခြယ်

Zawgyi Font:


Photo : Pan Yaung Chel


Photo : Phonn Photography


Photo : Pan Yaung Chel


Photo : Ya Wai


 

Unicode Font:

ဖခင်ဖြစ်သူ ဂရေဟမ်နဲ့အတူ တေးသီချင်းများကို လက်တွဲလုပ်ရင်းနဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်လာတဲ့ ပန်းရောင်ခြယ်ဟာ လှပပြီး စကားပြောယဉ်ကျေးတာကြောင့် တခဏအတွင်းမှာပဲ ပရိသတ်များရဲ့ အားပေးချစ်ခင်မှုကို တဟုန်ထိုး ရရှိလာခဲ့ပါတယ်။

အများအားဖြင့် မိဘများနဲ့အတူ ပွဲအခမ်းအနားများကို အတူတက်ရောက်လေ့ရှိတာကြောင့် သမီးအလိမ္မာလေးလို့ ထင်ကြေးပေးကြပါတယ်။ ငယ်ရွယ်ပြီး လှပတဲ့ ဂုဏ်သတင်းကြောင့် ပုရိသအမျိုးသားတွေ သဘောကျခဲ့ကြပြီး သူမရဲ့နေ့စဉ်လှုပ်ရှားမှုလေးများကိုလည်း စောင့်ကြည့်အားပေးကြပါတယ်။

ယနေ့မှာ ပန်းရောင်ခြယ်က သူမရဲ့ချစ်စရာကောင်းတဲ့ ပုံလေးတစ်ပုံနဲ့ “သူ ဘာလို့ အဲ့ဒီမျက်ဝန်းတွေနဲ့ ကြည့်တာလဲ ? 🌸” ဆိုတဲ့ စတေးတပ်လေးကို ရေးကာ လူမှုကွန်ယက်ပေါ်မှာ တင်လိုက်ပြီးနောက် တခဏအတွင်းမှာ သဘောကျသူများနဲ့ မှတ်ချက်ပေါင်း သန်းဂဏာန်း၊ ရာဂဏာန်းရှိသွားခဲ့ပါတယ်။

ပန်းရောင်ခြယ်က လက်ရှိမှာ သူမအတွက် ပထမဦးဆုံးဇာတ်လမ်းလေးတစ်ပုဒ်ကို ရိုက်ကူးနေပြီး သူမရဲ့ပထမဆုံး တစ်ကိုယ်တော်ခွေကလည်း မကြာခင်ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ သူမရဲ့တစ်ကိုယ်တော်အခွေနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်များက အတော်လေး စိတ်ဝင်စားနေပြီး ချိုမြိန်တဲ့ သူမရဲ့အသံလေးနဲ့ သီချင်းများကိုလည်း နားဆင်ချင်နေကြပါပြီ။

Source : Pan Yaung Chel Facebook

Comment here