Celebrity

ၾကိဳးစားခဲ့တဲ့ အႏုပညာေၾကးေလးနဲ႕ မိဘမ်ားကို ကန္ေတာ့ခဲ့တဲ့ စူးရွထက္

Zawgyi Font:

ေ၀ဖန္မႈမ်ားၾကားထဲက အားမေလွ်ာ့ဘဲ ၾကိဳးစားလာခဲ့တဲ့ စူးရွထက္ဟာ အခုဆုိရင္ ေအာင္ျမင္တဲ့ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိလာခဲ့ပါတယ္။ ဘယ္ေလာက္ပဲ ေ၀ဖန္ေ၀ဖန္ စိတ္မဆိုးဘဲ သည္းခံတတ္မႈေၾကာင့္ ပရိသတ္မ်ားကလည္း ေနာက္ပိုင္းမွာ ခ်ီးက်ဴးကာ အားေပးလာတာကို ေတြ႕ရပါတယ္။

Photo : Sue Sha Htet

သူမ ခ်စ္တဲ့ အႏုပညာအလုပ္မ်ားက ရရွိလာတဲ့ ေငြေၾကးမ်ားကိုလည္း မိဘေမာင္ႏွမမ်ားအေပၚကို ေထာက္ပံ့ကာ မိဘေက်းဇူးသိတတ္တဲ့ သမီးေလးလည္း ျဖစ္ပါတယ္။ စူးရွထက္က အခုေနာက္ပိုင္းမ်ားမွာ နယ္ပြဲမ်ားကို လက္ခံလာရၿပီး နယ္မ်ားအထိ ဆင္းကာ ေဖ်ာ္ေျဖပြဲမ်ား လုပ္လာရပါတယ္။ ဒီေန႕မွာေတာ့ နယ္ပြဲေလးက ရရွိတဲ့ အႏုပညာေၾကးေလးနဲ႕ မိဘမ်ားကို ကန္ေတာ့ကာ ဆုေတာင္းေမတၱာမ်ား ခံယူခဲ့ပါတယ္။

Photo : Sue Sha Htet

စူးရွထက္က ဧၿပီလ (၂၉) ရက္ေန႕က မဂၤလာေစ်းမွတ္တုိင္နားမွာ ေအာက္ကပူေနတာေတာင္ အခင္းေလးခင္းၿပီး ပဲမုန္႕တစ္ခု (၅၀) နဲ႕ေရာင္းေနတဲ့ အဘုိးဆီက မုန္႕ေတြအကုန္၀ယ္ခဲ့ၿပီး က်န္းမာေရးအတြက္ အလွဴေငြ (၁) သိန္းကို လွဴဒါန္းခဲ့ပါတယ္။ စူးရွထက္က အသက္အရြယ္ၾကီးတဲ့ အဘိုးအဘြားမ်ားကို တက္ႏိုင္သေလာက္ေလး ကူညီေပးေနတာကိုလည္း ေတြ႕ရပါတယ္။

Photo : Sue Sha Htet

စူးရွထက္က သၾကၤန္ၿပီးသြားၿပီးေနာက္ အႏုပညာအလုပ္မ်ားကို ဆက္တုိက္လုပ္ကိုင္ေနခဲ့ၿပီး လက္ရွိမွာေတာ့ photo shooting မ်ားအတြက္ ဓာတ္ပံုရိုက္ကူးေပးေနတာ ျဖစ္ပါတယ္။ အႏုပညာလမ္းခရီးတေလွ်ာက္ ေ၀ဖန္ခ်က္ဆိုးမ်ားနဲ႕အမ်ိဳးမ်ိဳး ထိုးႏွက္မႈမ်ားကို ခံခဲ့ရေပမယ့္ စူးရွထက္က လဲၿပိဳမသြားဘဲ ပိုမိုေအာင္ျမင္လာခဲ့ပါတယ္။

Photo : Sue Sha Htet

Source : Sue Sha Htet Facebook

 

Unicode Font:

ဝေဖန်မှုများကြားထဲက အားမလျှော့ဘဲ ကြိုးစားလာခဲ့တဲ့ စူးရှထက်ဟာ အခုဆိုရင် အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဘယ်လောက်ပဲ ဝေဖန်ဝေဖန် စိတ်မဆိုးဘဲ သည်းခံတတ်မှုကြောင့် ပရိသတ်များကလည်း နောက်ပိုင်းမှာ ချီးကျူးကာ အားပေးလာတာကို တွေ့ရပါတယ်။

သူမ ချစ်တဲ့ အနုပညာအလုပ်များက ရရှိလာတဲ့ ငွေကြေးများကိုလည်း မိဘမောင်နှမများအပေါ်ကို ထောက်ပံ့ကာ မိဘကျေးဇူးသိတတ်တဲ့ သမီးလေးလည်း ဖြစ်ပါတယ်။ စူးရှထက်က အခုနောက်ပိုင်းများမှာ နယ်ပွဲများကို လက်ခံလာရပြီး နယ်များအထိ ဆင်းကာ ဖျော်ဖြေပွဲများ လုပ်လာရပါတယ်။ ဒီနေ့မှာတော့ နယ်ပွဲလေးက ရရှိတဲ့ အနုပညာကြေးလေးနဲ့ မိဘများကို ကန်တော့ကာ ဆုတောင်းမေတ္တာများ ခံယူခဲ့ပါတယ်။

စူးရှထက်က ဧပြီလ (၂၉) ရက်နေ့က မင်္ဂလာဈေးမှတ်တိုင်နားမှာ အောက်ကပူနေတာတောင် အခင်းလေးခင်းပြီး ပဲမုန့်တစ်ခု (၅၀) နဲ့ရောင်းနေတဲ့ အဘိုးဆီက မုန့်တွေအကုန်ဝယ်ခဲ့ပြီး ကျန်းမာရေးအတွက် အလှူငွေ (၁) သိန်းကို လှူဒါန်းခဲ့ပါတယ်။ စူးရှထက်က အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားများကို တက်နိုင်သလောက်လေး ကူညီပေးနေတာကိုလည်း တွေ့ရပါတယ်။

စူးရှထက်က သြင်္ကန်ပြီးသွားပြီးနောက် အနုပညာအလုပ်များကို ဆက်တိုက်လုပ်ကိုင်နေခဲ့ပြီး လက်ရှိမှာတော့ photo shooting များအတွက် ဓာတ်ပုံရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ အနုပညာလမ်းခရီးတလျှောက် ဝေဖန်ချက်ဆိုးများနဲ့အမျိုးမျိုး ထိုးနှက်မှုများကို ခံခဲ့ရပေမယ့် စူးရှထက်က လဲပြိုမသွားဘဲ ပိုမိုအောင်မြင်လာခဲ့ပါတယ်။

Source : Sue Sha Htet Facebook

Comment here