Celebrity

နေတိုးကို ပရိသတ်တွေ အံ့သြရလောက်အောင် မိန်းကလေးတစ်ယောက်လို လှနေပြန်တဲ့ပုံရိပ်…..

Zawgyi Font :

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ အကယ်ဒမီမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ကျရာ ဇာတ်ရုပ်မှာ သရုပ်သဏ္ဍာန်ပေါ်အောင် အမြဲကြိုးကြိုးစားစား သရုပ်ဆောင်တတ်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ နေတိုးကတော့ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ မိန်းကလေးပုံစံနဲ့ သရုပ်ဆောင်နေတဲ့ပုံပါပဲ။

Photo : May Oo fb and Min Thet Saen fb / Nay Toe fb
Photo : May Oo fb and Min Thet Saen fb / Nay Toe fb
Photo : May Oo fb and Min Thet Saen fb / Nay Toe fb

အလှဖန်တီးရှင်မေဦးနဲ့ ဒီဇိုင်နာ မင်းသက်စံတို့ကတော့ သူတို့နှစ်ယောက်ပေါင်းပြီး နေတိုးကို မိန်းကလေးပုံစံပြင်ဆင်ပေးထားတဲ့အကြောင်းကို “ကိုနေတိုးကို ရုပ်ရှင်ကားကြီးအတွက် ဒုတိယအကြိမ်မြောက် ပြင်ဆင်ပေးထားတာ ဒီတခါတော့ natural look ပုံစံပဲ ပြင်ရတဲ့အတွက် မိန်ကလေးပုံစံလေး ပေါက်အောင်ပြင်ပေးထားပါတယ် မြန်မာဝတ်ဆုံလေးကိုတော့ ကိုမင်းသက်စံက ချုပ်ပေးထားတာပါ” လို့ရေးပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

Photo : May Oo fb and Min Thet Saen fb / Nay Toe fb
Photo : May Oo fb and Min Thet Saen fb / Nay Toe fb

မိန်းကလေးဆန်ဆန်ပြင်ဆင်မှုတွေနဲ့ လိုက်ဖက်လွန်းတဲ့ နေတိုးရဲ့ ဓါတ်ပုံတွေကတော့ အင်တာနက်ပရိသတ်တွေကြားမှာလည်း တော်တော်လေး ပျံ့နှံ့နေပြီး ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်။ နေတိုးကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် နေတိုးရဲ့ ရိုက်ကွင်းက ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source : May Oo fb and Min Thet Saen fb / Nay Toe fb

Photo : May Oo fb and Min Thet Saen fb / Nay Toe fb

Unicode Font :




Source : May Oo fb and Min Thet Saen fb / Nay Toe fb

Photo : May Oo fb and Min Thet Saen fb / Nay Toe fb

 

Comment here