Celebrity

ႏွစ္ဦးသား ေနာက္ေျပာင္ေနတတ္တာ ဘယ္သူမွမသိၾကဘူးဆုိတဲ့ ၿဖိဳးေလးနဲ႕ ၀ါဆိုမိုးဦး

Zawgyi Font:

တစ္ဦးအေပၚ တစ္ဦး နားလည္မႈအျပည့္နဲ႕ ခ်စ္သူဘ၀ေလးကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနၾကတဲ့ ၿဖိဳးေလးနဲ႕ ၀ါဆိုတို႕အတြဲေလးက ျမင္ရသူတိုင္းကို ၾကည္ႏူးေစပါတယ္။ သြားအတူ လာအတူ ႏွစ္ကိုယ့္တစ္စိတ္လို တြဲျမင္ရတဲ့ သူတို႕စံုတြဲေလးက လက္ရိွမွာ ေခ်ာင္းသာကမ္းေျခကို အပန္းေျဖဖို႕အတြက္ ေရာက္ရွိေနၾကပါတယ္။

Photo : Min Hein Khant

သူတုိ႕အတြဲေလးက ခပ္တည္တည္ၾကီးေနတတ္ၾကတာ မဟုတ္ဘဲ စေနာက္ေျပာင္တတ္ၾကတယ္လို႕ ၀ါဆိုက ဆုိပါတယ္။

“ကိုယ္ေတြ ဒီလိုေျပာင္ေနာက္ေနတတ္တာ ဘယ္သူမွမသိၾကဘူးမလား???🤪😄” ဆိုၿပီး ဇူလိုင္လ (၃၀) ရက္ေန႕ ည (၈) နာရီေလာက္က ၀ါဆိုရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

Photo : Min Hein Khant

ဇူလိုင္လ (၂၆) ရက္ေန႕က ၀ါဆိုမုိးဦးရဲ႕ အသက္ (၂၅) ေန႕ျပည့္ ေမြးေန႕ေလးျဖစ္ၿပီး သူမရဲ႕ ေမြးေန႕အတြက္ ခ်စ္သူနဲ႕ သူငယ္ခ်င္းမ်ားက birthday surprise ေလးမ်ား လုပ္ေပးခဲ့ၾကပါတယ္။ ဒါ့အျပင္ ၿဖိဳးေလးက ခ်စ္သူ သေဘာက်ေနတဲ့ အိတ္ေလးကိုပါ လက္ေဆာင္ေပးခဲ့တာေၾကာင့္ ၀ါဆိုတစ္ေယာက္ အတုိင္းမသိေပ်ာ္ရႊင္ခ့ဲပါတယ္။

Photo : Min Hein Khant

လူငယ္မ်ားၾကား ေရပန္းစားေနတဲ့ အႏုပညာရွင္စံုတြဲမ်ားထဲက တစ္တြဲျဖစ္တဲ့ အဆိုေတာ္ ၿဖိဳးေလးနဲ႕ သရုပ္ေဆာင္- အဆိုေတာ္ ၀ါဆိုမိုးဦးတို႕အတြဲေလးက သူတို႕ရဲ႕အႏုပညာနယ္ပယ္အသီးသီးမွာ ေအာင္ျမင္မႈကိုယ္စီ ရရွိထားၾကတဲ့ သူမ်ားလည္း ျဖစ္ပါတယ္။ ခ်စ္သူသက္တမ္း (၃) ႏွစ္ေက်ာ္ (၄) ႏွစ္နီးပါး ရွိၿပီျဖစ္တဲ့ သူတို႕အတြဲေလးက တစ္ဦးနဲ႕တစ္ဦး surprise လုပ္ရတာ ၾကိဳက္တယ္လို႕သိရပါတယ္။

Photo : Min Hein Khant

Photo : Min Hein Khant

Source : Warso Moe Oo Facebook

 

Unicode Font:

တစ်ဦးအပေါ် တစ်ဦး နားလည်မှုအပြည့်နဲ့ ချစ်သူဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုတို့အတွဲလေးက မြင်ရသူတိုင်းကို ကြည်နူးစေပါတယ်။ သွားအတူ လာအတူ နှစ်ကိုယ့်တစ်စိတ်လို တွဲမြင်ရတဲ့ သူတို့စုံတွဲလေးက လက်ရှိမှာ ချောင်းသာကမ်းခြေကို အပန်းဖြေဖို့အတွက် ရောက်ရှိနေကြပါတယ်။

သူတို့အတွဲလေးက ခပ်တည်တည်ကြီးနေတတ်ကြတာ မဟုတ်ဘဲ စနောက်ပြောင်တတ်ကြတယ်လို့ ဝါဆိုက ဆိုပါတယ်။

“ကိုယ်တွေ ဒီလိုပြောင်နောက်နေတတ်တာ ဘယ်သူမှမသိကြဘူးမလား???🤪😄” ဆိုပြီး ဇူလိုင်လ (၃၀) ရက်နေ့ ည (၈) နာရီလောက်က ဝါဆိုရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ဇူလိုင်လ (၂၆) ရက်နေ့က ဝါဆိုမိုးဦးရဲ့ အသက် (၂၅) နေ့ပြည့် မွေးနေ့လေးဖြစ်ပြီး သူမရဲ့ မွေးနေ့အတွက် ချစ်သူနဲ့ သူငယ်ချင်းများက birthday surprise လေးများ လုပ်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ဖြိုးလေးက ချစ်သူ သဘောကျနေတဲ့ အိတ်လေးကိုပါ လက်ဆောင်ပေးခဲ့တာကြောင့် ဝါဆိုတစ်ယောက် အတိုင်းမသိပျော်ရွှင်ခဲ့ပါတယ်။

လူငယ်များကြား ရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲများထဲက တစ်တွဲဖြစ်တဲ့ အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင်- အဆိုတော် ဝါဆိုမိုးဦးတို့အတွဲလေးက သူတို့ရဲ့အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီ ရရှိထားကြတဲ့ သူများလည်း ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၃) နှစ်ကျော် (၄) နှစ်နီးပါး ရှိပြီဖြစ်တဲ့ သူတို့အတွဲလေးက တစ်ဦးနဲ့တစ်ဦး surprise လုပ်ရတာ ကြိုက်တယ်လို့သိရပါတယ်။

Source : Warso Moe Oo Facebook

Comment here