Health

ကျန်းမာရေးနဲ့ပြည့်စုံဖို့ အစိမ်းအတိုင်း စားဖို့ရန် မသင့်တော်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

အချို့အစားအစာတွေက အစိမ်းလိုက်စားသုံးဖို့ ဘေးကင်းပေမယ့် အချို့ကတော့ အစာခြေဖျက်ဖို့ ခက်ခဲတာကြောင့် အဆိပ်အတောက်ဖြစ်ကာ လူကို နာမကျန်းဖြစ်စေပါတယ်။ အခုဖော်ပြပေးမှာကတော့ insider သတင်းဌာနကနေ တွေ့ရှိလာတဲ့ အစိမ်းလိုက်မစားသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။

ကြက်ဥ

ကြက်ဥစိမ်းတွေဟာ ဆာလ်မိုနယ်လာ ဘက်တီးရီးယားတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ဒီဘက်တီရီးယားတွေ သေဖို့အတွက်ဆိုရင်တော့ လုံလောက်တဲ့အပူချိန် (၁၄၅) ဒီဂရီဖာရင်ဟိုက်မှာ အပူပေးပြီး ချက်ပြုတ်ဖို့ လိုပါတယ်။ တကယ်လို့ မဖြစ်မနေ ကြက်ဥစိမ်းစားရမယ်ဆိုရင်လည်း ပိုးသတ်ထားတဲ့ ကြက်ဥတွေကိုသာ စားသုံးသင့်ပါတယ်။

အာလူး

အာလူးတွေကို အစိမ်းလိုက်စားသုံးတဲ့အခါ လေထတာနဲ့ အစာအိမ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။ အာလူးတွေမှာ အစာခြေဖျက်ခြင်းကို ဟန့်တားပေးတဲ့ ကစီဓာတ် ကော်တွေ ပါဝင်ပါတယ်။ အာလူးကို ချက်ပြုတ်လိုက်တဲ့အခါမှသာ ဒီကော်တွေဟာ ပြိုကွဲသွားတာ ဖြစ်ပါတယ်။ အာလူးတွေကို ပူနွေးစွတ်စိုတဲ့နေရာမှာ အချိန်အကြာကြီးလည်း မထားသင့်ပါဘူး။ အာလူးတွေဟာ အစိမ်းရောင်ဘက်ပြောင်းသွားတဲ့အခါ ဆိုလာနိုင်းလို့ခေါ်တဲ့ အဆိပ်တွေ ထွက်ပေါ်လာပါတယ်။ အကယ်၍ အာလူးမှာ အစိမ်းရောင်အစက်လေးတွေ တွေ့ရင်လည်း မစားသုံးသင့်ပါဘူး။ အကြောင်းရင်းကတော့ ဆိုလာနိုင်းဟာ အစာအဆိပ်သင့်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

နို့

ပိုးမသတ်ရသေးတဲ့ နို့တွေကို အစိမ်းလိုက် မသောက်သုံးသင့်ပါဘူး။ အီလိုလိုင် သို့မဟုတ် ဆာလ်မွန်နယ်လာခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ခြေများပါတယ်။ များသောအားဖြင့်တော့ စတိုးဆိုင်တွေမှာ ရောင်းတဲ့နို့တွေဟာ အပူပေးပြီး ပိုးသတ်ထားတာတွေ များပါတယ်။ တချို့ဆိုင်တွေကျတော့လည်း ပိုးမသတ်ရသေးတဲ့ နို့စိမ်းတွေကို ဒီတိုင်းရောင်းတာမျိုး ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝယ်တဲ့ နို့ကို ပိုးသတ်ပြီးလား၊ မသတ်ရသေးဘူးလားဆိုတာ သေချာကြည့်ပြီးမှ ၀ယ်ယူသောက်သုံးသင့်ပါတယ်။

အညှောင့်များ

ပဲပင်ပေါက်လိုမျိုး ပဲညှောင့်တွေဟာ ကျန်းမာရေးနဲ့ သင့်တော်တယ်ဆိုပြီး လူတွေက စားသုံးလေ့ရှိပါတယ်။ ဒါပေမယ့် ပဲညှောင့်ပင်တွေမှာ အန္တရာယ်များတဲ့ အီကိုလိုင်၊ ဆာလ်မွန်နယ်လာနဲ့ လစ်စတီးရီယားလို ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပါတယ်။ ဒီလိုအညှောင့်ပင်တွေဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားရာနေရာဖြစ်တဲ့ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ ရှင်သန်ကြီးထွားလေ့ရှိပါတယ်။ ဒါကြောင့် ပဲညှောင့်တွေကို စားသုံးမယ်ဆိုရင်တော့ လတ်လတ်ဆတ်ဆတ်ရှိရဲ့လား သေချာရွေးဝယ်ဖို့ ၀ယ်ပါတယ်။ ပြီးတော့မှ ရေစင်စင်ဆေးကာ ချက်ပြုတ်စားသုံးသင့်ပါတယ်။

ခရမ်းသီး

ခရမ်းသီးစိမ်းတစ်လုံးမှာ အကြမ်းဖြင်းအနေနဲ့ ဆိုလာနိုင်း(၁၁) မီလီဂရမ်လောက် ပါဝင်ပါတယ်။ ဆိုလာနိုင်းဆိုတာကတော့ ပမာဏများများ လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အယ်ကာလွိုက်ပဲ ဖြစ်ပါတယ်။ ခရမ်းသီးစိမ်းကို ပမာဏများများစားသုံးခဲ့ရင် အစာမကြေ၊ မူးဝေအော့အန်တာနဲ့ ၀မ်းလျှောဝမ်းပျက်တာမျိုးတွေ ဖြစ်ပွားစေနိုင်ပါတယ်။

ကြက်/၀က်အူချောင်း

ကြက်အူချောင်း၊ ၀က်အူချောင်းတွေဟာ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ မဟုတ်ကြပါဘူး။ သူတို့ကို ဒီတိုင်းအစိမ်းလိုက်စားတာကတော့ အန္တရာယ်များပါတယ်။ ကြက်/၀က်အူချောင်းတွေဟာ အဆင်သင့်စားလို့ရတယ်ဆိုပြီး အချို့တွေက မှားယွင်းမှာ မှတ်ယူကြပါတယ်။ FDA အရ ထုတ်ပိုးထားတဲ့ ကြက်/၀က်အူချောင်းတွေမှာ လစ်စတီးရီးယားလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေက အပြည့်ပါနေတတ်ပါတယ်။ ဒီဘက်တီရီးယားတွေဟာ အပူပေးမှပဲ သေနိုင်တဲ့ ဘက်တီးရီယားတွေ ဖြစ်တာကြောင့် အစိမ်းမစားသင့်တဲ့အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

Source : Brightside

Photo : Google

Unicode Font :














Source : Brightside

Photo : Google

Comment here