Celebrity

ငွေယူပြီး အဆက်အသွယ်မရတော့တဲ့ တေးရေးဆရာကို နာမည်နဲ့တကွ ခွန်းဆင့်နေခြည်ပြောလိုက်ပါတယ်…..

Zawgyi Font :

အဆိုတော်၊သရုပ်ဆောင်၊မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခွန်းဆင့်နေခြည်ကတော့ ဒီကနေ့မှာ ပေါက်ကွဲသံစဉ်တစ်ခုကို ပရိသတ်တွေကို ရင်ဖွင့်လိုက်တာဖြစ်ပါတယ်။ ခွန်းဆင့် နေခြည်ကတော့ ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်သီဆိုဖို့ ၂၀၁၉ခုနှစ် ၁လပိုင်းမှာ တေးရေးဆရာတစ်ဦးကို အကူအညီတောင်းခဲ့ပါတယ်။

Photo : Khun Sint Nay Chi fb
Photo : Khun Sint Nay Chi fb
Photo : Khun Sint Nay Chi fb

တေးရေးဆရာအတွက် သီချင်းတစ်ပုဒ်စာငွေ ၆သိန်းကို မိုဘိုင်း Banking ကနေ
လွှဲပေးခဲ့ပြီး ၂ လစောင့်ပေးခဲ့ပေမဲ့ အခုအချိန်အထိ သီချင်းကို မရသေးပဲ တေးရေးဆရာနဲ့လည်း အဆက်အသွယ်ပြတ်နေဆဲ့အကြောင်းကို သူမရဲ့ ဖေစ်ဘုတ်မှာပြောလာတာဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ကတော့ တေးရေးဆရာရဲ့ နာမည်ကို ဖေါ်ပြထားတာဖြစ်ပါတယ်။

Photo : Khun Sint Nay Chi fb
Photo : Khun Sint Nay Chi fb

ခွန်းဆင့်နေခြည်ကတော့ အဆက်အသွယ်မရဖြစ်နေတဲ့ တေးရေးဆရာ တစ်နေရာရာမှာ တစ်ခုခုဖြစ်နေပြီလားလို့ စိုးရိမ်လို့သာ အခုလို ဖေစ်ဘုတ်ပေါ်မှာ ပိုစ့်တင်တာဖြစ်ကြောင်းကိုလည်း ရေးထားပါတယ်။

Source : Khun Sint Nay Chi fb

Photo : Khun Sint Nay Chi fb

Unicode Font :





Source : Khun Sint Nay Chi fb

Photo : Khun Sint Nay Chi fb

 

Comment here