Celebrity
နှုတ်ခမ်းနီမလေးတွေ ကြွေအောင် ဆေးလိပ်ကို အထာကျကျခဲရင်း ပို့စ်ထုတ်ပြလိုက်တဲ့ ဘုန်းမင်းနေလ
Zawgyi Font:
Photo :  Phone min Nay La
Photo :  Phone min Nay La
Photo :  Phone min Nay La
Photo :  Phone min Nay La
Photo :  Phone min Nay La
Unicode Font:
ဘုန်းမင်းနေလက စကာၤပူမှာ ပညာသင်ကြားနေပြီး သူပြန်ရောက်လာချိန်မှာ မိခင်နဲ့အတူ အနုပညာလုပ်ငန်းများကို များစွာလုပ်ကိုင်ခဲ့ပါတယ်။ ဘုန်းမင်းနေလက ပွဲအခမ်းအနားများ၊ ကြေငြာရှုတင်များနဲ့ photo shooting များကို အဆက်မပြတ်လုပ်ကိုင်ခဲ့တာကြောင့် ပရိသတ်များနဲ့ မစိမ်းတော့တဲ့ မော်ဒယ်လ်လေးတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဘုန်းမင်းနေလက သူ့ရဲ့လှုပ်ရှားမှုပုံရိပ်များကို လူမှုကွန်ယက်ပေါ်မှာ မကြာခဏလေး မျှဝေလေ့ရှိပါတယ်။ အခုလည်း “ဆေးလိပ်ကိုမုန်းချင်မုန်းပါ ကိုယ့်ကိုတော့မမုန်းလိုက်ပါနဲ့ 😉😅❤️” ဆိုပြီး ဆေးလိပ်ခဲကာ ပို့စ်ထုတ်နေတဲ့ ပုံလေးများကို ဝေမျှခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ photo post အောက်မှာ မိန်းမချောလေးများ အလုအယက် လာရောက်မှတ်ချက်ပေးကြပါတယ်။
ဘုန်းမင်းနေလက အသက်အားဖြင့် ငယ်ရွယ်သေးပေမယ့် အနုပညာလောကထဲကို ခြေချနေပြီဖြစ်ပြီး အောင်မြင်မှုအသင့်အတင့် ရရှိထားခဲ့ပါပြီ။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှုများကို ပိုမိုရရှိလာတဲ့ ဘုန်းမင်းနေလက လက်ရှိမှာတော့ ပညာရေးကို ဦးစားပေးသင်ကြားနေပါတယ်။
Source :  Phone min Nay La Facebook
Comment here