Celebrity
တရုတ်မင်းသမီး နဲ့တူတယ်လို့ ထင်ကြေးပေးခံနေရတဲ့ ဟန်နာယူရီ
Zawgyi Font:
Photography : Fred
Photography : Fred
Photography : Fred
Photography : Fred
Photography : Fred
Photography : Fred
Unicode Font:
ဟန်နာယူရီက photo shooting တစ်ခုအတွက် ထိုင်းနိုင်ငံ ဘန်ကောက်ကို မကြာခဏ ရောက်ရှိဖြစ်ပြီး အခြားသော ပြည်တွင်းဘက်ကိုလည်း ရောက်ရှိဖြစ်ပါတယ်။ မိတ်ကပ်ဆရာမလေးဖြစ်တာကြောင့် သင်တန်းများလည်း ပို့ချသလို လှပတဲ့ မျက်နှာလေးကြောင့်လည်း အနုပညာဘက်မှာပါ အောင်မြင်ခဲ့ပါတယ်။
Photo shooting များကို ပိုမိုလုပ်ဖြစ်ပြီး ပွဲအခမ်းအနားများကို တစ်ခါတစ်ရံ တက်ရောက်လေ့ရှိပါတယ်။ ဟန်နာယူရီက UNCHAINED MELODY အတွက် ဓာတ်ပုံရိုက်ကူးဖြစ်ခဲ့တဲ့ ပုံရိပ်များကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ မြင်နေကျ မိတ်ကပ်ပြင်ဆင်မျိုးမဟုတ်ဘဲ ထူးခြားတဲ့ အသွင်အပြင်လေးကို ပြင်ဆင်ထားပြီး နောက်ခံနေရာဖွဲ့စည်းပုံကလည်း အမြင်ဆန်းတာကြောင့် ဟန်နာယူရီတစ်ယောက် တရုတ်မင်းသမီးနဲ့တူတယ်ဆိုပြီး ပရိသတ်များက ထင်ကြေးပေးနေကြပါတယ်။
ဟန်နာယူရီဟာ အလုပ်ကိစ္စအတွက်ရော အားလပ်ရက်အတွက်ပါ ပြည်တွင်းပြည်ပခရီးစဉ်လေးများကို သွားရောက်ဖြစ်ခဲ့ပေမယ့် သူမ ဘယ်သွားသွား ရောက်ရှိခဲ့သမျှလေးကို Up to date ဖြစ်အောင် ပုံလေးများကို တင်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိသတ်များရဲ့ ရင်းနှီးချစ်ခင်မှုကို များစွာပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။
ကိုရီးယားသူလေးလို့ ပရိတ်သတ်များက ချစ်စနိူးခေါ်ခဲ့တဲ့ ဟန်နာယူရီကတော့ အောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်လေးဖြစ်ပါတယ်။ အခုနောက်ပိုင်းတွင် သီချင်း MTV လေးများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပွဲအခမ်းအနားများကို တက်ရောက်ဖြစ်နေပါတယ်။ အနုပညာလုပ်ငန်းများကို တက်ကြွစွာ ကြိုးစားလွန်းတဲ့ ဟန်နာယူရီဟာ အလှအပရေးရာသင်တန်းလေးကို ဖွင့်ထားတဲ့ မိတ်ကပ်ဆရာမလေးပါ။ လှပလွန်းတဲ့ မျက်နှာလေးနဲ့လိုက်ဖက်လှတဲ့ အပြုံးချိုလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပုရိသကောင်လေးများအပြင် မိန်းကလေးထုကြီးကလည်း သဘောကျအားပေးခဲ့ပါတယ်။
Source :  Hannayuri Facebook
Comment here