Celebrity

ဆေးဖိုးငွေ (၂) သိန်း ထောက်ပံ့သွားတယ်ပြောလို့ မတွေ့တာကြာလို့ လာတွေ့တာပါ ဆိုတဲ့ ယုန်လေး

Zawgyi Font:


Photo : ဧရာ


Photo : Yone Lay



Photo : ဧရာ


Photo : Yone Lay


 

Source : Yone Lay Fb

 

Unicode Font:

မြန်မာ့အငြိမ့်လောကရဲ့ လူရွှင်တော်ကြီး ဦးဧရာဆီက သူ့ဆီကို ယုန်လေးက လာတွေ့ရင်း ဆေးဖိုးငွေ (၂) သိန်း ထောက်ပံ့သွားလို့ ကျေးဇူးတင်နေမိပြီး ဆုတောင်းစကားများ ပြောပေးခဲ့ပါတယ်။

ဦးဧရာက “အဆိုတော် တေးရေးဆရာ သရုပ်ဆောင် ဒါရိုက်တာ (ရှည်လိုက်တာ😁) ယုံလေးက ဆေးဘိုးငွေ၂၀၀၀၀၀/ နှစ်သိန်းထောက်ပံသွားလေရဲ့ ကျေးဇူးကမ္ဘာပါ ယုံလေးရေ အနုပညာလောကမှာဒိထက်မက အောင်မြင်ကျော်ကြား ပါစေဗျာ🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာထက်မှာပါ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ယုန်လေးက ဦးဧရာရဲ့ ကျေးဇူးတင်စကားကြောင့် ထောင်ပံ့တာ မဟုတ်ဘဲ မတွေ့တာကြာလို့ လာတွေ့တာပါလို့ ညီအစ်ကိုအရင်းတစ်ဦးလို ပြန်လည်ပြောခဲ့ပါတယ်။

“ထောက်ပံ့တယ်တော့ မဟုတ်ပါဘူးဗျာ . လွန်ခဲ့တဲ့ နှစ်တွေအကြာကြီးထဲက အတူတူမဟုတ်တာတွေရော ဟုတ်တာတွေရော လုပ်ခဲ့ကျတဲ့ ညီအစ်ကိုတွေ မတွေ့တာကြာလို့လာတွေ့တာပါ 😍😍😍” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ်။

ဦးဧရာက ဟာသအရမ်းပြောတတ်တဲ့ လူရွှင်တော်ကြီးဖြစ်လို့ ကလေးလူကြီးအားလုံးချစ်ခင်လေးစားကြပြီး အသက်အရွယ်အရ နားမကျန်းဖြစ်တဲ့အခါမှာတော့ အနုပညာလောကမှာပဲ အနားယူထားခဲ့ပါတယ်။ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့ ယုန်လေးက အနုပညာရှင်ညီအစ်ကိုမောင်နှမများနဲ့ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းတဲ့ သူဖြစ်သလို ကူညီရိုင်းပင်းတတ်တဲ့သူ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်ကြီးရေ … ဦးဧရာနဲ့ ယုန်လေးတို့နှစ်ဦးရဲ့ ရင်းနှီးမှု၊ စာနာတတ်မှုများက မြင်ရသူတိုင်းက စိတ်ချမ်းသာစေပါတယ်။ သူတို့နှစ်ဦးအတွက် အားပေးစကားများကိုလည်း မှတ်ချက်မှာ ရေးသားခဲ့ပါဦးနော်။

Source : Yone Lay Fb

Comment here