CelebrityHot News

နိုင်ငံပေါင်း (၄၅) နိုင်ငံ ယှဉ်ပြိုင်ကြတဲ့ Kids Supermodel ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ First Runner Up ဆုကို ရရှိခဲ့တဲ့ သမီးလေး Isabell

Zawgyi Font:


Photo : Isabell

Photo : Isabell


Photo : Isabell

Photo : Isabell

Photo : Isabell


 

Source : Isabell Fb

 

Unicode Font:

Kids Supermodel ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တရုတ်နိုင်ငံ Suzhou မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ သမီးလေး Isabell က နိုင်ငံပေါင်း (၄၅) နိုင်ငံထဲမှာ မြန်မာကိုယ်စားပြုအဖြစ် First Runner Up ဆုကို ဆွတ်ခူးရရှိခဲ့တဲ့အပြင် အခြားသော နိုင်ငံများမှာလည်း ဆုများစွာကို ဆွတ်ခူးခဲ့ပါတယ်။ သမီးလေး Isabell က အသက်(၉) နှစ်သာ ရှိသေးတဲ့ ရခိုင်တိုင်းရင်းသူလေးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်တဲ့ Miss လေးတစ်ဦးဖြစ်လို့ အားလုံးက ချီးကျူးနေကြပါတယ်။

Isabell လေးက “ဒီနေ့ယှဉ်ပြိုင်တဲ့ C Plan Kids Supermodel 2019, Suzhou, China မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံပေါင်း (၄၅) နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း (၁၂၈) ယောက်မှာ ပုပုက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ First Runner Up ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ထိုင်းနိုင်ငံမှ Kid Boy မှ Winnerဆုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Kid girl မှ Second Runner Up ဆု မွန်ဂိုလီးယားနိုင်ငံမှ Kid Girl မှ Best In Talent ဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်ရှင့်ပြီးတော့ Kids Fashion Week World Organization ရဲ့ ရွေးချယ်မှုနဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ဟန်ဂေရီနိုင်ငံမှာကျင်းပမယ့် World Kids Fashion Week 2019သို့ တက်ရောက်လည်ပတ်ရန် အထူးရွေးချယ်ဖိတ်ကြားခြင်းခံရပါတယ်ရှင့် ဆုလက်ခံရရှိတဲ့အချိန်မှာအချိန်နဲ့တပြေးညီ live မလွှင့်နိုင်ခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်ရှင့် အခုလို မြန်မာနိုင်ငံဂုဏ်ဆောင် ဆုရရှိခဲ့တဲ့အတွက် ဒီပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ ပွဲစဉ်တစ်လျှောက်ယှဉ်ပြိုင်ရာမှာအကူအညီအများကြီးပေးခဲ့တဲ့ ဆရာ John Lwin နဲ့ Stars & Model International Org, Talent အတွက်မြန်မာအကသင်ကြားပေးတဲ့ဆရာမဒေါ်ချောစုမျိုး၊ အားပေးကြတဲ့ချစ်ပရိသတ်ကြီးနဲ့အတူ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင့်…. နောက်ထပ်ကြိုးစားမယ့် လှုပ်ရှားမှုတိုင်းကိုလည်း အားပေးကြပါဦးရှင့်” ဆိုပြီး ဇူလိုင် (၂၁) ရက်နေ့ကဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ဇီးကွက်က စာဖတ်ချစ်သူကြီးရေ .. ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ဆောင်ပေးခဲ့တဲ့ ချီးကျူးစရာကောင်းတဲ့ သမီးလေး Isabell လေးအတွက် ချီးကျူးစကားလေးတွေ မှတ်ချက်မှာ ပြောပေးခဲ့ပါဦးခင်ဗျာ။

Source : Isabell Fb

Comment here