Celebrity
Photo Paing Takhon
Photo Paing Takhon
Photo Paing Takhon
Photo Paing Takhon
Source Paing Takhon
Unicode
၀ါဆိုမိုးဦးနဲ့ အတူ အမိုက်စား MTV ရိုက်ကူးခဲ့တဲ့ ပိုင်တံခွန်
မြန်မာပြည်က မိန်းကလေး ပရိသတ်သာမက ပြည်ပက မိန်းကလေးပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုရရှိထား သူလဲဖြစ်ပါတယ်နော်။ ပိုင်တံခွန်ဟာဆိုရင်ဖြင့် မြင့်မားတဲ့အရပ် တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ရှိပြီး ဆံပင်ရှည်လေး နဲ့အရမ်းကို လိုက်ဖက်လှ ကိုရီးယားမင်းသားတွေ အရှုံးပေးလောက်ပါတယ်နော်။ ပိုင်တံခွန်က အနုပညာနဲ့ ပက်သက်တဲ့ ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားတွေ၊ အခမ်းအနားပွဲတွေ စတဲ့အနုပညာလုပ်ငန်းကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။ ပိုင်တံခွန်က ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားသူလဲဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကျော်ကြားမှုက ပြည်တွင်းမှာသာမက ပြည်ပအထိပါ ထိုးဖောက်အောင်မြင် နေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကို အာရှနိုင်ငံအတွင်းက နာမည်ကြီး အင်တာနက် ၀က်ဆိုဒ်တွေမှာလဲ မကြာခဏဆိုသလို ဖော်ပြခံရတဲ့ သူလဲဖြစ်ပါတယ်။ သူပရိသတ်တွေ ဘယ်လောက်များလဲဆိုတော့ ပရိသတ်တွေက အကောင့်မှာ followers ၁ သိန်း ၆ထောင် တိုးလာပြီး Instagram မှာ ၅ သောင်းထိ တိုးလာကြောင်းသိရပါတယ်နော်။ သူကတော့ အားပေးတဲ့ ပရိသတ်တွေများတဲ့အတွက် အနုပညာအလုပ်တွေကို ပိုကြိုးစားပါမယ်လို့ ဆိုထားပါတယ်နော်။ ပိုင်တံခွန်က အခုဆိုရင် ထိုင်းမှာလည်း ကြော်ငြာတွေ အများကြီး လက်ခံပြီးရိုက်ကူးနေရသူလဲဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့လက်ရှိ လုပ်ဖြစ်တဲ့ အနုပညာကတော့ သရုပ်ဆောင် အဆိုတော် ၀ါဆိုမိုးဦးရဲ့ “နင်ရဲ့အဝေး” ဆိုတဲ့ သီချင်းလေးအတွက် အမိုက်စား MTV ရိုက်ကူးခဲ့ပါတယ်နော်။ အဲဒီသီချင်းလေးကို ဂျူလိုင် လ 27 ရက်နေ့မှာ ထွက်ရှိိမှာဖြစ်ပါတယ်။ ပိုင်တံခွန်က ဖော်ပြထားတဲ့ သူတို့ရဲ့ MTV ရိုက်ကွင်းပေါ်က အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ သီချင်းလေး ထွက်ရှိလာရင်ကော ဘယ်လိုပုံစံထွက်ရှိလာမလဲ ဆိုတာ ပရိသတ်ကြီးအတွက် ရင်ခုန်စရာပါပဲနော်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here