Celebrity

မိုးမျှော်တာဝါတိုက်ကြီးအပေါ်ကနေ ရှုခင်းတွေကို ရှုစားရင်း သာယာနေတဲ့ ယုသန္တာတင်

Zawgyi Font:


Photo : Yu Thandar Tin


Photo : Yu Thandar Tin

Photo : Yu Thandar Tin


Photo : Yu Thandar Tin


 

Unicode Font:

သရုပ်ဆောင် ယုသန္တာတင်က အနုပညာညီအစ်မများဖြစ်ကြတဲ့ မမြတ်လေး၊ ခင်လေးနွယ်တို့နဲ့အတူ လန်ဒန်နိုင်ငံကို ရောက်ရှိနေပြီး လန်ဒန်မြို့ရဲ့ အထင်ကရနေရာများကို လည်ပတ်ဖြစ်နေပါတယ်။ လန်ဒန်နိုင်ငံရဲ့ မြင့်မားတဲ့ မိုးမျှော်တာဝါတိုက်ကြီးပေါ်မှာ မုန့်စားရင်း မြေပြင်ပေါ်က ရှုခင်းများကို ရှုစားကာ သူမ ဖြစ်ချင်တဲ့ ဆန္ဒလေးပြည့်ဝသွားပြီလို့ ဆိုပါတယ်။

ယုသန္တာတင်က “Tower bridge view နဲ့ hi teaစားချင်တဲ့ဆန္ဒလေး ပြည့်ပီ🇬🇧🇬🇧💕” ဆိုပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။ ယုသန္တာတင်က လန်ဒန်ရဲ့ အေးချမ်းတဲ့ oxford တက္ကသိုလ်ကို သွားရောက်ခဲ့ပြီး အမေစု နေခဲ့တဲ့ အိမ်နေရာလေးကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။

ယုသန္တာတင်ဟာ သူမရဲ့နေ့စဉ်လှုပ်ရှားမှုများကို ပရိသတ်များနဲ့ရင်းနှီးမှု ပျက်မသွားအောင် လူမှုစာမျက်နှာမှာ အမြဲမျှဝေလေ့ရှိပါတယ်။ မြန်မာဝတ်စုံလေးနဲ့လိုက်ဖက်တင့်တယ်လွန်းလှတာကြောင့် ပရိသတ်များကြား အလွန်ရေပန်းစားလာတဲ့အပြင် လူကြီးလူငယ်မရွေး သဘောကျနှစ်သက်မှုကို အခိုင်အမာရရှိထားတဲ့ ယုသန္တာတင်ဟာ ခရီးလေးများကို ပိုမိုထွက်ဖြစ်နေတာကို တွေ့ရပါတယ်။

Source : Yu Thandar Tin Fb

Comment here