Celebrity

သားေလးရဲ႕ ရက္ (၁၀၀) ျပည့္မွာ ထူးျခားတဲ့ နာမည္ေလးကိုပါ မွည့္ခဲ့တဲ့ နန္းျမတ္ၿဖိဳးသင္း

Zawgyi Font:

နန္းျမတ္ၿဖိဳးသင္းရဲ႕ ခ်စ္စရာေကာင္းတဲ့ ပထမဆံုး သားေခ်ာေလး Jack Jack က ဒီေန႕ပဲ ရက္ (၁၀၀) ျပည့္သြားခဲ့ပါၿပီ။ နန္းျမတ္တို႕ဇနီးေမာင္ႏွံက သားေလးရဲ႕ ရက္ (၁၀၀) ျပည့္ပြဲေလးကို က်င္းပခဲ့ၿပီး သားေလးကို “ခြန္ဘုန္းသုဒၶ” လုိ႕ အမည္ေပးခဲ့တယ္လုိ႕ သိရပါတယ္။

Photo : A Linn Young

Photo : A Linn Young

နန္းျမတ္က “သားေလးJackJackရက္၁၀ဝျပည့္ပါပီ “ခြန္ဘုန္းသုဒၶ” ဟုနာမည္ေခၚတြင္ေစ💙 ခြန္ ဆိုတာပအိုဝ္းလို ေမာင္ လို႔ဆိုလိုတာပါ ဘုန္း ဆိုတာေတာ့ဘုန္းကံ သုဒၶ ဆိုတာကေတာ့ျဖဴစင္ေသာသန္႔ရွင္းေသာဆိုတဲ့အနက္အဓိပၸါယ္ ေဖေဖနဲ႔႐ုပ္ခ်င္းခၽြတ္စြတ္ ေမေမနဲ႔မ်ိဳး႐ိုးနာမည္တူ ေဖေဖေမေမတို႔ရဲ႕သားဦးရတနာေလး” လို႕ သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

Photo : A Linn Young

Photo : A Linn Young

သားေလးကို မိခင္ႏို႕တစ္မ်ိဳးထဲကိုပဲ တိုက္ခဲ့ေပမယ့္ (၁) လအတြင္းမွာ (၄) ေပါင္နီးနီးတက္ခဲ့တာေၾကာင့္ နန္းျမတ္ၿဖိဳးသင္းတစ္ေယာက္ အေတာ္ေလးအားရေက်နပ္ေနတာ ျဖစ္ပါတယ္။ သူမတို႕ဇနီးေမာင္ႏွံႏွစ္ဦးရဲ႕သားဦးေလးျဖစ္သလို ပရိသတ္မ်ားကလည္း သားသားေလးကို မေမြးဖြားခင္ကတည္းက ခ်စ္ေနခဲ့ၾကတာ ျဖစ္ပါတယ္။

Photo : A Linn Young

Photo : A Linn Young

နန္းျမတ္ကေတာ့ လတ္တေလာမွာပဲ သံဃာ (၂၅) ပါးကို ကာကြယ္ေဆးထိုးေပးခဲ့ကာ ကုသိုလ္ယူခဲ့ပါတယ္။ သားေလး ေမြးဖြားၿပီးေနာက္မွာေတာ့ လူမႈေရးနဲ႕ ဘာသာေရးေလးမ်ားကို ျပန္လုပ္ျဖစ္ေနတာ ေတြ႕ရပါတယ္။

Photo : A Linn Young

Photo : A Linn Young

Source :  Nann Myat Phyo Thinn Fb

 

Unicode Font:

နန်းမြတ်ဖြိုးသင်းရဲ့ ချစ်စရာကောင်းတဲ့ ပထမဆုံး သားချောလေး Jack Jack က ဒီနေ့ပဲ ရက် (၁၀၀) ပြည့်သွားခဲ့ပါပြီ။ နန်းမြတ်တို့ဇနီးမောင်နှံက သားလေးရဲ့ ရက် (၁၀၀) ပြည့်ပွဲလေးကို ကျင်းပခဲ့ပြီး သားလေးကို “ခွန်ဘုန်းသုဒ္ဓ” လို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။

နန်းမြတ်က “သားလေးJackJackရက်၁ဝဝပြည့်ပါပီ “ခွန်ဘုန်းသုဒ္ဓ” ဟုနာမည်ခေါ်တွင်စေ💙 ခွန် ဆိုတာပအိုဝ်းလို မောင် လို့ဆိုလိုတာပါ ဘုန်း ဆိုတာတော့ဘုန်းကံ သုဒ္ဓ ဆိုတာကတော့ဖြူစင်သောသန့်ရှင်းသောဆိုတဲ့အနက်အဓိပ္ပါယ် ဖေဖေနဲ့ရုပ်ချင်းချွတ်စွတ် မေမေနဲ့မျိုးရိုးနာမည်တူ ဖေဖေမေမေတို့ရဲ့သားဦးရတနာလေး” လို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

သားလေးကို မိခင်နို့တစ်မျိုးထဲကိုပဲ တိုက်ခဲ့ပေမယ့် (၁) လအတွင်းမှာ (၄) ပေါင်နီးနီးတက်ခဲ့တာကြောင့် နန်းမြတ်ဖြိုးသင်းတစ်ယောက် အတော်လေးအားရကျေနပ်နေတာ ဖြစ်ပါတယ်။ သူမတို့ဇနီးမောင်နှံနှစ်ဦးရဲ့သားဦးလေးဖြစ်သလို ပရိသတ်များကလည်း သားသားလေးကို မမွေးဖွားခင်ကတည်းက ချစ်နေခဲ့ကြတာ ဖြစ်ပါတယ်။

နန်းမြတ်ကတော့ လတ်တလောမှာပဲ သံဃာ (၂၅) ပါးကို ကာကွယ်ဆေးထိုးပေးခဲ့ကာ ကုသိုလ်ယူခဲ့ပါတယ်။ သားလေး မွေးဖွားပြီးနောက်မှာတော့ လူမှုရေးနဲ့ ဘာသာရေးလေးများကို ပြန်လုပ်ဖြစ်နေတာ တွေ့ရပါတယ်။

Source :  Nann Myat Phyo Thinn Fb

Comment here