Celebrity

စူပါ မန္းေဒးမွာ ရုပ္ရွင္ၾကည့္ရင္း သာသာယာယာ ျဖတ္သန္းခဲ့ၾကတဲ့ ေရႊႏွစ္ေရႊ

Zawgyi Font:

အဆိုေတာ္ ေရႊထူးနဲ႕ သရုပ္ေဆာင္ ေရႊမႈံရတီတုိ႕ဟာ ခ်စ္သူဘ၀မွာကတည္းက ပတ္၀န္းက်င္ရဲ႕ေ၀ဖန္တိုက္ခိုက္မႈကို ခံခဲ့ရေပမယ့္ ႏွစ္ဦးအတူ လက္တြဲေက်ာ္ျဖတ္ခဲ့ၾကတာေၾကာင့္ သူတို႕ႏွစ္ဦးရဲ႕အခ်စ္က ဟိုးေလးေက်ာ္ခဲ့ပါတယ္။ အခက္အခဲနဲ႕ တိုက္ခိုက္မႈမ်ားစြာကို အံတုကာ ေရႊလက္တြဲခဲ့ၾကတာ ဇြန္ (၁၁) ရက္ေန႕က မဂၤလာသက္တမ္း (၇) လျပည့္သြားၿပီျဖစ္ပါတယ္။

Photo : Shwe Htoo

ေရႊထူးနဲ႕ ေရႊမႈံတုိ႕ဟာ တစ္ဦးအၾကိဳက္ တစ္ဦးလုိက္ရင္း သူတို႕ရဲ႕အိမ္ေထာင္သည္ဘ၀ေလးကို ၾကည္ၾကည္ႏူးႏူး ျဖတ္သန္းေနၾကပါတယ္။ ယေန႕ တနလာၤေန႕ေလးကို ႏွစ္ဦးသား ရုပ္ရွင္အတူတူ ၾကည့္ရင္း သာသာယာယာ ျဖတ္သန္းခဲ့ၾကပါတယ္။

ေရႊထူးက “Super Monday… Movie Time 😄” ဆိုၿပီး ႏွစ္ဦးသား ပံုရိပ္ေလးကို ေ၀မွ်ေရးသားခဲ့ပါတယ္။

Photo : Shwe Htoo

Photo : Shwe Htoo

ေရႊထူးက သူ႕ရဲ႕ခ်စ္ဇနီးေခ်ာေလး ေရႊမႈံက အေမနဲ႕တူတဲ့ ဇနီးေလးျဖစ္တယ္လို႕ မီဒီယာမ်ားရဲ႕အင္တာဗ်ဴးတြင္ ေျဖၾကားခဲ့ပါတယ္။ ေရႊမႈံကလည္း ခင္ပြန္းျဖစ္သူ ေရႊထူးရဲ႕အႏုပညာလႈပ္ရွားမႈမ်ားနဲ႕ ပတ္သက္ၿပီး အၾကံေပးတာမ်ားလည္း ရွိသလို ပြဲတစ္ခုသြားၿပီဆုိရင္လည္း ၀တ္စားဆင္ယင္မႈေလးေတြကအစ ဂရုတစိုက္လုပ္ေပးတယ္လို႕ ေျပာျပခဲ့ပါတယ္။

Photo : Shwe Mhone Yati

Source : Shwe Htoo FB

 

Unicode Font:

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ဟာ ချစ်သူဘဝမှာကတည်းက ပတ်ဝန်းကျင်ရဲ့ဝေဖန်တိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် နှစ်ဦးအတူ လက်တွဲကျော်ဖြတ်ခဲ့ကြတာကြောင့် သူတို့နှစ်ဦးရဲ့အချစ်က ဟိုးလေးကျော်ခဲ့ပါတယ်။ အခက်အခဲနဲ့ တိုက်ခိုက်မှုများစွာကို အံတုကာ ရွှေလက်တွဲခဲ့ကြတာ ဇွန် (၁၁) ရက်နေ့က မင်္ဂလာသက်တမ်း (၇) လပြည့်သွားပြီဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံတို့ဟာ တစ်ဦးအကြိုက် တစ်ဦးလိုက်ရင်း သူတို့ရဲ့အိမ်ထောင်သည်ဘဝလေးကို ကြည်ကြည်နူးနူး ဖြတ်သန်းနေကြပါတယ်။ ယနေ့ တနလာၤနေ့လေးကို နှစ်ဦးသား ရုပ်ရှင်အတူတူ ကြည့်ရင်း သာသာယာယာ ဖြတ်သန်းခဲ့ကြပါတယ်။

ရွှေထူးက “Super Monday… Movie Time 😄” ဆိုပြီး နှစ်ဦးသား ပုံရိပ်လေးကို ဝေမျှရေးသားခဲ့ပါတယ်။

ရွှေထူးက သူ့ရဲ့ချစ်ဇနီးချောလေး ရွှေမှုံက အမေနဲ့တူတဲ့ ဇနီးလေးဖြစ်တယ်လို့ မီဒီယာများရဲ့အင်တာဗျူးတွင် ဖြေကြားခဲ့ပါတယ်။ ရွှေမှုံကလည်း ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး အကြံပေးတာများလည်း ရှိသလို ပွဲတစ်ခုသွားပြီဆိုရင်လည်း ဝတ်စားဆင်ယင်မှုလေးတွေကအစ ဂရုတစိုက်လုပ်ပေးတယ်လို့ ပြောပြခဲ့ပါတယ်။

Source : Shwe Htoo FB

Comment here