CelebrityHot News

သက္ငယ္မုဒိမ္းမႈ က်ဴးလြန္ခံရတဲ့ ေရႊေပါကၠံက သမီးငယ္ေလးအတြက္ အစစအရာရာ လုိအပ္သမွ် ေထာက္ပံ့ေပးသြားမယ့္ လင္းလင္းနဲ႕ ခ်စ္သုေ၀

Zawgyi Font:

ဇြန္လအတြင္းပိုင္းက ရန္ကုန္တိုင္းေဒသၾကီး ေရႊေပါကၠံၿမိဳ႕တြင္ အသက္ (၁) ႏွစ္ေက်ာ္ေလးသာ ရွိေသးသည့္ သမီးငယ္ေလးကို လူမဆန္ေသာ လူတစ္ဦးက သက္ငယ္မုဒိမ္းမႈ က်ဴးလြန္မႈ ျဖစ္ပြားခဲ့ၿပီး သမီးငယ္ေလးမွာ ကိုယ္ေရာ စိတ္ပါ ေ၀ဒနာမ်ား ခံစားေနရကာ ေဆးကုသမႈမ်ား ခံယူေနရတာ ျဖစ္ပါတယ္။ သမီးငယ္ေလးအတြက္ ျပည္သူမ်ားနဲ႕ အႏုပညာရွင္မ်ားက စိတ္မေကာင္းျဖစ္ခဲ့ၾကၿပီး မိဘမ်ားအတြက္ ကိုယ္ခ်င္းစာကာ ၀မ္းနည္းေဒါသမ်ား ထြက္ခဲ့ၾကပါတယ္။ သမီးငယ္ေလးအတြက္ ျပည္သူမ်ားကလည္း အလွဴေငြမ်ားထည့္ကာ လွဴဒါန္းခဲ့ၾကပါတယ္။

Image may contain: 5 people, people smiling

Photo :  Chit Thu Wai

လင္းလင္းက သီလသမာဓိ ျပည့္စံုတဲ့ ဦးဇင္းတစ္ပါးနဲ႕ ညီအကိုလို ခ်စ္ခင္ရတဲ့ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ကူညီမႈေၾကာင့္ သမီးေလးရဲ႕ မိသားစုနဲ႕ ေတြ႕ဆံုျဖစ္ခဲ့တယ္လုိ႕ သိရပါတယ္။ သမီးေလးအတြက္ လက္ေဆာင္မ်ားနဲ႕ သံုးဖို႕ အလွဴေငြမ်ားကိုပါ ေပးလွဴခဲ့ၿပီး သမီးေလးအတြက္ လိုအပ္တာမွန္သမွ်မ်ားကို ေထာက္ပံ့ေပးသြားမယ္လုိ႕ ဆိုပါတယ္။

Image may contain: 4 people, people smiling, people sitting, table and wedding

Photo : Alinn Young

လင္းလင္းက “သိကၡာ သမာဓိျပည့္စံုတဲ့ ဦးဇင္းတစ္ပါးနဲ႔ ညီအကိုလိုရင္းႏွီးခ်စ္ခင္ရတဲ့ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ကူညီမႈေၾကာင့္ ေရႊေပါက္ကံက ကေလးေလးရဲ႕ မိသားစုနဲ႔ေတြ႕ဆံုခဲ့ၿပီးပါၿပီ။ ကေလးေလးအတြက္ လက္ေဆာင္တခ်ိဳ႕နဲ႔ လက္တေလာအဆင္ေျပေရး သံုးဖို႔အလႉေငြ ကူရင္းနဲ႔ပါ။ အဓိက,ကေတာ့ ကေလးေလးရဲ႕ အနာဂတ္အတြက္ ေနရာထိုင္ခင္း အလုပ္အကိုင္ ပတ္ဝန္းက်င္အားလံုး အသစ္ကျပန္စေရးအတြက္ ဖခင္မိခင္နဲ႔ ေဆြးေႏြးတိုင္ပင္ပါတယ္။ ကၽြန္ေတာ္တို႔မိသားစုမွ လိုအပ္တာမ်ားကို ျပင္ဆင္ေထာက္ပံ့ဝန္းရံေပးသြားမွာပါ။ လက္ရွိမွာလဲ ျပည္သူမ်ားရဲ႕ဝန္းရံပံ့ပိုးမႈေၾကာင့္ လက္တေလာ အဆင္ေျပမႈေတြ ေတြ႕ရလို႔ဝမ္းသာမိပါတယ္။ ျပည္သူ႔ေခါင္းေဆာင္စစ္စစ္ လူထုေခါင္းေဆာင္ရဲ႕ အရိပ္ေအာက္မွာ အားလံုးက်န္းမာၾကပါေစ 🙏🏼🙏🏼🙏🏼” ဆိုၿပီး လင္းလင္းက သူ႕ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

Image may contain: 4 people, people smiling, people standing, sky, wedding and outdoor

Photo :  Chit Thu Wai

ခ်စ္သုေ၀ကလည္း Grace ေလးတို႕ မိသားစုအတြက္ ေမတၱာပို႕ကာ ဆုေတာင္းေပးခဲ့ပါတယ္။

“Graceေလးတို႔မိသားစုေလး စိတ္ေရာကိုယ္ေရာ အဆင္ေျပက်န္းမာခ်မ္းသာပါေစ!!” လို႕ သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

No photo description available.

Photo :  Chit Thu Wai

Victoria ေလးအတြက္ အမႈမွန္ေပၚေပါက္ႏိုင္ေရးကို ကူညီေပးၾကသူမ်ားထဲမွာ လင္းလင္းနဲ႕ ခ်စ္သုေ၀တို႕ ဇနီးေမာင္ႏွံႏွစ္ဦးကလည္း ကိုယ္တိုယ္ကိုယ္က် ေရဆံုးေျမဆံုးအထိ လုိက္ပါေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။ သမီးေလးေတြရဲ႕မိဘမ်ားျဖစ္တာေၾကာင့္ Victoria ေလးအတြက္ ကိုယ္ခ်င္းစာကာ စိတ္ေရာကိုယ္ပါ ကူညီေပးေနၾကတာ ျဖစ္ပါတယ္။

Image may contain: 3 people, people smiling

Photo :  Chit Thu Wai

Source : Htwe Lynn Ko FB

 

Unicode Font:

ဇွန်လအတွင်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက္ကံမြို့တွင် အသက် (၁) နှစ်ကျော်လေးသာ ရှိသေးသည့် သမီးငယ်လေးကို လူမဆန်သော လူတစ်ဦးက သက်ငယ်မုဒိမ်းမှု ကျူးလွန်မှု ဖြစ်ပွားခဲ့ပြီး သမီးငယ်လေးမှာ ကိုယ်ရော စိတ်ပါ ဝေဒနာများ ခံစားနေရကာ ဆေးကုသမှုများ ခံယူနေရတာ ဖြစ်ပါတယ်။ သမီးငယ်လေးအတွက် ပြည်သူများနဲ့ အနုပညာရှင်များက စိတ်မကောင်းဖြစ်ခဲ့ကြပြီး မိဘများအတွက် ကိုယ်ချင်းစာကာ ဝမ်းနည်းဒေါသများ ထွက်ခဲ့ကြပါတယ်။ သမီးငယ်လေးအတွက် ပြည်သူများကလည်း အလှူငွေများထည့်ကာ လှူဒါန်းခဲ့ကြပါတယ်။

လင်းလင်းက သီလသမာဓိ ပြည့်စုံတဲ့ ဦးဇင်းတစ်ပါးနဲ့ ညီအကိုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကူညီမှုကြောင့် သမီးလေးရဲ့ မိသားစုနဲ့ တွေ့ဆုံဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သမီးလေးအတွက် လက်ဆောင်များနဲ့ သုံးဖို့ အလှူငွေများကိုပါ ပေးလှူခဲ့ပြီး သမီးလေးအတွက် လိုအပ်တာမှန်သမျှများကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

လင်းလင်းက “သိက္ခာ သမာဓိပြည့်စုံတဲ့ ဦးဇင်းတစ်ပါးနဲ့ ညီအကိုလိုရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကူညီမှုကြောင့် ရွှေပေါက်ကံက ကလေးလေးရဲ့ မိသားစုနဲ့တွေ့ဆုံခဲ့ပြီးပါပြီ။ ကလေးလေးအတွက် လက်ဆောင်တချို့နဲ့ လက်တလောအဆင်ပြေရေး သုံးဖို့အလှူငွေ ကူရင်းနဲ့ပါ။ အဓိက,ကတော့ ကလေးလေးရဲ့ အနာဂတ်အတွက် နေရာထိုင်ခင်း အလုပ်အကိုင် ပတ်ဝန်းကျင်အားလုံး အသစ်ကပြန်စရေးအတွက် ဖခင်မိခင်နဲ့ ဆွေးနွေးတိုင်ပင်ပါတယ်။ ကျွန်တော်တို့မိသားစုမှ လိုအပ်တာများကို ပြင်ဆင်ထောက်ပံ့ဝန်းရံပေးသွားမှာပါ။ လက်ရှိမှာလဲ ပြည်သူများရဲ့ဝန်းရံပံ့ပိုးမှုကြောင့် လက်တလော အဆင်ပြေမှုတွေ တွေ့ရလို့ဝမ်းသာမိပါတယ်။ ပြည်သူ့ခေါင်းဆောင်စစ်စစ် လူထုခေါင်းဆောင်ရဲ့ အရိပ်အောက်မှာ အားလုံးကျန်းမာကြပါစေ 🙏🏼🙏🏼🙏🏼” ဆိုပြီး လင်းလင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ချစ်သုဝေကလည်း Grace လေးတို့ မိသားစုအတွက် မေတ္တာပို့ကာ ဆုတောင်းပေးခဲ့ပါတယ်။

“Graceလေးတို့မိသားစုလေး စိတ်ရောကိုယ်ရော အဆင်ပြေကျန်းမာချမ်းသာပါစေ!!” လို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Victoria လေးအတွက် အမှုမှန်ပေါ်ပေါက်နိုင်ရေးကို ကူညီပေးကြသူများထဲမှာ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကလည်း ကိုယ်တိုယ်ကိုယ်ကျ ရေဆုံးမြေဆုံးအထိ လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ သမီးလေးတွေရဲ့မိဘများဖြစ်တာကြောင့် Victoria လေးအတွက် ကိုယ်ချင်းစာကာ စိတ်ရောကိုယ်ပါ ကူညီပေးနေကြတာ ဖြစ်ပါတယ်။

Source : Htwe Lynn Ko FB

Comment here