Hot News

ဆရာ သကၠမိုးညိဳကို အႏူးအညြတ္ ေတာင္းပန္လိုက္တဲ့ AYA Bank

Zawgyi Font:

Victoria ေလးရဲ႕ အမႈမွန္ေပၚေရးအတြက္ အားၾကိဳးမာန္တက္ မေလွ်ာ့ေသာ ဇြဲ၊ လံု႕လတို႕နဲ႕ တိုက္ပြဲ၀င္ေနတဲ့ ဆရာ သကၠမိုးညိဳရဲ႕ Victoria ေလးအတြက္ အလွဴေငြေတာင္းခံရန္ ဖြင့္လွစ္ထားတဲ့ ဘဏ္အေကာင့္ကို ယာယီပိတ္ခဲ့ျခင္းနဲ႕ ပတ္သက္ၿပီး ဧရာ၀တီဘဏ္ဘက္က အခုလို ျပန္လည္ေတာင္းပန္လာခဲ့ပါတယ္။

 

“ကာယကံရွင္ ဦးဝင္းကိုကိုသိန္းအား အႏူးအၫြတ္ေတာင္းပန္ျခင္း

လူႀကီးမင္း၏ ေငြစာရင္းအား ယာယီဆိုင္းငံ့ရန္ ေငြေၾကးခဝါခ်မူ တိုက္ဖ်က္ေရးဗဟိုအဖဲြ႕မွ ၫႊန္ၾကားလာသည့္အတြက္ ၁၁–၇-၂၀၁၉ ရက္ေန႕တြင္ အခ်ိန္(၄)နာရီခန္႔ ေခတၱ ရပ္ဆိုင္းမႈ ျဖစ္ေပၚခဲ့ရပါသည္။

ယင္းကိစၥအား အေလးထား၍ ဧရာဝတီဘဏ္အုပ္ခ်ဳပ္မူအဖဲြ႕မွ ဘဏ္၏လုပ္ထံုးလုပ္နည္းမ်ားကို ျပန္လည္ စိစစ္ ေဆြးေႏြးတိုင္ပင္၍ ယံုၾကည္စြာအပ္ႏွံေသာ ေငြစာရင္းပိုင္ရွင္အား ဝန္ေဆာင္မူ ဆက္လက္ ေပးသြားရန္ ဆံုးျဖတ္ၿပီး နာရီပိုင္းအတြင္း ဝန္ေဆာင္မူမ်ားကို ပံုမွန္အတိုင္း ျပန္လည္ရရွိခဲ့ပါသည္။

ဤသို႔ ျဖစ္ေပၚခဲ့သည့္ အခိုက္အတန္႔အတြင္း လူႀကီးမင္းႏွင့္ အလွဴရွင္မ်ား စိတ္အေႏွာင့္အယွက္ ႏွင့္ အဆင္မေျပမူမ်ား ျဖစ္ေပၚခဲ့ရသည့္အတြက္ မိမိတို႔ ဧရာဝတီဘဏ္ အေနျဖင့္ မ်ားစြာ စိတ္မေကာင္း ျဖစ္ရပါသည္။ ထပ္မံ၍လည္း အႏူးအၫြတ္ ေတာင္းပန္အပ္ပါသည္။

အုပ္ခ်ဳပ္မႈအဖြဲ႕ ဧရာဝတီဘဏ္ ရက္စြဲ၊ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္” ဆုိၿပီး AYA Bank ရဲ႕ တရား၀င္ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚတြင္ ေရးသား ေတာင္းပန္လုိက္တာ ျဖစ္ပါတယ္။

 

ဧရာ၀တီဘဏ္ရဲ႕ ယာယီဆိုင္းငံ့ခဲ့ျခင္းအေပၚ ျပည္သူအမ်ားအျပားက ျပင္းထန္တဲ့ ေ၀ဖန္ခ်က္မ်ား ေပးခဲ့ၾကပါတယ္။

 

Source : AYA Bank

 

Unicode Font:

Victoria လေးရဲ့ အမှုမှန်ပေါ်ရေးအတွက် အားကြိုးမာန်တက် မလျှော့သော ဇွဲ၊ လုံ့လတို့နဲ့ တိုက်ပွဲဝင်နေတဲ့ ဆရာ သက္ကမိုးညိုရဲ့ Victoria လေးအတွက် အလှူငွေတောင်းခံရန် ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်ကို ယာယီပိတ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဧရာဝတီဘဏ်ဘက်က အခုလို ပြန်လည်တောင်းပန်လာခဲ့ပါတယ်။

“ကာယကံရှင် ဦးဝင်းကိုကိုသိန်းအား အနူးအညွတ်တောင်းပန်ခြင်း

လူကြီးမင်း၏ ငွေစာရင်းအား ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမူ တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသည့်အတွက် ၁၁–၇-၂၀၁၉ ရက်နေ့တွင် အချိန်(၄)နာရီခန့် ခေတ္တ ရပ်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ရပါသည်။

ယင်းကိစ္စအား အလေးထား၍ ဧရာဝတီဘဏ်အုပ်ချုပ်မူအဖွဲ့မှ ဘဏ်၏လုပ်ထုံးလုပ်နည်းများကို ပြန်လည် စိစစ် ဆွေးနွေးတိုင်ပင်၍ ယုံကြည်စွာအပ်နှံသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မူ ဆက်လက် ပေးသွားရန် ဆုံးဖြတ်ပြီး နာရီပိုင်းအတွင်း ဝန်ဆောင်မူများကို ပုံမှန်အတိုင်း ပြန်လည်ရရှိခဲ့ပါသည်။

ဤသို့ ဖြစ်ပေါ်ခဲ့သည့် အခိုက်အတန့်အတွင်း လူကြီးမင်းနှင့် အလှူရှင်များ စိတ်အနှောင့်အယှက် နှင့် အဆင်မပြေမူများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် မိမိတို့ ဧရာဝတီဘဏ် အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ ထပ်မံ၍လည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။

အုပ်ချုပ်မှုအဖွဲ့ ဧရာဝတီဘဏ် ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်” ဆိုပြီး AYA Bank ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ရေးသား တောင်းပန်လိုက်တာ ဖြစ်ပါတယ်။

ဧရာဝတီဘဏ်ရဲ့ ယာယီဆိုင်းငံ့ခဲ့ခြင်းအပေါ် ပြည်သူအများအပြားက ပြင်းထန်တဲ့ ဝေဖန်ချက်များ ပေးခဲ့ကြပါတယ်။

Source : AYA Bank

Comment here