Celebrity

ပရိသတ်များကြား ရေပန်းစားနေတဲ့ ပိုင်တံခွန်နဲ့ စံရတီမိုးမြင့်တို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်များ

Zawgyi Font:


Image may contain: 1 person, sitting

Photo : Htet Paing Ye


Image may contain: 2 people, people smiling, outdoor and water

Photo : Htet Paing Ye

Image may contain: 2 people, hat and outdoor

Photo : Htet Paing Ye


Image may contain: 2 people, people sitting, child, outdoor and water

Photo : Htet Paing Ye


Photo : San Yati Moe Myint

Source : Paing Takho

 

Unicode Font:

နှုတ်ခမ်းနီမလေးများရဲ့အတော်လေး ဝန်းရံမှုကို ရရှိထားတဲ့ ပိုင်တံခွန်က စူပါမော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်လာခဲ့ပြီး ပရိသတ်ရင်ထဲကိုလည်း နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာခဲ့ပါတယ်။ ခန့်ငြားတဲ့ရုပ်သွင်နဲ့ မြင့်မားပြီး ဖြောင့်စင်းတဲ့ အရပ်အမောင်းပုံသဏ္ဍာန်ကြောင့် လူချောတစ်ဦးအဖြစ် အတော်လေးကြွေကြပြီး စကားလည်း ကြွယ်လွန်းပြန်တဲ့ သူ့ကို ပိုပိုပြီးအချစ်ပိုကြရပါတယ်။

ပိုင်တံခွန်က သရုပ်ဆောင် စံရတီမိုးမြင့်နဲ့အတူ စိန်နန်းတော် TV Commercial ကြေငြာလေးကို ရိုက်ကူးနေပြီး ရိုက်ကွင်းထက်က သူတို့နှစ်ဦးရဲ့ပုံရိပ်များက ပရိသတ်များကို သဘောကျစေခဲ့ပါတယ်။ ခန့်ငြားတည်ကြည်နေတဲ့ ပိုင်တံခွန်နဲ့ အဖြူရောင် ဂါဝန်တိုလေးနဲ့ ရိုးရှင်းစွာ တည်ကြည်လှပနေတဲ့ စံရတီမိုးမြင့်တို့နှစ်ဦးကို အတွဲညီညီတွေ့မြင်ရတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ အကြောင်းကို ဇူလိုင် (၃) ရက်နေ့က ထိုင်း Channel တစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရပြီး ထိုင်းပရိသတ်များကြား အတော်လေး ရေပန်းစားနေခဲ့တဲ့ မြန်မာမော်ဒယ်လ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကို ချစ်ပေးကြတဲ့ ထိုင်းပရိသတ်များကိုလည်း ပိုင်တံခွန်က ကျေးဇူးတင်နေမိပါတယ်။

စံရတီမိုးမြင့်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများကို ရိုက်ကူးမှုနည်းပေမယ့် ဗီဒီယိုရုပ်ရှင်ဇာတ်ကားများစွာနဲ့ သီချင်း MTV များမှာ ပါဝင်သရုပ်ဆောင်တာ များလှပါတယ်။ အခုနောက်ပိုင်းမှာတော့ photo shooting လေးများနဲ့ အနုပညာလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စံရတီမိုးမြင့်ဟာ ပရိသတ်ချစ်တဲ့ အနုပညာရှင်မလေးလည်း ဖြစ်ပါတယ်။

Source : Paing Takho

Comment here