CelebrityHot News

လက္ထပ္ခြင့္အတြက္ Yes လို႕ အေျဖေပးလုိက္တဲ့ စံရတီမုိးျမင့္

Zawgyi Font:

စံရတီမုိးျမင့္ တင္လုိက္တဲ့ ပံုရိပ္အခ်ိဳ႕မွာ လက္ထပ္ခြင့္ေတာင္းထားတဲ့ surprise ျဖစ္ေစမယ့္ အခန္းအျပင္အဆင္နဲ႕ လက္စြပ္ေလးေၾကာင့္ ပရိသတ္မ်ား မွင္သက္အံ့ၾသသြားရပါတယ္။ သူတို႕ သေဘာက်ခ်စ္ခင္ရတဲ့ Idol တစ္ဦးျဖစ္သလို ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးျဖစ္တာေၾကာင့္ လက္ထပ္ေတာ့မယ္ဆိုလုိ႕ ပရိသတ္မ်ား ေၾကကြဲခဲ့ရတာ ျဖစ္ပါတယ္။

Photo : San Yati Moe Myint

စံရတီမုိးျမင့္က Merry Me လို႕ ေရးထားတဲ့ အခန္းေလးထဲမွာ မတ္တပ္ရပ္ ပို႕စ္ေလးေပးရင္း “I said Yes! 💫🦋” လုိ႕ ေျဖလိုက္ပါတယ္။ မေရွးမေႏွာင္းေလးမွာပဲ လက္သန္းၾကြယ္မွာ ၀တ္ထားတဲ့ လက္စြပ္ေလးကိုလည္း ပို႕စ္တင္ျပလိုက္တာ ျဖစ္ပါတယ္။ ပရိသတ္မ်ား အံု႕အံု႕ကၽြတ္ ဆူညံသြားခဲ့ပါတယ္။ သို႕ေပမယ့္ စံရတီမုိးျမင့္က “ေၾကာ္ျငာပါကြာ” ဆုိၿပီး ျပန္လည္ေျဖရွင္းျပထားတာကို ေတြ႕ရပါတယ္။

Image may contain: one or more people and ring

Photo : San Yati Moe Myint

စံရတီမိုးျမင့္က မၾကာေသးမီက က်ေရာက္ခဲ့တဲ့ သူမရဲ႕ေမြးေန႕ေလးအတြက္ ႏွစ္ေနရာကို လွဴဒါန္းခဲ့ပါတယ္။ ရန္ကုန္ေဆးရံုၾကီးက ကင္ဆာေဆာင္မွာ လူဦးေရ (၂၅၀) စာအတြက္ ေန႕လည္စာကို လွဴဒါန္းဒါနျပဳခဲ့ပါတယ္။ သန္လ်င္သဘာဝတရားရိပ္သာက ရဟန္း၊ သီလ႐ွင္၊ ဘိုးဘြား ဂီလာနတို႔အျပင္ ရိပ္သာမွာလာေရာက္ကူညီေနတဲ့ ႏိုင္ငံျခားသား Volunteer မ်ားအပါ လူအေယာက္ (၃၀၀၀) ကိုပါ သားသတ္လြတ္ ေန႔လည္စာ လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။

Image may contain: 1 person, smiling, standing

Photo : San Yati Moe Myint

စံရတီမိုးျမင့္ဟာ ရုပ္ရွင္ဇာတ္ကားၾကီးမ်ားကို ရိုက္ကူးမႈနည္းေပမယ့္ ဗီဒီယိုရုပ္ရွင္ဇာတ္ကားမ်ားစြာနဲ႕ သီခ်င္း MTV မ်ားမွာ ပါ၀င္သရုပ္ေဆာင္တာ မ်ားလွပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ photo shooting ေလးမ်ားနဲ႕ အႏုပညာလႈပ္ရွားမႈမ်ားကို ဆက္တိုက္လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ စံရတီမိုးျမင့္ဟာ ပရိသတ္ခ်စ္တဲ့ အႏုပညာရွင္မေလးလည္း ျဖစ္ပါတယ္။

Image may contain: 1 person, outdoor

Photo : San Yati Moe Myint

Source : San Yati Moe Myint FB

 

Unicode Font:

စံရတီမိုးမြင့် တင်လိုက်တဲ့ ပုံရိပ်အချို့မှာ လက်ထပ်ခွင့်တောင်းထားတဲ့ surprise ဖြစ်စေမယ့် အခန်းအပြင်အဆင်နဲ့ လက်စွပ်လေးကြောင့် ပရိသတ်များ မှင်သက်အံ့သြသွားရပါတယ်။ သူတို့ သဘောကျချစ်ခင်ရတဲ့ Idol တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်တာကြောင့် လက်ထပ်တော့မယ်ဆိုလို့ ပရိသတ်များ ကြေကွဲခဲ့ရတာ ဖြစ်ပါတယ်။

စံရတီမိုးမြင့်က Merry Me လို့ ရေးထားတဲ့ အခန်းလေးထဲမှာ မတ်တပ်ရပ် ပို့စ်လေးပေးရင်း “I said Yes! 💫🦋” လို့ ဖြေလိုက်ပါတယ်။ မရှေးမနှောင်းလေးမှာပဲ လက်သန်းကြွယ်မှာ ဝတ်ထားတဲ့ လက်စွပ်လေးကိုလည်း ပို့စ်တင်ပြလိုက်တာ ဖြစ်ပါတယ်။ ပရိသတ်များ အုံ့အုံ့ကျွတ် ဆူညံသွားခဲ့ပါတယ်။ သို့ပေမယ့် စံရတီမိုးမြင့်က “ကြော်ငြာပါကွာ” ဆိုပြီး ပြန်လည်ဖြေရှင်းပြထားတာကို တွေ့ရပါတယ်။

စံရတီမိုးမြင့်က မကြာသေးမီက ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့လေးအတွက် နှစ်နေရာကို လှူဒါန်းခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးက ကင်ဆာဆောင်မှာ လူဦးရေ (၂၅၀) စာအတွက် နေ့လည်စာကို လှူဒါန်းဒါနပြုခဲ့ပါတယ်။ သန်လျင်သဘာဝတရားရိပ်သာက ရဟန်း၊ သီလရှင်၊ ဘိုးဘွား ဂီလာနတို့အပြင် ရိပ်သာမှာလာရောက်ကူညီနေတဲ့ နိုင်ငံခြားသား Volunteer များအပါ လူအယောက် (၃၀၀၀) ကိုပါ သားသတ်လွတ် နေ့လည်စာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

စံရတီမိုးမြင့်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများကို ရိုက်ကူးမှုနည်းပေမယ့် ဗီဒီယိုရုပ်ရှင်ဇာတ်ကားများစွာနဲ့ သီချင်း MTV များမှာ ပါဝင်သရုပ်ဆောင်တာ များလှပါတယ်။ အခုနောက်ပိုင်းမှာတော့ photo shooting လေးများနဲ့ အနုပညာလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စံရတီမိုးမြင့်ဟာ ပရိသတ်ချစ်တဲ့ အနုပညာရှင်မလေးလည်း ဖြစ်ပါတယ်။

Source : San Yati Moe Myint FB

Comment here