Celebrity

ပတ္၀န္းက်င္နဲ႕ တိရစာၦန္မ်ား ေသေၾကပ်က္စီးမႈမ်ားအတြက္ ပလတ္စတစ္ေလွ်ာ့ခ်ၾကရန္ လႈံ႕ေဆာ္လုိက္တဲ့ စိုင္းစိုင္း

Zawgyi Font:

ဂ်ပန္ႏိုင္ငံရဲ႕ ေရွးေဟာင္းၿမိဳ႕ေတာ္ ျဖစ္တဲ့ နာ့ရာမွာ သမင္မ်ားကို ၿမိဳ႕ထဲမွာ ေဘးလႊတ္ထားခဲ့ၿပီး ကမာၻလွည့္ခရီးသြားမ်ားက သမင္မ်ားကို အစာေကၽြးလို႕ရပါတယ္။ လတ္တေလာမွာ သမင္မ်ား ေသသြားရတဲ့ အေၾကာင္းအရင္းကို သိဖို႕အတြက္ သမင္ (၁၄) ေကာင္ကို ခြဲစိတ္ၾကည့္တဲ့အခါ (၉) ေကာင္က ပလတ္စတစ္မ်ားစားၿပီး ေသတာျဖစ္ေနခဲ့ပါတယ္။ ေစတနာ့၀န္ထမ္းအဖြဲ႕က ပလတ္စတစ္အမိႈက္မ်ားကို လုိက္ေကာက္ၾကၿပီး ႏိုင္ငံျခားက လာလည္ၾကတဲ့ ခရီးသြားမ်ားကို အမႈိက္မပစ္ၾကရန္နဲ႕ ကိုယ့္အမိႈက္ကို ျပန္သယ္သြားရန္ ႏိႈးေဆာ္ေနေၾကာင္း White Campaign group သို႕ Kay Khine Cho ဆိုသည့္ အေကာင့္က ေရးသားမွ်ေ၀လိုက္တာ ျဖစ္ပါတယ္။

Image may contain: 3 people, people smiling, wedding

Photo : Sai Sai

ထပ္မံၿပီး “ဧရာ၀တီ ျမစ္ထဲက ငါးေတြလည္း ပလတ္စတစ္ စားျပီး ေသပါလိိမ့္မယ္။ ျမစ္ငါးကို အဓိက စားၾကတဲ့ ျမန္မာျပည္ကလူေတြ အေနနဲ့ ကိုယ္ပစ္တဲ့ အမိႈက္စားျပီး ေနတဲ့ ငါးေတြကို ဝယ္စားေနပါသလား။ ကိုယ့္အမိႈက္ ကိုယ္ ျပန္စားေနတာနဲ့ တူတူပဲ ဆိုတာ စဥ္းစားၾကည့္ရင္သိပါတယ္။ စဥ္းစားျပီး အမိႈက္ ပစ္ေစခ်င္ပါတယ္။” လုိ႕ ေရးသားခဲ့ပါတယ္။ သူမရဲ႕ ေရးသားမွ်ေ၀ခ်က္ေလးကို စိုင္းစိုင္းက ျပန္လည္မွ်ေ၀ခဲ့ၿပီး ပတ္၀န္းက်င္နဲ႕ တိရစာၦန္မ်ား ေသေၾကပ်က္စီးမႈမ်ားအတြက္ ပလတ္စတစ္မ်ား ေလွ်ာ့ခ်ၾကရန္ ျပန္ၿပီး လႈံ႕ေဆာ္လုိက္ပါတယ္။

Image may contain: 1 person, standing and indoor

Photo : Sai Sai

စိုင္းစိုင္းက “တစ္ရက္တစ္ရက္ ဧရာဝတီျမစ္ထဲကို ပလတ္စတစ္ တန္ခ်ိန္ ၉၀ ေရာက္ပါတယ္တဲ့ က်ေနာ္တို႔ ပလတ္စတစ္ေလွ်ာ့မွျဖစ္ေတာ့မယ္” ဆုိၿပီး သူ႕ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာထက္မွာ ေရးသားမွ်ေ၀လုိက္တာ ျဖစ္ပါတယ္။

Image may contain: 1 person, sitting, table and indoor

Photo : Sai Sai

စိုင္းစိုင္းဟာ (၂၀၀၄) ခုႏွစ္မွစတင္ၿပီး သူ႕ရဲ႕ Birthday Show ၾကီးကို သူငယ္ခ်င္း မိတ္ေဆြမ်ားနဲ႕အတူ ပရိသတ္မ်ားနဲ႕ စည္းကားသိုက္ျမိဳက္စြာ က်င္းပျပဳလုပ္ခဲ့တာ အခုဆိုရင္ (၁၅) ႏွစ္ေတာင္ ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဒီေလာက္ႏွစ္အမ်ားၾကီးကို ျပန္ေတြးလိုက္ရင္ အံ့ၾသၿပီး ၀မ္းနည္း၀မ္းသာ ျဖစ္ခဲ့ရတယ္လို႕ စိုင္းစိုင္းက ရင္ဖြင့္စကားဆိုခဲ့ပါတယ္။

Image may contain: 1 person, sunglasses and closeup

Photo : Sai Sai

စုိင္းစုိင္းခမ္းလႈိင္က သူ႕ရဲ႕ အသက္ (၄၀) ျပည့္ Birthday Show ပြဲႀကီးကုိ ဧၿပီလ (၁၀) ရက္ေန႔က သုဝဏၰဘူမိ Event Park မွာ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ စိုင္းစိုင္းက ဂီတအပိုင္းမွာသာမက သရုပ္ေဆာင္အပိုင္းကိုပါ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ စီးပြားေရး အေနနဲ႔ Frenzo Production ကို ဦးေဆာင္လုပ္ကိုင္ေနတဲ့အျပင္ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။

Image may contain: 1 person, smiling

Photo : Sai Sai

Source : Sai Sai FB

 

Unicode Font:

ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ဖြစ်တဲ့ နာ့ရာမှာ သမင်များကို မြို့ထဲမှာ ဘေးလွှတ်ထားခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများက သမင်များကို အစာကျွေးလို့ရပါတယ်။ လတ်တလောမှာ သမင်များ သေသွားရတဲ့ အကြောင်းအရင်းကို သိဖို့အတွက် သမင် (၁၄) ကောင်ကို ခွဲစိတ်ကြည့်တဲ့အခါ (၉) ကောင်က ပလတ်စတစ်များစားပြီး သေတာဖြစ်နေခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းအဖွဲ့က ပလတ်စတစ်အမှိုက်များကို လိုက်ကောက်ကြပြီး နိုင်ငံခြားက လာလည်ကြတဲ့ ခရီးသွားများကို အမှိုက်မပစ်ကြရန်နဲ့ ကိုယ့်အမှိုက်ကို ပြန်သယ်သွားရန် နှိုးဆော်နေကြောင်း White Campaign group သို့ Kay Khine Cho ဆိုသည့် အကောင့်က ရေးသားမျှဝေလိုက်တာ ဖြစ်ပါတယ်။

ထပ်မံပြီး “ဧရာဝတီ မြစ်ထဲက ငါးတွေလည်း ပလတ်စတစ် စားပြီး သေပါလိိမ့်မယ်။ မြစ်ငါးကို အဓိက စားကြတဲ့ မြန်မာပြည်ကလူတွေ အနေနဲ့ ကိုယ်ပစ်တဲ့ အမှိုက်စားပြီး နေတဲ့ ငါးတွေကို ဝယ်စားနေပါသလား။ ကိုယ့်အမှိုက် ကိုယ် ပြန်စားနေတာနဲ့ တူတူပဲ ဆိုတာ စဉ်းစားကြည့်ရင်သိပါတယ်။ စဉ်းစားပြီး အမှိုက် ပစ်စေချင်ပါတယ်။” လို့ ရေးသားခဲ့ပါတယ်။ သူမရဲ့ ရေးသားမျှဝေချက်လေးကို စိုင်းစိုင်းက ပြန်လည်မျှဝေခဲ့ပြီး ပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်များ သေကြေပျက်စီးမှုများအတွက် ပလတ်စတစ်များ လျှော့ချကြရန် ပြန်ပြီး လှုံ့ဆော်လိုက်ပါတယ်။

စိုင်းစိုင်းက “တစ်ရက်တစ်ရက် ဧရာဝတီမြစ်ထဲကို ပလတ်စတစ် တန်ချိန် ၉၀ ရောက်ပါတယ်တဲ့ ကျနော်တို့ ပလတ်စတစ်လျှော့မှဖြစ်တော့မယ်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ရေးသားမျှဝေလိုက်တာ ဖြစ်ပါတယ်။

စိုင်းစိုင်းဟာ (၂၀၀၄) ခုနှစ်မှစတင်ပြီး သူ့ရဲ့ Birthday Show ကြီးကို သူငယ်ချင်း မိတ်ဆွေများနဲ့အတူ ပရိသတ်များနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တာ အခုဆိုရင် (၁၅) နှစ်တောင် ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီလောက်နှစ်အများကြီးကို ပြန်တွေးလိုက်ရင် အံ့သြပြီး ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ်လို့ စိုင်းစိုင်းက ရင်ဖွင့်စကားဆိုခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အသက် (၄၀) ပြည့် Birthday Show ပွဲကြီးကို ဧပြီလ (၁၀) ရက်နေ့က သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းက ဂီတအပိုင်းမှာသာမက သရုပ်ဆောင်အပိုင်းကိုပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စီးပွားရေး အနေနဲ့ Frenzo Production ကို ဦးဆောင်လုပ်ကိုင်နေတဲ့အပြင် SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Photo : Sai Sai

Source : Sai Sai FB

Comment here