Hot News

မိုးရွာတဲ့ညတွေမှာဖတ်သင့်တဲ့ စာအုပ်အမျိုးအစား(၄)မျိုးကို ဖော်ပြပေးလိုက်ပါတယ်…

Zawgyi Font :

မိုးရွာတဲ့ညတွေမှာ စာအုပ်ဖတ်ပြီး အိပ်ယာထဲကွေးနေရတဲ့ အရသာလေးကို စဉ်းစားကြည့်စမ်း။ စိတ်ကူးကြည့်ရုံနဲ့တင် ကျေနပ်စရာကောင်းလိုက်မယ်ဖြစ်ချင်း။ မိုးပေါက်လေးတွေက ခေါင်မိုးပေါ်ကို တဒေါက်ဒေါက်ကျလို့။ ပြတင်းပေါက်ကို လေတိုးနေတဲ့အသံလေးတွေ။ မိုးရွာတဲ့အသံကလွဲရင် အားလုံးတိတ်ဆိတ်နေတဲ့အခြေအနေ။ အဲဒီလိုအချိန်က စာအုပ်တစ်အုပ်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ ဖတ်လို့ကောင်းတဲ့အချိန်ဖြစ်ပြီး ဘယ်လိုစာအုပ်တွေက အသင့်တော်ဆုံးလဲဆိုတော့….။

(၁) စုံထောက်ဝတ္ထုတွေ

မိုးအေးအေးနဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာ ရှာဖွေရတဲ့ စုံထောက်ဝတ္ထုဇာတ်လမ်းမျိုးလေး မဖတ်ချင်ဘူးလား။ စုံထောက်ဝတ္ထုတွေဟာ ပျင်းဖို့လည်းမကောင်းဘူး၊ ဒါ့အပြင် ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှုကလည်း စာအုပ်ဆုံးတဲ့အချိန်အထိ ဆွဲခေါ်သွားနိုင်တယ်။ ကိုယ်ပါ ဇာတ်လမ်းထဲရောက်သွားသလိုမျိုး ခံစားရမှာမို့ မိုးရွာတဲ့ညတွေဆို စုံထောက်ဝတ္ထုတွေဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) လျို့ဝှက်သည်းဖိုဝတ္ထုတွေ

သင်က လျို့ဝှက်သည်းဖိုဝတ္ထုတွေကိုမှ ဖတ်ရတာကြိုက်တဲ့သူဆိုရင်တော့ မိုးရွာတဲ့ညတွေနဲ့ အကိုက်ပဲပေါ့။ သရဲခြောက်တဲ့အိမ်ကြီးတို့၊ သင်္ချိုင်းထဲကနေ သရဲကြီးထလာတာတို့ စတဲ့ဇာတ်လမ်းတွေကို ဖတ်မိရင် အမလေး…မိုးအေးအေးနဲ့ ကြောက်လိုက်ရမယ်ဖြစ်ချင်း။

(၃) ဘာသာပြန်ဝတ္ထုတွေ

ဘာသာပြန်ဝတ္ထုတွေဆိုတာ တစ်ဆက်တည်း အချိန်ပေးပြီးဖတ်မှ အရသာရှိတာမျိုးပါ။ အဲဒီလိုမှမဟုတ်ပဲ နည်းနည်းဖတ်လိုက် ချထားလိုက် ဆိုတာမျိုးလုပ်နေရင် ဇာတ်လမ်းက အဆက်အစပ်မရှိ၊ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်တွေကိုလည်းမမှတ်မိနဲ့ အရသာ မရှိပါဘူး။ ဒီတော့ သင့်အနေနဲ့ ညဖက် ရေချိုး၊ ညစာ စားပြီးပြီဆိုတာနဲ့ အိပ်ယာထဲဝင်၊ စောင်လေးခြုံပြီး မိုးသံတွေကြားမှာ ဘာသာပြန်ဝတ္ထုကောင်းကောင်းလေး တစ်ပုဒ်သာ ဖတ်ကြည့်လိုက်ပါ။

(၄) အချစ်ဝတ္ထုတွေ

မိုးရွာတဲ့အချိန်မှာ သင့်အနေနဲ့ ခံစားမှုတစ်ခုကို ရနေတယ်ဆိုရင် အဲဒီခံစားမှုက ဘာကိုလွမ်းလို့ လွမ်းမှန်းမသိတဲ့ ခံစားမှုမျိုး ဖြစ်နေမှာပါ။ အဲဒီလို ခံစားမှုမျိုး ပြည့်လျှံနေတဲ့ မိုးရွာချိန် ညတွေမှာ အချစ်ဝတ္ထုလေး ဖတ်နေရတာကလည်း အနှစ်ပဲလေ။ ကော်ဖီပူပူလေးတစ်ခွက်နဲ့ မိုးသံလေးကိုနားထောင်ပြီး အချစ်ဝတ္ထုလေးကို ဖတ်ရင်းက တစ်ယောက်ယောက်ကို သတိရနေမိတဲ့ အရသာဟာ ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။

Source : Brightside

Photo : lithian

Unicode Font :


(၁) စုံထောကျဝတ်ထုတှေ


(၂) လြို့ဝှကျသညျးဖိုဝတ်ထုတှေ


(၃) ဘာသာပွနျဝတ်ထုတှေ


(၄) အခစြျဝတ်ထုတှေ


Source : Brightside

Photo : lithian

 

 

Comment here