Celebrity

Idol အဖွဲ့တစ်ဖွဲ့ရဲ့လုပ်ရပ်ကြောင့် မင်္ဂလာပွဲတစ်ပွဲပျက်ခဲ့ရတဲ့အဖြစ်အပျက်ကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

လက်ရှိကမ္ဘာပေါ်မှာ သည်းသည်းလှုပ်အမာခံပရိတ်သတ် အများဆုံးအနုပညာရှင် တွေကို ပြောပါဆိုရင် တောင်ကိုရီးယားအိုင်ဒေါအဖွဲ့တွေရဲ့ ပရိတ်သတ်တွေဖြစ်နိုင်လောက်ပါတယ်။ အမာခံပရိတ်သတ်တွေရှိတာဟာ အနုပညာရှင်တစ်ယောက်အတွက်တော့ ပျော်စရာကောင်းပေမယ့်လို့ တချို့ပရိတ်သတ်တွေကြောင့်လည်း အိုင်ဒေါတွေခင်ဗျာ စိတ်အနှောက်အယှက်ဖြစ်တာတို့၊ ဒဏ်ရာရတာတို့အထိ ဖြစ်သွားခဲ့တဲ့အဖြစ်အပျက်တွေ အများကြီးရှိလို့နေပါတယ်။

Photo : NCT 127 IG

အခုတစ်ခေါက်မှာလည်း လန်ဒန်မှာရောက်နေတဲ့ အိုင်ဒေါအဖွဲ့ကြောင့်ဆိုကာ ဟိုတယ်တစ်ခုလုံးကိုထိတ်လန့်တကြားဖြစ်စေခဲ့တာပါ။ NCT 127 ဆိုတဲ တောင်ကိုရီးယား boyband ဟာ လန်ဒန်ရဲ့ Wembley ခမ်းမမှာ Neo City – The Origin ဆိုတဲ့ ခေါင်းစဉ်နဲ့ world tour တစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကျင်းပခဲ့ပါတယ်။ သူတို့နဲ့အတူတူ ပရိတ်သတ်တချို့လည်းပါလာခဲ့ပြီး ပွဲအပြီးမှာတော့ လန်ဒန်ကဟိုတယ်တစ်ခုမှာ တည်းခိုခဲ့ပြီး ပါလာတဲ့ပရိတ်သတ်တချို့ကလည်း အဲဒီဟိုတယ်မှာပဲ လိုက်တည်းခဲ့ပါတယ်။

Photo : NCT 127 IG

ဇူလိုင်လ ၇ ရက်နေ့မှာတော့ ရုတ်တရက်ဆိုသလို မီးလောင်တဲ့အချက်ပေးသံတွေ NCT 127 အဖွဲ့တည်းနေတဲ့ ဟိုတယ်တစ်ခုလည်း စီစီညံခဲ့တဲ့အတွက် ဟိုတယ်မှာတည်းနေတဲ့ အဲဒီအိုင်ဒေါအဖွဲ့အပါဝင် တခြားဧည့်သည်တွေရောပါမကျန် ဟိုတယ်အပြင်ဖက်ကို ပြေးထွက်ကာ ဝရုန်းသုဉ်းကားဖြစ်ပွားခဲ့ပါတယ်။ ကံဆိုးတာကတော့ ဟိုတယ်မှာ အဲဒီအချိန် မင်္ဂလာပွဲကျင်းပနေချိန်ဖြစ်ပြီး မီးမလောင်ဘဲအချက်ပေးစနစ်တုကြောင့် မင်္ဂလာပွဲလည်း ပျက်သွားခဲ့ရပါတော့တယ်။ ကိုယ်တွေ့ကြုံခဲ့ရသူများကတော့ ကလေးတွေလည်း ပါနေတဲ့အတွက် မီလောင်မှုအချက်ပေးသံဟာ ကျယ်လောင်လွန်းတာကြောင့် ကလေးတွေလန့်ကာငိုယိုခဲ့ကြပြီး အခုလိုလုပ်တာဟာ တော်တော့်ကို ရွံစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Straits Times မှာ ဖော်ပြထားခဲ့ပါတယ်။ NCT 127 အဖွဲ့ဟာ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ စင်္ကာပူရဲ့ Indoor Stadium မှာ ပွဲဆိုဖို့အတွက် ပွဲသီဆိုဖို့ စီစဉ်ထားပါသေးတယ်။

Source : Koreaboo

Photo : NCT 127 IG

Unicode Font :




Source : Koreaboo

Photo : NCT 127 IG

 

Comment here