Celebrity
အနီးကပ်မြင်တွေ့ရမှ ကိုရီးယားမလေးနဲ့ တူပြီး ချစ်ဖို့ကောင်းနေတဲ့ ဟန်နာယူရီ
Zawgyi Font:
Image may contain: 1 person, closeup
Photo : Hannayuri
Image may contain: 1 person
Photo : Hannayuri
Image may contain: 1 person, standing and closeup
Photo : Hannayuri
Image may contain: 1 person, closeup
Photo : Hannayuri
Image may contain: 1 person
Photo : Hannayuri
Image may contain: 1 person, smiling, standing
Photo : Hannayuri
Source :  Hannayuri FB
Unicode Font:
မိတ်ကပ် artist မလေး ဟန်နာယူရီဟာ မိတ်ကပ်ခြယ်သမှုနဲ့ ဆံပင်စတိုင်လေးများကို ပေါ့ပေါ့ပါးပါးလေး ပြင်ဆင်တတ်ပြီး ချစ်စဖွယ်ကောင်းတဲ့ ဖက်ရှင်လေးများကို ဝတ်ဆင်တတ်တာကြောင့် သူမရဲ့အလှတရားကို အေးအေးချမ်းချမ်းလေးနဲ့ မြင်တွေ့ရပါတယ်။ ကြေငြာတစ်ခုအတွက် ရိုက်ကူးပေးခဲ့တဲ့ ပုံရိပ်လေးများမှာ သူမရဲ့မျက်နှာအသွင်အပြင်ကို အနီးကပ်မြင်တွေ့ရတာကြောင့် ကိုရီးယားမလေးတွေရဲ့ မျက်နှာအကျနဲ့တူတယ်လို့ ပရိသတ်များက ထောက်ခံအားပေးခဲ့ကြပါတယ်။
ဟန်နာယူရီဟာ အလုပ်ကိစ္စအတွက်ရော အားလပ်ရက်အတွက်ပါ ပြည်တွင်းပြည်ပခရီးစဉ်လေးများကို သွားရောက်ဖြစ်ခဲ့ပေမယ့် သူမ ဘယ်သွားသွား ရောက်ရှိခဲ့သမျှလေးကို Up to date ဖြစ်အောင် ပုံလေးများကို တင်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိသတ်များရဲ့ ရင်းနှီးချစ်ခင်မှုကို များစွာပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။
ကိုရီးယားသူလေးလို့ ပရိတ်သတ်များက ချစ်စနိူးခေါ်ခဲ့တဲ့ ဟန်နာယူရီကတော့ အောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်လေးဖြစ်ပါတယ်။ အခုနောက်ပိုင်းတွင် သီချင်း MTV လေးများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပွဲအခမ်းအနားများကို တက်ရောက်ဖြစ်နေပါတယ်။ အနုပညာလုပ်ငန်းများကို တက်ကြွစွာ ကြိုးစားလွန်းတဲ့ ဟန်နာယူရီဟာ အလှအပရေးရာသင်တန်းလေးကို ဖွင့်ထားတဲ့ မိတ်ကပ်ဆရာမလေးပါ။ လှပလွန်းတဲ့ မျက်နှာလေးနဲ့လိုက်ဖက်လှတဲ့ အပြုံးချိုလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပုရိသကောင်လေးများအပြင် မိန်းကလေးထုကြီးကလည်း သဘောကျအားပေးခဲ့ပါတယ်။
Photo : Hannayuri
Source :  Hannayuri FB
Comment here