Knowledge

ဟာသလုပ်ပြီးဗီဒီယိုရိုက်ခဲ့ရာကနေ ထောင်အနှစ်(၂၀)ကျမယ့်အရေးနဲ့ရင်ဆိုင်နေရသူအကြောင်း…..

Zawgyi Font :

အခုတလော Facebook နဲ့ Twitter မှာ တော်တော်လေးပျံ့နှံ့နေခဲ့တဲ့ ဗီဒီယိုတစ်ခုရှိပါတယ်။ အဲဒါကတော့ စူပါမားကတ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်ဟာ ရေခဲသေတ္တာထဲက ရေခဲမုန့်ဗူးတစ်ဗူးကို ယူ၊ ဖွင့်ကာ ရေခဲမုန့်မျက်နှာပြင်ကို လျှာနဲ့ကောက်လျက်လိုက်ခဲ့တာပါ။ ဒါတင်မဟုတ်သေးဘဲ အဲဒီလျှာနဲ့လျက်ပြီးသား ရေခဲမုန့်ဗူးကြီးကို အဖုံးပြန်ပိတ်ကာ မူရင်းယူခဲ့တဲ့နေရာမှာ ပြန်ထားခဲ့တာပါပဲ။ အကယ်၍အမျိုးသမီးကသာ ဒီရေခဲမုန့်ကို ပြန်မထားဘဲ ဝယ်ယူခဲ့မယ်ဆိုရင်တော့ ပြဿနာဖြစ်စရာအကြောင်းမရှိဘဲ အများပြည်သူဈေးဝယ်နေကြတဲ့နေရာမှာ ပုံမပျက်ပြန်ထားခဲ့တာကြောင့်သာ ဒီကိစ္စဟာ ပြစ်မှုတစ်ခုလို ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

Photo : BlindDensetsu twitter

အကယ်၍သူမလျှာနဲ့လျက်ထားတဲ့ ရေခဲမုန့်ဗူးကို တစ်ယောက်ယောက်က မသိဘဲ ဝယ်သွားခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ မူရင်းဗီဒီယိုဟာ Twitter မှာတင် ကြည့်ရှုသူပေါင်း ၁၁ သန်းကျော်တောင် ရှိနေပါပြီ။ စူပါမားကတ်နေရာတိတိကျကျကတော့ Texas အရှေ့ပိုင်းဒေသ Lufkin က Walmart မှာပါဆိုပြီး NBC News မှာ ဖော်ပြထားခဲ့ပါတယ်။ Walmart ဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိနေတဲ့ စူပါမားကတ်အဖွဲ့ကြီးတစ်ခုပါ။

Photo : BlindDensetsu twitter

ဗီဒီယိုတက်တက်ပြီးချင်းမှာတင် သက်ဆိုင်ရာရဲတပ်ဖွဲ့တွေက စားသောက်ကုန်ဥပဒေနဲ့ တရားခံအမျိုးသမီးကို လိုက်လံရှာဖွေနေခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်လောက်မှာတော့ Lufkin မြို့ရဲ့ စတိုးဆိုင်တစ်ဆိုင်ကနေ တရားခံနဲ့တူတဲ့ အမျိုးသမီးကို သူတို့ဆီမှာ တွေ့နေရတယ်လို့ သတင်းပေးလာခဲ့တာကြောင့် သွားရောက်စစ်ဆေးရာ ဟုတ်နေတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းပစ်ခဲ့ပါတယ်။

အမျိုးသမီးကတော့ စားသောက်ကုန်ဆိုင်ရာဥပဒေ အဆင့် ၂ နဲ့ တရားစွဲခြင်းခံခဲ့ရပြီး ထောင်ဒဏ်အနှစ် ၂၀ သို့မဟုတ် ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၁ သောင်း၊ နှစ်ခုထဲက တစ်ခုကို ရွေးချယ်စေခဲ့ပါတယ်။ ဒီအပြင် ဗီဒီယိုထဲမှာ တရားခံအမျိုးသမီးနဲ့ အတူတူရှိနေခဲ့ပြီး လျှာနဲ့လျက်ဖို့ အော်ကြီးဟစ်ကျယ်နဲ့ အားပေးနေခဲ့တဲ့ အမျိုးသားကိုလည်း ဆက်လက်ရှာဖွေနေဆဲပါပဲတဲ့။

Source : Lifehack

Photo : BlindDensetsu twitter

Unicode Font :





Source : Lifehack

Photo : BlindDensetsu twitter

 

Comment here