Celebrity

ဒီကနေ့မနက်အစောပိုင်းမှာ လက်ထိပ်ခတ်ခံရပြီး တရားရုံးကနေထွက်လာတဲ့ Seungriအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

ဒီကနေ့မနက်အစောပိုင်းမှာတော့ စစ်ဆေးမေးမြန်းမှုတွေ ခံဖို့အတွက် Seungri ဟာ Seocho မှာရှိတဲ့ ဆိုလ်းမြို့ တရားရုံးကို ရောက်လာခဲ့ပါတယ်။ ၃နာရီကြာ စစ်ဆေးမှုပြီးဆုံးသွားတဲ့နောက်မှာတော့ Seungri ဟာ လက်မောင်းကို ကြိုးနဲ့ ချည်ခံထားရတဲ့အပြင် လက်ထိပ်ခတ်လည်း ခံထားရပါတယ်။ ဒါ့အပြင်  တာဝန်ရှိသူနှစ်ဦးကလည်း သူ့ရဲ့ ဘေးကနေ တွဲပြီး ကားရှိတဲ့ နေရာကို လိုက်ပို့ပေးခဲ့ပါတယ်။

Photo : Dispatch
Photo : Dispatch

သတင်းတောက်တွေကတော့ သူရဲ့ ဘေးနားကို ချက်ခြင်းရောက်သွားခဲ့ပြီး တစ်ခုခုပြောဖို့အတွက် မိုက်တွေထိုးပေးကြပေမဲ့လည်း Seungri  ကတော့ ဘာတစ်ခုမှမပြောပဲ တိတ်နေခဲ့ပါတယ်။ လက်ထိပ်ခတ်ခံထားရတဲ့ လက်ကို လူတွေမမြင်အောင် အဝတ်နဲ့ ပတ်ထားလေ့ရှိတဲ့ အလေ့ကြောင့် Seungri ရဲ့ လက်တွေကိုတော့ အဝတ်နဲ့ကာထားတာဖြစ်ပါတယ်။ ဒါကြောင့် သူရဲ့ လက်မောင်းမှာ ကြိုးချည်ထားတာတွေကိုလည်း သတင်းဓါတ်ပုံတွေမှာ ဝါးထားတာဖြစ်ပါတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ Seungri ကလည်း စစ်ဆေးမှုအပြီးမှာ လက်ထိပ်ခတ်ခံလိုက်ရတဲ့ Choi Jonghoon နဲ့ Jung Joon Youngတို့လို အခြေအနေမျိုးပဲဖြစ်တော့မယ်လို့ ထင်ရပါတယ်။

Source : Koreaboo

Photo : Dispatch

Unicode Font :



Source : Koreaboo

Photo : Dispatch

 

Comment here