Celebrity

က်ဳိက္ထိုျမဳိ႕နယ္၊ ကင္ပြန္းစခန္းရွိ ေဆာက္လုပ္ေရးသို႔ ေရာက္ရွိကာ ၾကည့္ရႈေလ့လာေနတဲ့ နႏၵာလႈိင္

Zawgyi Font:

ခင္ပြန္း ေဇသီဟနဲ႕ နႏၵာလႈိင္တို႕က ေဇကမာၻကုမၸဏီမွ ေဖာ္ေဆာင္လ်က္ရွိေသာ က်ဳိက္ထိုျမဳိ႕နယ္၊ ကင္ပြန္းစခန္းရွိ Golden Rock Valley Shopping Complex စီမံကိန္းအတြက္ ေဆာင္ရြက္ေနၾကတာ ျဖစ္ပါတယ္။ ဇူလိုင္ (၇) ရက္ေန႕က နႏၵာလႈိင္က ခင္ပြန္းသည္နဲ႕အတူ ေဆာက္လုပ္ေရးသို႔ ေရာက္ရွိခဲ့ၿပီး ေသခ်ာေလး ၾကည့္ရႈခဲ့တာ ျဖစ္ပါတယ္။

Image may contain: 5 people, people standing, cloud, sky, mountain, outdoor and nature

Photo :   Zaykabar Company Limited

နႏၵာလႈိင္က ထုိေနရာကို သြားၾကည့္ခဲ့ၿပီး ေအးခ်မ္းလိုက္တာလို႕ ဆိုပါတယ္။ ေဆာက္ေနဆဲ ဆိုင္ခန္းမ်ားမွာလည္း ဘာသြားေရာင္းရင္ေကာင္းမလဲဆိုၿပီး စဥ္းစားေနခဲ့ပါတယ္။ လက္ရွိမွာေတာ့ နႏၵာလႈိင္က ခင္ပြန္းသည္နဲ႕အတူ စီးပြားေရးလုပ္ငန္းကိစၥမ်ားကို ေဆာင္ရြက္ေနၿပီး သမီးေလးမ်ားကိုလည္း ထိန္းသိမ္းေစာင့္ေရွာက္ေနတာ ျဖစ္ပါတယ္။

Image may contain: 2 people, people standing, sky, cloud, outdoor and nature

Photo :   Zaykabar Company Limited

ခ်စ္စရာေကာင္းတဲ့ သမီးေလး (၃)ဦးနဲ႕ ဂရုတစိုက္ခ်စ္တတ္တဲ့ ခင္ပြန္းကိုပိုင္ဆိုင္ထားတဲ့ နႏၵာလႈိင္က အႏုပညာအလုပ္မ်ားကို ရပ္နားလိုက္ၿပီျဖစ္ေပမယ့္ ပရိသတ္မ်ားနဲ႕ရင္းႏွီးမႈျပတ္မသြားေအာင္ လူမႈကြန္ယက္စာမ်က္ႏွာမွာ သူမတို႕မိသားစုရဲ႕ေန႕စဥ္လႈပ္ရွားမႈေလးေတြကို တင္ေပးေလ့ရွိပါတယ္။

Image may contain: 3 people, people standing and outdoor

Photo :   Zaykabar Company Limited

နႏၵာလႈိင္က ဘုရားတည္၊ေက်ာင္းေဆာက္ စတဲ့အလွဴအတန္းမ်ားကို ခင္ပြန္းျဖစ္သူနဲ႕အတူ လုိက္ပါေဆာင္ရြက္ေနတာျဖစ္ၿပီး အျခားေသာ ပရဟိတလုပ္ငန္းမ်ားကိုပါ ျပဳလုပ္ေနတာျဖစ္ပါတယ္။ နႏၵာလႈိင္က ျမန္မာ့အႏုပညာေလာကရဲ႕ထိပ္တန္းမင္းသမီးတစ္ဦးျဖစ္ခဲ့ၿပီး ယေန႕တိုင္ နာမည္ေက်ာ္ၾကားလူၾကိဳက္မ်ားသူ ျဖစ္ပါတယ္။ လွပၿပီး ခႏၶာကိုယ္အလွဆံုးမင္းသမီးျဖစ္သလို ခင္သန္းႏုၿပီးရင္ နႏၵာလႈိင္က အလွဆံုးလို႕ ဆိုၾကပါတယ္။

Image may contain: 6 people, people smiling, people standing

Photo :  Nandar Hlaing

Source :  Nandar Hlaing FB

 

Unicode Font:

ခင်ပွန်း ဇေသီဟနဲ့ နန္ဒာလှိုင်တို့က ဇေကမ္ဘာကုမ္ပဏီမှ ဖော်ဆောင်လျက်ရှိသော ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းရှိ Golden Rock Valley Shopping Complex စီမံကိန်းအတွက် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဇူလိုင် (၇) ရက်နေ့က နန္ဒာလှိုင်က ခင်ပွန်းသည်နဲ့အတူ ဆောက်လုပ်ရေးသို့ ရောက်ရှိခဲ့ပြီး သေချာလေး ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

နန္ဒာလှိုင်က ထိုနေရာကို သွားကြည့်ခဲ့ပြီး အေးချမ်းလိုက်တာလို့ ဆိုပါတယ်။ ဆောက်နေဆဲ ဆိုင်ခန်းများမှာလည်း ဘာသွားရောင်းရင်ကောင်းမလဲဆိုပြီး စဉ်းစားနေခဲ့ပါတယ်။ လက်ရှိမှာတော့ နန္ဒာလှိုင်က ခင်ပွန်းသည်နဲ့အတူ စီးပွားရေးလုပ်ငန်းကိစ္စများကို ဆောင်ရွက်နေပြီး သမီးလေးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး (၃)ဦးနဲ့ ဂရုတစိုက်ချစ်တတ်တဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်က အနုပညာအလုပ်များကို ရပ်နားလိုက်ပြီဖြစ်ပေမယ့် ပရိသတ်များနဲ့ရင်းနှီးမှုပြတ်မသွားအောင် လူမှုကွန်ယက်စာမျက်နှာမှာ သူမတို့မိသားစုရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကို တင်ပေးလေ့ရှိပါတယ်။

နန္ဒာလှိုင်က ဘုရားတည်၊ကျောင်းဆောက် စတဲ့အလှူအတန်းများကို ခင်ပွန်းဖြစ်သူနဲ့အတူ လိုက်ပါဆောင်ရွက်နေတာဖြစ်ပြီး အခြားသော ပရဟိတလုပ်ငန်းများကိုပါ ပြုလုပ်နေတာဖြစ်ပါတယ်။ နန္ဒာလှိုင်က မြန်မာ့အနုပညာလောကရဲ့ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး ယနေ့တိုင် နာမည်ကျော်ကြားလူကြိုက်များသူ ဖြစ်ပါတယ်။ လှပပြီး ခန္ဓာကိုယ်အလှဆုံးမင်းသမီးဖြစ်သလို ခင်သန်းနုပြီးရင် နန္ဒာလှိုင်က အလှဆုံးလို့ ဆိုကြပါတယ်။

Photo :   Zaykabar Company Limited

Source :  Nandar Hlaing FB

Comment here