Celebrity

က်ိဳက္ထီးရိုး ကင္ပြန္းစခန္းရွိ ေဆာက္လုပ္ေနဆဲ ဆုိင္ခန္းမ်ားမွာ ေစ်းေရာင္းဖုိ႕ စဥ္းစားေနတဲ့ နႏၵာလႈိင္

Zawgyi Font:

ခင္ပြန္း ေဇသီဟနဲ႕ နႏၵာလႈိင္တို႕က ေဇကမာၻကုမၸဏီမွ ေဖာ္ေဆာင္လ်က္ရွိေသာ က်ဳိက္ထိုျမဳိ႕နယ္၊ ကင္ပြန္းစခန္းရွိ Golden Rock Valley Shopping Complex စီမံကိန္းက ေဆာက္လုပ္ေနေသာ ဆိုင္ခန္းမ်ားကိုၾကည့္ရႈခဲ့ၿပီး ဘာသြားေရာင္းရင္ေကာင္းမလဲဆိုၿပီး နႏၵာလႈိင္က စဥ္းစားေနတာ ျဖစ္ပါတယ္။

Image may contain: text

Photo : Zaykabar Company Limited

နႏၵာလႈိင္က “မေန႔ကသြားၾကည့္တယ္ ေအးခ်မ္းလိုက္တာ ဘာသြားေရာင္းရင္ေကာင္းမလဲ စိုက္ခင္းထဲကအသီးေတြခူးရင္းနဲ႔ၾကိဳက္သေလာက္စား ခူးလာတဲ့အသီးေတြကို kg နဲ႔ခ်ိန္ေရာင္းမယ္” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ လက္ရွိမွာေတာ့ နႏၵာလႈိင္က ခင္ပြန္းသည္နဲ႕အတူ စီးပြားေရးလုပ္ငန္းကိစၥမ်ားကို ေဆာင္ရြက္ေနၿပီး သမီးေလးမ်ားကိုလည္း ထိန္းသိမ္းေစာင့္ေရွာက္ေနတာ ျဖစ္ပါတယ္။

Image may contain: 6 people, people standing, sky and outdoor

Photo :  Nandar Hlaing

ခ်စ္စရာေကာင္းတဲ့ သမီးေလး (၃)ဦးနဲ႕ ဂရုတစိုက္ခ်စ္တတ္တဲ့ ခင္ပြန္းကိုပိုင္ဆိုင္ထားတဲ့ နႏၵာလႈိင္က အႏုပညာအလုပ္မ်ားကို ရပ္နားလိုက္ၿပီျဖစ္ေပမယ့္ ပရိသတ္မ်ားနဲ႕ရင္းႏွီးမႈျပတ္မသြားေအာင္ လူမႈကြန္ယက္စာမ်က္ႏွာမွာ သူမတို႕မိသားစုရဲ႕ေန႕စဥ္လႈပ္ရွားမႈေလးေတြကို တင္ေပးေလ့ရွိပါတယ္။

Image may contain: plant, sky, tree, outdoor and nature

Photo : Zaykabar Company Limited

Image may contain: sky, cloud and outdoor

Photo : Zaykabar Company Limited

Image may contain: tree, sky and outdoor

Photo : Zaykabar Company Limited

နႏၵာလႈိင္က ဘုရားတည္၊ေက်ာင္းေဆာက္ စတဲ့အလွဴအတန္းမ်ားကို ခင္ပြန္းျဖစ္သူနဲ႕အတူ လုိက္ပါေဆာင္ရြက္ေနတာျဖစ္ၿပီး အျခားေသာ ပရဟိတလုပ္ငန္းမ်ားကိုပါ ျပဳလုပ္ေနတာျဖစ္ပါတယ္။ နႏၵာလႈိင္က ျမန္မာ့အႏုပညာေလာကရဲ႕ထိပ္တန္းမင္းသမီးတစ္ဦးျဖစ္ခဲ့ၿပီး ယေန႕တိုင္ နာမည္ေက်ာ္ၾကားလူၾကိဳက္မ်ားသူ ျဖစ္ပါတယ္။ လွပၿပီး ခႏၶာကိုယ္အလွဆံုးမင္းသမီးျဖစ္သလို ခင္သန္းႏုၿပီးရင္ နႏၵာလႈိင္က အလွဆံုးလို႕ ဆိုၾကပါတယ္။

Image may contain: 4 people, people smiling, people standing and outdoor

Photo :  Nandar Hlaing

Image may contain: 2 people, people smiling, people sitting, child and outdoor

Photo :  Nandar Hlaing , Zaykabar Company Limited

Source :  Nandar Hlaing FB

 

Unicode Font:

ခင်ပွန်း ဇေသီဟနဲ့ နန္ဒာလှိုင်တို့က ဇေကမ္ဘာကုမ္ပဏီမှ ဖော်ဆောင်လျက်ရှိသော ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းရှိ Golden Rock Valley Shopping Complex စီမံကိန်းက ဆောက်လုပ်နေသော ဆိုင်ခန်းများကိုကြည့်ရှုခဲ့ပြီး ဘာသွားရောင်းရင်ကောင်းမလဲဆိုပြီး နန္ဒာလှိုင်က စဉ်းစားနေတာ ဖြစ်ပါတယ်။

နန္ဒာလှိုင်က “မနေ့ကသွားကြည့်တယ် အေးချမ်းလိုက်တာ ဘာသွားရောင်းရင်ကောင်းမလဲ စိုက်ခင်းထဲကအသီးတွေခူးရင်းနဲ့ကြိုက်သလောက်စား ခူးလာတဲ့အသီးတွေကို kg နဲ့ချိန်ရောင်းမယ်” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ လက်ရှိမှာတော့ နန္ဒာလှိုင်က ခင်ပွန်းသည်နဲ့အတူ စီးပွားရေးလုပ်ငန်းကိစ္စများကို ဆောင်ရွက်နေပြီး သမီးလေးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး (၃)ဦးနဲ့ ဂရုတစိုက်ချစ်တတ်တဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်က အနုပညာအလုပ်များကို ရပ်နားလိုက်ပြီဖြစ်ပေမယ့် ပရိသတ်များနဲ့ရင်းနှီးမှုပြတ်မသွားအောင် လူမှုကွန်ယက်စာမျက်နှာမှာ သူမတို့မိသားစုရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကို တင်ပေးလေ့ရှိပါတယ်။

နန္ဒာလှိုင်က ဘုရားတည်၊ကျောင်းဆောက် စတဲ့အလှူအတန်းများကို ခင်ပွန်းဖြစ်သူနဲ့အတူ လိုက်ပါဆောင်ရွက်နေတာဖြစ်ပြီး အခြားသော ပရဟိတလုပ်ငန်းများကိုပါ ပြုလုပ်နေတာဖြစ်ပါတယ်။ နန္ဒာလှိုင်က မြန်မာ့အနုပညာလောကရဲ့ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး ယနေ့တိုင် နာမည်ကျော်ကြားလူကြိုက်များသူ ဖြစ်ပါတယ်။ လှပပြီး ခန္ဓာကိုယ်အလှဆုံးမင်းသမီးဖြစ်သလို ခင်သန်းနုပြီးရင် နန္ဒာလှိုင်က အလှဆုံးလို့ ဆိုကြပါတယ်။

Photo :  Nandar Hlaing , Zaykabar Company Limited

Source :  Nandar Hlaing FB

Comment here