Health

မိုးတွင်း၌စိုးရိမ်ရသည့်ကူးစက်ရောဂါ ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

မိုးရွာသီဟာအေးမြစေတယ်ဆိုပေမယ့်လည်း စိုထိုင်းတဲ့မိုးရေတွေထဲမှာ များစွာသော ပိုးမွှားတွေပုန်းဝှက်နေတတ်ကြပါတယ်။

၁. အသက်ရှူလမ်းကြောင်းမှကူးစက်ရောဂါ

လက္ခဏာတွေကတော့ ရိုးရိုးဖျားနာခြင်းမှ အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်း ချွဲသလိပ်ကပ်ခြင်းတို့များဖြစ်တက်ပါတယ် နာမကျန်း ဖြစ်နေသည့်သူချောင်းဆိုးခြင်းမှ လေထုထဲပြန့်နှံ့နေတဲ့ရောဂါပိုးတွေကို ရှူရှိုက်မိတာကြောင့် အသက်ရှုမ၀ခြင်း၊ လည်ချောင်းနာခြင်းနှင့်အဖျားကြီးခြင်းတို့ဖြစ်တက်ပါတယ် ။

ကာကွယ်နည်း လူထူထပ်သည့်နေရာများသွားလျင် နှာခေါင်းပိတ်တပ်ဆင်ပြီး နာမကျန်း ဖြစ်နေသည့်လူနာအနားကပ်နေခြင်းများရှောင်ကျဉ်ပါ လက်အမြဲဆေးပါ။

၂. အစာအိမ်လမ်းကြောင်းမှကူးစက်ရောဂါ

လက္ခဏာများကတော့ ၀မ်းလျှောဝမ်းပျက် ဖြစ်ပြီး မသန့်ရှင်းတဲ့အစားအစာတွေစားမိခြင်းကြောင့် ဗိုက်ပျက်ပြီး ၀မ်းသွားတဲ့အခါ ၀မ်းပျော့များသွားပြီး အဖျားတက်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ၀မ်းသွားသည့်အခါသွေးပါခြင်း တို့ဖြစ်တက်ပါတယ်။

ကာကွယ်နည်း အများနှင့်ထမင်းစားသည့်အခါအလည်ဇွန်းထားပြီး ကျတ်သောအစား အစာများစားပါ

၃. မျက်စိနာရောဂါ

မျက်စိနာရောဂါ ဟာညစ်ညမ်းတဲ့ရေများမျက်စိထဲဝင်ခြင်းနဲ့ ပိုးမွှားတွေပျံ့နှံ့နေတဲ့ မသန့်ရှင်းသောလေထုနှင့်ထိတွေ့မှုကြောင့် မျက်စိနာပြီး မျက်ရည်ကျခြင်း မျက်ရစ် ရောင်ခြင်းနဲ့ မျက်စိယား ယံခြင်းတို့မှ မျက်စိနာရောဂါဖြစ်တတ်ပါတယ် မျက်စိနာရောဂါ ဟာမျက်စိနာရောဂါဖြစ်နေသူမှမျက်စိကိုပွတ်ပြီး သင့်ရဲ့ခန္ဓာကိုယ်အားထိတွေ့လိုက်ရုံ နဲ့ကူးစက်ရလွယ်တဲ့ ကူးစက်ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

ကာကွယ်နည်း ပေရေနေသောလက်ဖြင့်မျက်စိကိုမပွတ်ပါနဲ့ မျက်စိကိုလက်ဖြင့်ကိုင် တွယ်မည်ဆိုပါကလက်ကိုစင်အောင်အရင်ဆေးပါ။

၎. လယ်ကွင်းဖျားရောဂါ

လက်ပ်တိုစပီရိုးစစ်လို့ခေါ်တဲ့လယ်ကွင်းဖျားရောဂါကတော့ ကြွက်တွေကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုဖြစ် ပြီး ရေအိုင် ရွှံ့စသည်တို့ကနေ ကြွက်များရဲ့အညစ်အကြေးများပါပြီး လူသားကိုကူးစက်တဲ့ရောဂါဖြစ် ပါတယ် လူ့ခန္ဓာကိုယ်ထဲကိုအနာနဲ့ပွန်းရာ တွေကနေ၀င်ရောက်တက်ပြီး ဖျားနာခြင်း၊ ပြင်းးထန်စွာ ခေါင်းကိုက်ခြင်း နဲ့မျက်စိနာခြင်းတွေဖြစ်တတ်ပါတယ်

ကာကွယ်ရန် အနာများရှိသည့်အချိန်တွင် အကာကွယ်မရှိဘဲရွှံ့နွှံများအတွင်းသို့ဆင်း ခြင်းရှောင်ကြဉ်ပါ။

Source : Cigna

Photo: Google

Unicode Font :














Source : Cigna

Photo: Google

Comment here