Celebrity

ေဆးရံုက ဆင္းၿပီးခ်င္း ပထမဆံုး ပြဲတက္ခဲ့တဲ့ ထက္ထက္မုိးဦး

Zawgyi Font:

မၾကာေသးမီက ေနမေကာင္းျဖစ္ခဲ့တဲ့ ထက္ထက္မုိးဦးဟာ မႏၱ​ေလးၿမိဳ႕ မႏၱလာေဆး႐ုံမွာ (၁၃) ရက္ေန႕ မနက္ (၆) နာရီမွာ ခြဲစိတ္ခန္းဝင္ခဲ့ရၿပီး ဇြန္လ (၁၄) ရက္ေန႕က ခ်စ္ထက္ရဲ႕ က်န္းမာေရးက ျပန္လည္သက္သာလာခဲ့ပါတယ္။ ဇြန္လ (၁၉) ရက္ေန႕မွာေတာ့ ေဆးရံုက ဆင္းၿပီျဖစ္တယ္လို႕ သိရတာေၾကာင့္ ခ်စ္ထက္ရဲ႕က်န္းမာေရးကို စိတ္ပူေပးေနၾကတဲ့ ပရိသတ္မ်ားကလည္း လြန္စြာ ၀မ္းသာၾကည္ႏူးခဲ့ရပါတယ္။

Image may contain: 1 person, standingImage may contain: 1 person, smiling, standing

ထက္ထက္က က်န္းမာေရးကလည္း ျပန္လည္ေကာင္းမြန္လာၿပီျဖစ္လုိ႕ ပြဲမ်ားကိုလည္း တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ႏိုင္ငံေက်ာ္ ဒီဇိုင္နာ ကိုမ်ိဳးမင္းစိုး ဖန္တီးေပးထားတဲ့ အနီရဲရဲ ၀တ္စံုေလးနဲ႕ ထက္ထက္ကို ႏုပ်ိဳလွပစြာ ေတြ႕ျမင္ရပါတယ္။ ဒီပြဲေလးက ေဆးရံုက ဆင္းၿပီခ်င္း ပထမဆံုး တက္ေရာက္တဲ့ ထက္ထက္ရဲ႕ပထမဆံုးပြဲေလး ျဖစ္ပါတယ္။ ကိုမ်ိဳးမင္းစိုးက ထက္ထက္နဲ႕အတူ ပြဲတက္ေရာက္ခဲ့တဲ့ ပံုေလးမ်ားကို သူ႕ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ မွ်ေ၀ထားခဲ့ပါတယ္။

Image may contain: 2 people, people smiling, people standing and people sittingImage may contain: 3 people, people smiling, people sitting

အကယ္ဒမီ ထက္ထက္မိုးဦးက မၾကာေသးမီမွာ က်ေရာက္ခဲ့တဲ့ သူမရဲ႕ေမြးေန႔ပြဲကို Fan မ်ားနဲ႕အတူ ေပ်ာ္ရႊင္စြာ ျဖတ္သန္းခဲ့ပါတယ္။ အႏုပညာေလာကမွာ ႏွစ္အတန္ၾကာ ဆိတ္သုဥ္းခဲ့ၿပီးေနာက္ အခုဆိုရင္ အႏုပညာေလာကကို ျပန္လည္ေျခခ်လာခဲ့ၿပီျဖစ္ပါတယ္။ ရုပ္ရွင္ဇာတ္ကားၾကီးမ်ား၊ ေၾကျငာမ်ား၊ ဇာတ္လမ္းတြဲမ်ား စတဲ့ အႏုပညာမ်ားကို အမ်ားၾကီး ဆက္တိုက္ရိုက္ဖို႕ ရွိတယ္လုိ႕သိရပါတယ္။

Image may contain: 2 people, people smiling, closeup

Image may contain: 1 person, smiling, standing and child

Photo : Myo Minn Soe

Source : Myo Minn Soe FB

 

Unicode Font:

မကြာသေးမီက နေမကောင်းဖြစ်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ မန္တ​လေးမြို့ မန္တလာဆေးရုံမှာ (၁၃) ရက်နေ့ မနက် (၆) နာရီမှာ ခွဲစိတ်ခန်းဝင်ခဲ့ရပြီး ဇွန်လ (၁၄) ရက်နေ့က ချစ်ထက်ရဲ့ ကျန်းမာရေးက ပြန်လည်သက်သာလာခဲ့ပါတယ်။ ဇွန်လ (၁၉) ရက်နေ့မှာတော့ ဆေးရုံက ဆင်းပြီဖြစ်တယ်လို့ သိရတာကြောင့် ချစ်ထက်ရဲ့ကျန်းမာရေးကို စိတ်ပူပေးနေကြတဲ့ ပရိသတ်များကလည်း လွန်စွာ ဝမ်းသာကြည်နူးခဲ့ရပါတယ်။

ထက်ထက်က ကျန်းမာရေးကလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ပွဲများကိုလည်း တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံကျော် ဒီဇိုင်နာ ကိုမျိုးမင်းစိုး ဖန်တီးပေးထားတဲ့ အနီရဲရဲ ဝတ်စုံလေးနဲ့ ထက်ထက်ကို နုပျိုလှပစွာ တွေ့မြင်ရပါတယ်။ ဒီပွဲလေးက ဆေးရုံက ဆင်းပြီချင်း ပထမဆုံး တက်ရောက်တဲ့ ထက်ထက်ရဲ့ပထမဆုံးပွဲလေး ဖြစ်ပါတယ်။ ကိုမျိုးမင်းစိုးက ထက်ထက်နဲ့အတူ ပွဲတက်ရောက်ခဲ့တဲ့ ပုံလေးများကို သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေထားခဲ့ပါတယ်။

အကယ်ဒမီ ထက်ထက်မိုးဦးက မကြာသေးမီမှာ ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့ပွဲကို Fan များနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ အနုပညာလောကမှာ နှစ်အတန်ကြာ ဆိတ်သုဉ်းခဲ့ပြီးနောက် အခုဆိုရင် အနုပညာလောကကို ပြန်လည်ခြေချလာခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ကြေငြာများ၊ ဇာတ်လမ်းတွဲများ စတဲ့ အနုပညာများကို အများကြီး ဆက်တိုက်ရိုက်ဖို့ ရှိတယ်လို့သိရပါတယ်။

Photo : Myo Minn Soe

Source : Myo Minn Soe FB

Comment here